အင်းလေးကန်တွင် ခိုလှုံသည့် ကရင်နီ စစ်ရှောင်များအား လက်မခံရန် ထွေအုပ် ညွှန်ကြား

အင်းလေးကန်တွင် ခိုလှုံသည့် ကရင်နီ စစ်ရှောင်များအား လက်မခံရန် ထွေအုပ် ညွှန်ကြား

အင်းလေးကန်အတွင်း ခိုလှုံနေကြသည့် ကရင်နီ စစ်ဘေးရှောင် ပြည်သူများအား နေရပ်ပြန်ကြရန် စစ်ကောင်စီ လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ထွေအုပ်) မှ ညွှန်ကြားလာသည်ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသည့် အဖွဲ့အစည်း တာဝန်ရှိသူများက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်လေးကန်တွင် ခိုလှုံနေသည့် ကရင်နီဒေသက စစ်ဘေးရှောင်များကို စက်တင်ဘာလကုန်တွင် နေရပ်ရင်းကို ပြန်ကြရန် ထွေအုပ်မှ စာထုတ်ထားခြင်းကြောင့် စစ်ဘေးရှောင်များ အခက်တွေ့နေကြသည်ဟု အကူအညီပေးနေ သူများက ပြောသည်။

အင်းလေးဒေသအတွင်း ခိုလှုံနေသည့် စစ်ဘေးရှောင်များကို ကူညီပေးနေသော အဖွဲ့တစ်ဖွဲ့မှ အမျိုးသားတစ်ဦး က “ဒီအချိန်ဆို စစ်ကြောင်းထိုးနေတဲ့ နေရာတွေ ထိတွေ့မှုဖြစ်နေတဲ့ နေရာတွေကျတော့ ပြန်ဖို့ အဆင်မပြေ သေးဘူးပေါ့နော်။ ဒီးမော့ဆိုဘက်က လာတဲ့ဟာတွေလည်း ပြန်ဖို့ အဆင်မပြေသေးဘူး။ တချို့က အိမ်တွေ မရှိ တော့ဘူးလေ။ လုပ်ကိုင်စားသောက်ဖို့ ယာတွေကလည်း မနှစ်ကတည်းက မစိုက်ရတော့ ပျက်ပြီပေါ့။ ပြန်ဖို့ အဆင်မပြေတာတွေတော့ အများကြီးပါ။ ဒါပေမယ့် ပြန်ရမယ်ဆိုရင်တော့ အားလုံးက ပြန်ရမှာပဲလေ” ဟု ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ရုံးမှ ထိုကဲ့သို့ တရားဝင် စာထုတ်ထားသော်လည်း ကရင်နီ စစ်ဘေး‌ရှောင် ပြည်သူများ အနေဖြင့် နေရပ်ပြန်နိုင်ရေးအတွက် ပို့ဆောင်ရေးကိစ္စများအပြင် အခြားသော ကူညီပံ့ပိုးမှုများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ညွှန်ကြားပေးခြင်းမျိုး၊ ကူညီပံ့ပိုးမှုမျိုး မရှိသေးဘူးဟု ၎င်းက ဆက်ပြောသည်။

စစ်ရှောင်များကို နေရပ်ပြန်ရေး ဖိအားဆက်ပေးမည်ဆိုပါက ကရင်နီစစ်ရှောင် ကလေးငယ်များအတွက် ပညာ ရေးအပြင် လုံခြုံပိုင်းလည်း စိန်ခေါ်မှုများ ရှိနိုင်သည်ဟု အကူအညီပေးနေသူ တစ်ဦးက ဆက်ပြောသည်။

“အခု ပြန်ရမယ်ဆိုတော့ စာသင်နေတဲ့ ကလေးတွေလည်း တချို့တွေ ပြန်ကြပြီဆိုပါတော့ ဟိုဖက်မှာလည်း သင် ဖို့ မရှိဘူးပေါ့။ ပြဿနာလေးတွေတော့ ရှိတာပေါ့။ နေရပ်ပြန်တဲ့အခါကျရင် ဘယ်လိုစီစဉ်ပေးမလဲတော့ မသိ သေးဘူးပေါ့။”

