ကားမိုင်းခွဲရန် စောင့်နေသော PDF များ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းလာ၍ ကြားဖြတ်တိုက်

ကားမိုင်းခွဲရန် စောင့်နေသော PDF များ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းလာ၍ ကြားဖြတ်တိုက်

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်း အချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က သိမ်းဆည်းရမိခဲ့သည်။

ဘုတ်ပြင်းမြို့နယ်၊ ချောင်းမွန်ကျေးရွာအနီးရှိ Ro ဆီအုန်း တောလမ်းကြားတွင် စစ်တပ်၏ ခြေလျင်စစ်ကြောင်း ကို PDF ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ပြီးနောက် မိနစ် ၃၀ ခန့် အကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် လက်နက်ခဲယမ်း အချို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု PDF ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

PDF ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက “စစ်ကောင်စီ ယာဉ်တန်းဖြတ်သွားဖို့ ရှိနေတယ်လို့ သတင်းအတိ အကျ ရထားတာမို့ မိုင်းဆွဲဖို့ ကြိုတင်စီစဉ်ပြီး စောင့်နေချိန်မှာ အဲဒီမှာ လမ်းအတိုင်းတက်လာလို့ ကြားဖြတ် တိုက်တာ။ ယုန်ထောင် ကြောင်မိတာပေါ့” ဟု ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ၆၀ မမ ဗုံးသီး (၇)လုံး၊ ၅.၅၆ ကျည်ဆံ (၂၀၀) တောင့် အပါအဝင် ဆက်စပ် ပစ္စည်းအချို့ကိုလည်း ကော့သောင်း ခရိုင်တပ်ရင်း (၁) က သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲတွင် ကော့သောင်းခရိုင်တပ်ရင်း (၁) မှ တပ်ဖွဲ့ဝင် ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး၊ တစ်ဦးမှာ (အနည်း ငယ် စိုးရိမ်ရ) ဒဏ်ရာရရှိလာခဲ့သည်ဟု PDF ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

နိုဝင်ဘာလ ၅ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း (၁) နှင့် Flying Stars ဘုတ်ပြင်း - ပကဖ တို့က ပြည်ထောင်စု ကားလမ်းမကြီးအတိုင်း လမ်းလျှောက်လာသည့် စစ်ကောင်စီ လက်အောက်ခံ ခမရ ၅၆၀ တပ်ရင်းမှ အင်အား ၁၅ ဦးကျော်ပါသည့် ခြေလျင်စစ်ကြောင်းကို ပူးပေါင်းမိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် နှစ်ဖက်ပြန်လှန်ပစ်ခတ်မှုမိနစ် ၃၀ ခန့်အကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားသော်လည်း စာရင်းအတိအကျကိုတော့ စုံစမ်းနေဆဲ ဖြစ်သည်ဟု PDF ပူးပေါင်းတပ်ဖွဲ့ ဘက်က ဆိုသည်။

ဘုတ်ပြင်းမြို့နယ် အတွင်းရှိ မြိတ် - ကော့သောင်း သွား ပြည်ထောင်စု ကားလမ်းမပေါ်တွင် ပြီးခဲ့သည့် စက်တင် ဘာလ အတွင်းမှစတင်၍ စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့တို့ အကြားတိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် အဆိုပါ လမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဉ်တန်းများလည်း မကြာခဏ ဆိုသလို မိုင်းဆွဲ တိုက်ခိုက်ခံ ရလေ့ ရှိသည်ဟု ဒေသခံများက ပြောသည်။

January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...