စစ်ကောင်စီ လက်နက်ကြီးကြောင့် ကိုရင်တစ်ပါး ပျံလွန်တော်မူ

စစ်ကောင်စီ လက်နက်ကြီးကြောင့် ကိုရင်တစ်ပါး ပျံလွန်တော်မူ

စစ်ကောင်စီ အမြှောက်တပ်ရင်း ၃၁၇ မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင်လေးတစ်ပါး ပျံလွန်တော်မူ ပြီး ဦးဇင်းတစ်ပါး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်ခန့်က စစ် ကောင်စီ အမြှောက်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ရေးမြို့နယ် ကနင်ကမော့ ကျေးရွာ ဘေးရှိ စုစည်းမြိုင်ရွာ (ရိုးဖို့ဂေဟ်) ဘုန်းကြီးကျောင်း အရှေ့နှင့် အနောက်ဖက်ခြံဝန်းထဲ ကျရောက် ပေါက်ကွဲခဲ့ ခြင်း ဖြစ်သည်။

မော့ကနင်ဒေသခံတစ်ဦးက “မော့ကနင် အမြှောက်တပ်ကနေ ကနင်းကမော့ ကျေးရွာဘက်ကို လက်နက်ကြီး တွေနဲ့ပစ်တာ လက်နက်ကြီး ကျည်က ကနင်းကမော့ရွာဘေးက စုစည်းမြိုင် ဘုန်းကြီးကျောင်းဝင်းထဲမှာ ကျကွဲ သွားတယ်၊ အဲကျောင်းက ကို ရင်လေးတစ်ပါးကတော့ ပွဲချင်းပြီး ပျံလွန်တော်မူသွားပြီးတော့ ဦးဇင်းတစ်ပါးက လက်မောင်းနဲ့ ကျောဘက်မှာ ကျည်စထိမှန်သွားတယ်” ဟု ပြောသည်။

ဘုန်ကြီးကျောင်းဝင်းအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းရှေ့တွင် ဆော့ကစားနေ သည့် အသက် ၁၀ နှစ်အရွယ် ကိုရင်လေးတစ်ပါး ကျည်ထိမှန်ကာ ပွဲချင်းပြီးပျံလွန်တော်မူခဲ့သည်။

ထို့အပြင် သက်တော် ၆၀ ကျော်အရွယ်ရှိ ဦးဇင်းတစ်ပါးလည်း လက်မောင်းနှင့် ကျောပြင်တို့တွင် ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည့် ဦးဇင်းကို လမိုင်းဆေးရုံမှတဆင့် မော်လမြိုင်ဆေးရုံသို့ လူမှုကယ်ဆယ်ရေး အဖွဲ့ များ၏ အကူအညီဖြင့် ပို့ဆောင်ဆေးကုသမှု ခံယူနေရသည်ဟု တာဝန်ရှိသူများက ပြောသည်။

ယခုလက်နက်ကြီးနှင့် ပစ်ခတ်လိုက်သည့် စစ်ကောင်စီ အမြှောက်တပ်ရင်း ၃၁၇ သည် ရေးမြို့နယ် မော့ကနင် ကျေးရွာ အခြေစိုက် တပ်ရင်းတစ်ရင်းဖြစ်သည်။

စစ်ကောင်စီတပ်ဘက်က ယခုရက်ပိုင်းအတွင်း ရေးမြို့နယ် မြောက်ပိုင်းသို့ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့၊ နံနက်ပိုင်းက အောင်သာယာကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကရင်ပူးပေါင်းတပ် တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေပိုင်းတွင် စစ်ကောင်စီအမြှောက်တပ်မှ ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကလည်း ရေးမြို့နယ် မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ်မှ လက် နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကနင်ကမော့ကျေးရွာမှ အမျိုးသမီးနှစ်ဦး ထိမှန်ဒဏ်ရာများရရှိခဲ့သေးသည်။

ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်ပူးပေါင်းတပ်၊ ပြည်သူ့ကာကွယ်တို့အကြား ပစ်ခတ်မှု မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ အကြား ပစ်ခတ်မှုဖြစ်ပြီးတိုင်း ရေးအခြေစိုက် စစ်ကောင်စီ တပ်ရင်းများက ပြည်သူများနေထိုင်ရာ ကျေးရွာများဘက်သို့ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်လေ့ရှိသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ပစ်ခတ်တိုက်ခိုက်များ မကြာခဏ ဖြစ်ပွားနေသည့် ရေးမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး(Martial Law) ကြေညာထားပြီး ညနေ ၆ နာရီမှ နံနက် ၆ နာအထိ ညမထွက်ရ ၁၄၄ အမိန့်ကိုလည်း ထုတ်ပြန်ထားသည်။

January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...