လက်ရှိ ကရင်နီဒေသက စစ်ဘေးရှောင် ကလေးသူငယ်များ၏ ပညာသင်ကြားရေးနှင့် ပတ်သက်၍ အင်းလေး ဒေ သရှိ အစိုးရကျောင်းများက ဆရာ/ဆရာမများက ကူညီသင်ကြားပေးလျက်ရှိရာ မကြာမီအချိန်အတွင်း နေရပ် ပြန်ရမည်ဆိုပါက ထိုကလေးငယ်များ၏ ပညာသင်ကြားရေး အခက်တွေ့နေသည်ဟု ဆိုကြသည်။

ကရင်နီဒေသက စစ်ဘေးရှောင်များသည် လက်ရှိတွင် ညောင်ရွှေမြို့တွင်းရှိ ရန်ကုန်မြို့မ ဘုန်းကြီးကျောင်း၊ အင်း လေး‌ဒေသ ဟဲယာရွာမရှိ ဘုန်းကြီးကျောင်းအချို့မှ ကျောင်းကန်၊ ဇရပ်များ၊ ဈေးအလွတ်များ၊ ဆွေမျိုး နီးစပ်ရာ အိမ်များတွင် ခိုလှုံ နေထိုင်ကြခြင်း ဖြစ်သည်။

ထို့အပြင် အချို့မှာ IDP Camps ကဲ့သို့ ယာယီတဲများ ထိုးကာ နေထိုင်ကြပြီး Camp အတွင်း အရေအတွက်မှာ လူဦးရေ ၅၀ ကျော်ခန့် ရှိသည်ဟု ကူညီပေးနေသူများ၏ ပြောပြချက်အရ သိရသည်။

လက်ရှိ စစ်ဘေးရှောင်ပြည်သူများ၏ စား၊ ဝတ်၊ နေ၊ ရေးကို အင်းလေးကန်အတွင်းရှိ ဘုန်းကြီးကျောင်းများနှင့် အလှူရှင်အချို့က ထောက်ပံ့ပေးထားပြီး လူငယ် ပရဟိတအဖွဲ့များက ကူညီလုပ်ကိုင်ပေးနေသည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်များနှင့် ထိတွေ့မှုဖြစ်နေသည့် အင်းလေးတောင်ပိုင်းရှိ ကျေးရွာများက ပြည်သူများ လည်း သွားလာရန် ခက်ခဲနေသည့်အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နှင့် ကမ္ဘာ့စားနပ် ရိက္ခာ အဖွဲ့ (WFP) မှ ကူညီပေးထားသည်ဟု စစ်ဘေးရှောင်များကို ကူညီနေသည့် အဖွဲ့များက တာဝန်ရှိသူများက ပြောသည်။

အင်းလေးဒေသတွင်းရှိ ကရင်နီဒေသက စစ်ဘေးရှောင်ဦးရေမှာ ထွေအုပ် ဧည့်စာရင်းအရ ၄,၀၀၀ ကျော်ရှိသည် ဟု သိရသည်။ အဆိုပါ စစ်ရှောင်များမှာ ၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၁၀ ရက်နေ့မှ စတင်ကာ စစ်ရှောင်လာခဲ့ခြင်း ဖြစ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့တွင် ၈ လပြည့်ပြီဟု စစ်ရှောင်များက ပြောသည်။

သို့သော်လည်း ၎င်းတို့အနေဖြင့် စက်တင်ဘာလကုန်တွင် နေရပ်ပြန်ရမည်ဆိုသောကြောင့် လမ်းခရီးသွားလာ ရေး၊ နေထိုင်စားသောက်ရေး၊ ပညာရေး စသည့် ကဏ္ဍအားလုံးတွင် အခက်အခဲများ ရှိနေ၍ စိုးရိမ်ပူပန်နေကြ သည်။

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...