Published
Friday, March 31, 2023
တမူးမြို့နယ် ကွန်းတောင်းရွာသစ်ကို စစ်ကောင်စီတပ်ဖွဲ့ကမီးရှို့၊ တစ်ရွာလုံးနီးပါး မီးလောင်ပြာကျ
- စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ပြန်လည်မလျှောက်ထားတဲ့ ချင်းအမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ်(CNLD)က ပါတီဖျက်သိမ်းခံလိုက်ရပါတယ်။
- ကလေးမြို့အကျဉ်းထောင်မှာ ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရတဲ့ ချင်းလူငယ်တစ်ဦး ထောင်ထဲမှာ ရုတ်တရက် နာမကျန်းဖြစ်ပြီး သေဆုံးခဲ့ပါတယ်။
- စစ်ကိုင်းတိုင်း တမူးမြို့နယ် ကွန်းတောင်းရွာသစ်ကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ခဲ့ရာမှာ တစ်ရွာလုံးနီးပါး မီးလောင်ပြာကျသွားပြီး ဒေသခံပြည်သူအားလုံးလည်း အိန္ဒိယနယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။