NCA လုပ်ငန်းစဉ်အတွင်း အတင်းဖိအားပေးမှုမျိုး ရှိခဲ့ဟု RCSS ပြော

NCA လုပ်ငန်းစဉ်အတွင်း အတင်းဖိအားပေးမှုမျိုး ရှိခဲ့ဟု RCSS ပြော

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးသည့် ၇ နှစ်တာ ကာလ အတွင်း ဆွေးနွေးပွဲများတွင် သဘောတူညီချက်များကို အတင်းအကြပ် ဖိအားပေး သဘောတူခိုင်းသည့် ဖြစ်စဉ် များ ရှိခဲ့သည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS က ပြောဆိုလိုက်သည်။

အောက်တိုဘာလ ၁၅ ရက်နေ့ (ယမန်နေ့) က နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော် ဆောင်မှုကော်မတီ ဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် (NCA) လက်မှတ်ရေးထိုးခြင်း (၇) နှစ်မြောက် နှစ်ပတ်လည်နေ့ တွေ့ဆုံပွဲ အခမ်းအနားတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ကိုယ် စားလှယ် ဗိုလ်မှူးကြီး ဆောင်းဟန်က အမှတ်တရ အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ် သည်။

ဗိုလ်မှူးကြီး ဆောင်းဟန်က “NCA လက်မှတ်ရေးထိုးပြီး (၇) နှစ်တာကာလမှာ မိမိတို့အားလုံးအတွက် သင်ခန်းစာ တွေ အများကြီး ရရှိပါတယ်။ တွေ့ဆုံဆွေးနွေးညှိနှိုင်းပွဲတွေမှာ သူ့မူကိုယ်မူ့ အသေစွဲကိုင်ခြင်း၊ ဆွေးနွေးဖော် ဆွေးနွေးဖက် အပေါ် လေးစားမှု မရှိခြင်း၊ အပေါ်စီးမှ အတင်းအကြပ် မဖြစ်နေ ဖိအားပေး သဘောတူစေခြင်း၊ ဆွေးနွေးပွဲ အခင်းအကျင်းက တဖက်ဆွေးနွေးဖော်အတွက် အဆင်မပြေခြင်း၊ ဆွေးနွေးတဲ့နေရာကို တဖက် သတ်သတ်မှတ်ခြင်း စတာတွေဟာ ဆွေးနွေးညှိနှိုင်းမှု အောင်မြင်ဖို့အတွက် ကြီးမားတဲ့ အဟန့်အတားတွေ ဖြစ်ခဲ့ တယ် ဆိုတာ အားလုံးသိရှိပြီး ဖြစ်ပါတယ်” ဟု ပြောဆိုခဲ့ကြောင်း RCSS ပိုင် Tai Freedom - Burmese Version Facebook စာမျက်နှာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ထို့ကြောင့် နောက်ဆွေးနွေးပွဲများတွင် နှစ်ဖက်ဆွေးနွေးဖော်များအတွက် မျှတသည့် ဆွေးနွေးပွဲမျိုးကို မဖြစ်မနေ ညှိနှိုင်းပြီး အတူတကွ ပူးတွဲ ဖန်တီးရန်နှင့် နှစ်ဖက်ကြား ခိုင်မာသည့် ယုံကြည်မှု တည်ဆောက်ခြင်းကို ဆောင် ရွက်နိုင်မှသာ အားလုံး၏ ပန်းတိုင်ဖြစ်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဟု ဗိုလ်မှူးကြီး ဆောင်းဟန်က ပြောသည်

ထို့အပြင် NCA အကောင်အထည်ဖော်ခဲ့သည့် ၅ နှစ်တာ ကာလအတွင်းတွင်လည်း တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွား ရေး၊ စစ်ရေး၊ စားဝတ်နေရး၊ တရားဉပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းများအပါအဝင် ကိစ္စတော်တော်များများကို ထိုက်သင့်သလောက် ဆောင်ရွက်နိုင်ခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ် ဖောဖော်ဝါရီ ၁ ရက်နေ့ မှစပြီး လုပ်ငန်းစဉ်များမှာ အားလုံးရပ်တန့်သွားသည့်အတွက် စိတ်မကောင်း ဖြစ်ရသည်ဟု ဗိုလ်မှူး ကြီး ဆောင်းဟန်က ထည့်သွင်းပြောဆိုခဲ့သည်။

ဗိုလ်မှူးကြီး ဆောင်းဟန်က “၂၀၂၁ခုနှစ်မှာ နိုင်ငံရေး အကျပ်အတည်းကြောင့် NCA စာချုပ် အကောင်အထည် ဖော်ခြင်း လုပ်ငန်းတွေဟာ ရပ်တန့်သွားခဲ့ပါတယ်။ NCA အရ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံ ညီလာခံ ဆက်လက်ကျင်းပဖို့ဟာလည်း ပါဝင်တဲ့ အစုအဖွဲ့တွေ မရှိတော့လို့ မဖြစ်နိုင်တော့တဲ့ အခြေအန ဆီ တွန်းပို့ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီအတွက် မိမိတို့မှာ နှမျောခြင်းတွေ၊ စိတ်မကောင်းခြင်းတွေ ဖြစ်ခဲ့ပါတယ်” ဟု ပြောသည်။

တစ်ဖက်တွင်လည်း NCA စာချုပ်နှင့်အညီ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ ညီလာခံကို (၄) ကြိမ် ကျင်းပ နိုင်ခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁)၊ (၂)၊ (၃) တို့ကို ချုပ်ဆိုနိုင်ခဲ့သည် သာမ က အရပ်သား ကာကွယ်ရေး ကိစ္စရပ်များ၊ ဒေသအတွင်းတည်ငြိမ် အေးချမ်းမှုများ၊ ပြည်သူလူထုများ၏ လူမှုစီး ပွားကိစ္စအဝဝများကို လက်လှမ်းမီသလောက် ဆောင်ရွက်ပေးနိုင်ခဲ့သည်ဟု RCSS က ဆိုသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ (ယမန်နေ့) က ပြုလုပ်ကျင်းပခဲ့သည့် NCA လက်မှတ်ရေးထိုးခြင်း ၇ နှစ်ပြည့် အခမ်းအနားသို့ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၇ ဖွဲ့ ဖြစ်သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင် စီ RCSS၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချူပ် PNLO၊ ရခိုင် ပြည်လွတ် မြောက်ရေးပါတီ ALP၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် DKBA၊ မွန်ပြည်သစ်ပါ တီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့ တက်ရောက်ခဲ့ကြသည်။

ကျန် ၃ ဖွဲ့ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး KNU၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF နှင့် ချင်းအမျိုးသားတပ်ဦး CNF တို့က အဆိုပါ အခမ်းအနားသို့ တက်ရောက်ခြင်း မရှိ ကြောင်း သိရသည်။

Most read this week

January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...