လှေစီးလာသော ဗျူစောထီး အဖွဲ့များကို PDF တို့ တိုက်ခိုက်ရှင်းလင်း

လှေစီးလာသော ဗျူစောထီး အဖွဲ့များကို PDF တို့ တိုက်ခိုက်ရှင်းလင်း

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် အတွင်း ပျူစောထီး ၄ ဦး လှေဖြင့်သွားလာစဉ် PDF အဖွဲ့တို့က ပစ်ခတ် ရှင်းလင်းပြီး ပစ္စည်းအချို့ကိုပါ သိမ်းဆည်းခဲ့သည်။

သရက်ချောင်းမြို့နယ်အတွင်း လှေငယ်တစ်စီးဖြင့် ရေကြောင်းခရီး သွားလာနေသည့် ပျူစောထီးခေါင်းဆောင် ဒေါ်ဝင်းခိုင်ကျော်နှင့် အဖွဲ့ဝင် ၃ ဦးကို လောင်းလုံး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နှင့် အထူးပြေက်ကျား တပ်ဖွဲ့တို့က ပူးပေါင်းကာ ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု LLPDF အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆင်ဖြူပြင်ကျေးရွာ ဆိပ်ခံတံတားအနီး သောင်ပြင်တခုတွင် အလောင်း ၄ လောင်းပါ ငါးဖမ်းလှေငယ်တစ်စီး နိုဝင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၆ နာရီခန့်တွင် သောင်တင်နေသည်ကို မြင်တွေ့ခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။

ထိုသို့ သောင်တင်နေသည့် လှေငယ်အတွင်း အသက်ကြီးပိုင်းအရွယ် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး၊ သက်လတ်အရွယ် အမျိုးသားတစ်ဦးနှင့် ၁၀ နှစ်ကျော် ကလေးငယ်တစ်ဦးကို တွေ့ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

အသက် ၄၀ ခန့်အရွယ် ဆင်ဖြူပြင် ရွာသားတစ်ဦးက “ရေစီးနဲ့မျောပြီး သောင်လာတင်တာ ဖြစ်မယ်။ လှေထဲမှာ ပါတဲ့ စက်တွေလည်း ပျက်ဆီးနေတယ်။ အလောင်းတွေကိုတော့ တာလပတ်အပိုင်းနဲ့ ဖုံးထားတယ်” ဟု ပြော သည်။

အဆိုပါ အလောင်းများကို သရက်ချောင်း ပြည်သူ့ဆေးရုံမှ လူနာတင်ယာဉ်ဖြင့် လာရောက် သယ်ယူသွားသည်ဟု ဆင်ဖြူပြင်ရွာသားများက ပြောသည်။

သေဆုံးသူ ဒေါ်ဝင်းခိုင်ကျော်သည် ကျောက်နီမော် ရဲစခန်းအတွင်း နေထိုင်လေ့ရှိပြီး သားဖြစ်သူမှာ ရေတပ်စခန်း ၌ တာဝန်ကျနေသည့် အရာရှိတစ်ဦးဖြစ်သည် ဟု ဒေသခံများက ပြောသည်။



ဒေါ်ဝင်းခိုင်ကျော်နှင့် အဖွဲ့သည် ကျေးရွာများအနှံ့ လှည့်လည်သွားလာပြီး PDF အဖွဲ့များ၏ သတင်း အချက် အလက်များကို စုံစမ်းကာ စစ်ကောင်စီအား သတင်းပေးပို့နေသူ ဖြစ်ကြောင်း ခိုင်လုံသည့် သတင်းအချက် အလက်များ ရရှိထားခြင်းကြောင့် ယခုကဲ့သို့ ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသား ထားသည်။

ထို့အပြင် ကျောက်နီမော်ကျေးရွာက ပျူစောထီး ခေါင်းဆောင် ချစ်စမ်းမောင်ထံလည်း မူးယစ်ဆေးဝါးများနှင့် အရက်/ဘီယာဖာများကို ရေကြောင်းလမ်းမှ သယ်ယူပို့ဆောင် ပေးနေသည်ဟုလည်း အဆိုပါ ထုတ်ပြန်ချက် ထဲတွင် ရေးသားထားသည်။

သေဆုံးသူများထံမှ ရွှေဆွဲကြိုး ၂ကုံး၊ ပလက်တီနမ်ကြိုး ၃ကုံး၊ လက်စွပ် ၈ ကွင်း၊ နားကပ် ၂ ရံ၊ လက်ကောက် ၂ ကွင်း၊ ပိုက်ဆံအိတ် ၁ လုံး၊ ငွေသား ကျပ် ၃၁ သိန်းကျော်၊ စကားပြောစက် ၁လုံး၊ ဓား အတို/အရှည် ၃လက်၊ ဖုန်း ကဒ် ၅ ခု၊ မန်မိုရီ ၂ ကဒ်၊ ဖုန်းအားသွင်းကြိုး ၂ စုံ နှင့် ဧည့်စာရင်းစာရွက် ၂ ရွက် တို့ကို သိမ်းဆည်းရမိခဲ့ သည် ဟု ဆိုသည်။

ပျူစောထီးအဖွဲ့ဝင် ၄ ဦးကို ပစ်ခတ်ရှင်းလင်းမှုမှာ လောင်းလုံးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ - LLPDF နှင့် အထူး ပြောက်ကျားတပ်ဖွဲ့တို့က နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပူးပေါင်း ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုမှာ မိဘပြည်သူများနှင့် မသက်ဆိုင်ကြောင်းကို နိုဝင်ဘာလ ၂၆ ရက်နေ့၊ နေ့လည်ပိုင်း တွင် LLPDFအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Most read this week

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...