အရပ်သားအိမ်များကို မီးရှို့ ဖျက်ဆီး

အရပ်သားအိမ်များကို မီးရှို့ ဖျက်ဆီး

ရွှေဘိုမြို့နယ်အတွင်းက ထူကြီးကျေးရွာနှင့် တည်ပင်ကျေးရွာအတွင်းက ပြည်သူပိုင်အိုးအိမ်များကို စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ရွှေဘိုမြို့နယ် အနောက်ခြမ်း ဝါးရုံကန်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေဘိုဘက်မှ လာသည့် စစ်သားများနှင့် ပေါင်း၍ အင်အား ၆၀ ခန့်ရှိသည့် စစ်ကြောင်းက ထူးကြီးကျေးရွာနှင့် တည်ပင်ကျေးရွာများရှိ ပြည်သူပိုင်အိုးအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်သည်။

“ထူးကြီး၊ တည်ပင်ကို ရှို့တာဟုတ်တယ်။ ၃ နာရီခွဲလောက်ကပေါ့ သူတို့စပြီးတော့ ရှို့တာလေ။ ဒီစစ်ကြောင်းက ကြာပြီဗျ။ ဒီစစ်ကြောင်းက ရှေ့ရက်ကတော်တော်ကျထားတာ။ ဗျူဟာမှူးပါသွားတာလေ။ ဝါးရုံကန်ဘက်မှာ ကျတာလေ။ တမြန်မနေ့က လောက်ပေါ့။ အဲ့ဒါသူတို့က

ကျေနပ်လို့ ၁၉ ရက်နေ့ ညနေက ကားအကြီးနှစ်စီးနဲ့ အသေးတစ်စီးနဲ့ ဝင်လာပြီးတော့ အင်အားတိုးပြီးတော့မှ ထူးကြီး၊ တည်ပင်ကို ချတော့တာပဲ” ဟု ဒေသခံတစ်ဦး က ပြောသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ထူးကြီးကျေးရွာနှင့် ၂ မိုင်ခန့်အကွာအဝေးရှိ ဝါးရုံကန်ကျေးရွာတွင် ရှိနေသော စစ် ကောင်စီ စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက လက်နက်ကြီးဖြင့်

ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ရာ အထိအခိုက်အကျ အဆုံးများပြီး ဗျူဟာမှူးတစ်ဦးပါ သေဆုံးခဲ့သည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပြီးနောက် စစ်ကောင်စီတပ်က လူအင်အား၊ လက်နက်အင်အား ထပ်တိုးကာ အနီးအနား ကျေးရွာများကို ပတ်၍ မီးလှည့်ရှို့နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဆိပ်ခွန်ရွာခံ အမျိုးသမီးတစ်ဦးက “ထူးကြီး၊ တည်ပင်ကို မီးရှို့တာ ညအထိ မထွက်ဘူး အဲ့ဒီနေရာကနေ၊ မီးပန်း တွေ ကိုရဲနေတာပဲ ဒီကနေ မြင်နေရ တာ။ သူတို့က ၆၀ လောက်ပဲရှိတယ်။ လက်နက် အင်အားလည်း များ တယ်။ အခုဝင်တဲ့ စစ်ကြောင်းက ဒီဘက်မှာ ၉ ရက်ရှိပြီ။ ဒီကနေ့ ထူးကြီးနဲ့ တည်ပင်ပေါ့၊ ကျောက်မြင့်ကနေ စရှို့တာ တောင်ကြောအကုန်လုံးပဲ။ အခုစစ်ကြောင်းက လုပ်တာပဲ။ ပတ်ပြီးတော့ အကုန်ရှို့တာပဲ” ဟု ပြော သည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေက မီးရှို့ခံလိုက်ရသည့် တည်ပင်နှင့် ထူးကြီးကျေးရွာက မီးခိုးများကို ဆိပ်ခွန် ကျေးရွာဘက်မှပင် လှမ်းမြင်နေရသည်ဟု ဒေသခံရွာသားများက ပြောသည်။

အဆိုပါကျေးရွာများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေသေးသည့်အတွက် အိမ်ခြေမည်မျှ မီးလောင်သွား သည်ကိုမူ မသိရသေးပေ။

ရွှေဘို အနောက်ဖက်ရှိ ကျောက်မြင့်၊ ဒင်တဲ၊ ရေတော်မူ၊ မဲတော၊ ငါးဆူကုန်း၊ မုတ်စီ၊ ပလိုင်း၊ ဝင်းစီကုန်း၊ ရွာသာ၊ ထူးကြီး၊ တည်ပင်၊ ကန်သာ၊ ဂုံနန် စသည့် ကျေးရွာပေါင်း ၁၃ ရွာအား စစ်ကောင်စီတပ်က ၉ ရက်အတွင်း လိုက် လံ မီးရှို့နေခြင်းခြင်းဖြစ်သည်။

အဆိုပါကျေးရွာများကို မီးပိတ်ရှို့နေသည့် စစ်ကောင်စီတပ်စစ်ကြောင်းမှာ ခလရ ၄၂၊ ခလရ ၁၁၊ ခလရ ၁၂ နှင့် ရွှေဘိုလေ့ကျင့်ရေး ၈ ပူးပေါင်းတပ် စစ်ကြောင်း ဖြစ်သည်ဟု မြေပြင်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တာဝန် ရှိသူများ၏ ပြောပြချက်အရ သိရသည်။

မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...