မွန်ဝန်ကြီးချုပ်ဟောင်း၏ ရွေးကောက်ပွဲဆိုင်ရာအမှု လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးမည်

မွန်ဝန်ကြီးချုပ်ဟောင်း၏ ရွေးကောက်ပွဲဆိုင်ရာအမှု လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးမည်

မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံအပေါ် စွဲဆိုထားသည့် ရွေးကောက်ပွဲဆိုင်အမှုများကိုလာမည့် ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးမည် ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက ဒေါက်တာအေးဇံကို ရွေးကောက်ပွဲအတွင်း မလျော်ဩဇာသုံးသည်ဟူသော စွဲချက်ဖြင့်ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) အပြင် အမှု ၂ မှုဖြင့် တရားစွဲဆိုခဲ့သည်။

ဒေါက်တာအေးဇံ စွဲဆိုခံထားရသည့် ရွေးကောက်ပွဲဆိုင်ရာအမှုများကို လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးမည်ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သူတစ်ဦးကပြောသည်။

လာမည့်ရုံးချိန်းတွင် ဒေါက်တာအေးဇံကို မော်လမြိုင်တရားရုံးတွင် စစ်ဆေးမည်ဖြစ်ကြောင်းလည်း အဆိုပါ တရားရုံးနှင့် နီးစပ်သူက ဆက်ပြောသည်။

ဒေါက်တာအေးဇံကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်တွင်လည်း ရုံးထုတ်စစ်ဆေးခဲ့ပြီး ဒေါက်တာအေးဇံဘက်မှ တင်သွင်းလာသည့်တရားခံ သက်သေ မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းဇော်ကို စစ်ဆေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို အမှု (၁၁) မှုအတွက် ထောင်ဒဏ် (၂၅) နှစ် အမိန့်ချမှတ်ခံထားရပြီး ကျိုက်မရောဗဟိုအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသည်။

Most read this week

January 11, 2025
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီက စားသောက်ကုန်နှင့် စက်သုံးဆီသယ်ယူခွင့်များကို...
January 7, 2025
မွန်ပြည်နယ်အတွင်း လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာပြီး ပြည်သူတို့၏ နေ့စဉ်ဘဝနှင့်...
January 7, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်နှင့် မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်နေရာတို့တွင်...
ဓာတ်ပုံ - ပုံဟောင်း
December 23, 2024
မွန်ပြည်နယ်အတွင်းရှိ  အသင်းအဖွဲ့မှတ်ပုံတင်သက်တမ်းကုန်နေသည့် ပရဟိတအသင်းအကြီးအပါအဝင်...