MRRC အဖွဲ့မှ အိန္ဒိယရူပီ တစ်သိန်းကျော်ဖိုး အစားအသောက်များအား မြန်မာစစ်ဘေးရှောင်စခန်း ၃ ခုတွင် သွားရောက်ထောက်ပံ့ပေးခဲ့

MRRC အဖွဲ့မှ အိန္ဒိယရူပီ တစ်သိန်းကျော်ဖိုး အစားအသောက်များအား မြန်မာစစ်ဘေးရှောင်စခန်း ၃ ခုတွင် သွားရောက်ထောက်ပံ့ပေးခဲ့

မြန်မာဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့ MRRC-M မှ အိန္ဒိယငွေ ၁၃၀,၀၀၀/- ဖိုး အစားသောက်များကို ကျိမ်ဖိုင်းခရိုင်ရှိ မြန်မာစစ်ဘေးရှောင် ဒုက္ခသည်စခန်း ၃ ခုတွင် သွားရောက် ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ် ကျိမ်ဖိုင်းခရိုင်ရှိ အိုင်သီအိုင်စခန်း, ဇောသဲစခန်းနင့် ဇောလ်စီယ်စသော ဒုက္ခသည်စခန်းတွင် မြန်မာစစ်ဘေးရှောင် ၄၀၀ ကျော်ခန့်ရှိပြီး နိုဝင်ဘာ ၇ ရက်နေ့တွင်

မြန်မာဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့ (MRRC-M) မှ အစားသောက်များကို သွားရောက်ကူညီပံ့ပို့ခဲ့သည်။

မြန်မာဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့ (MRRC-M) သည် မြန်မာနိုင်ငံ စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ပြီး အလှူရှင်များနင့် မြန်မာစစ်ဘေးရှောင် ဒုက္ခသည်များအကြား ဆက်စပ်ပေးသော၊ လူမျိုး/ဘာသာမခွဲခြားဘဲ မြန်မာစစ်ဘေးရှောင်ဒုက္ခသည်များကို ကူညီထောက်ပံ့ပေးနေသည့် စေသနာ့ဝန်ထမ်း အဖွဲ့စည်းတစ်ခုဖြစ်သည်။

၎င်းအဖွဲ့စည်း စတင်ဖွင့်လင့်သောအချိန်မှစပြီး တစ်နှစ်ကျော်ကြာကာလအတွင်း အိန္ဒိယငွေ သိန်း ၆၀၀ ကျော်တန်ဖိုးရှိသည့် အစားသောက်များနင့် အဝတ်အစားများအပါဝင် အခြားအခြားသော ကူညီထောက်ပံ့မှုများလည်း ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

လာမည့်နှစ် အစပိုင်းတွင်လည်း Mizoram Project မှ အစားအသောက်များနင့် အဝတ်ထည်များကို ထောက်ပံ့မှုပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

အခုလို အစားသောက်များ ကူညီပေးကမ်းမှုတွင် ကျိမ်ဖိုင်းခရိုင်ရှိ လူငယ်များ အသင်းဖြစ်‌သော (YMA) မှတစ်ဆင့် ပူးပေါင်းပေးကမ်းခြင်းဖြစ်ကြောင်းသိရပြီး နေရာတိုင်းရှိ ဒုက္ခသည် စခန်းများကိုလည်း သွားရောက်ကူညီပေးကမ်းသွားမှာဖြစ်ကြောင်း သိရှိရသည်။

Most read this week

April 10, 2025
ဓာတ်ပုံ - Salai Har Ling ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့အနီး၊ ဖွီကျေးရွာကို ယမန်နေ့ည...
April 8, 2025
ချင်းပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးအရ အချက်အချာကျသည့် ဖလမ်းမြို့၏ နောက်ဆုံးလက်ကျန် ခလရ ၂၆၈...
April 8, 2025
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ နန်ဇံ (Nakzang) ရွာ တရွာလုံးကို မီးရှို့ဖျက်ဆီးမှုအပေါ်  ZRA...
April 3, 2025
မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ တွီဒန်းကျေးရွာရှိ ပလက်ဝစစ်ဘေးရှောင်များသည် စားနပ်ရိက္ခာ...