မင်းတပ်မြို့နယ်အတွင်း တင်ဒါအောင်မြင်သော ဒေသခံကုမ္ပဏီများ လုပ်ကိုင်ခွင့်ပြုမည်

မင်းတပ်မြို့နယ်အတွင်း တင်ဒါအောင်မြင်သော ဒေသခံကုမ္ပဏီများ လုပ်ကိုင်ခွင့်ပြုမည်

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း တင်ဒါအောင်မြင်သော ဒေသခံကုမ္ပဏီများအား တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင်လ ၁၈ ရက် နေ့ကထုတ်ပြန်ထားသည်။

“ကျနော်တို့ ထိန်းချုပ်တဲ့နယ်မြေထဲမှာ ဒေသဖွံ့ဖြိုးရေးအတွက်၊ အများပြည်သူ့အကျိုးစီးပွားကိုတွက်ချက် ပြီး အခုလိုလုပ်ကိုင်ခွင့်ပြုဖို့ တိုင်ပင်ညှိနှိုင်းပြီး ဆုံးဖြတ်ခဲ့ကြတာပါ” ဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က မဇ္စျိမကိုပြောသည်။

မင်းတပ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် တင်ဒါအောင်သော ဒေသခံကုမ္ပဏီ များကို တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခွင့် ပြု/မပြု ရေး အတွက် မင်းတပ် ပအဖ နှင့် CDF – Mindat တို့ ဆွေးနွေးညှိနှိုင်းပြီး အများပြည်သူအကျိုးကိုထောက်ရှု၍ ဆောင်ရွက်ခွင့်ပြုရန် သဘောတူဆုံး ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

၎င်းတို့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထိန်းချုပ်ရာနယ်မြေအတွင်း လမ်းဖောက်ခြင်းလုပ်ငန်းများကို ဉီးစား ပေးလုပ်ဆောင်ရန်ဖြစ်ကြောင်း၊ လမ်းဖောက်ရာတွင် အကုန်အကျများခြင်း လူ့ခွန်အားသာမက စက် ယန္တရားများပါလိုအပ်သောကြောင့် ယခုကဲ့သို့ ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

မင်းတပ်မြို့နယ်အတွင်း မိုးရာသီတွင် ပျက်စီးသွားသောလမ်းများရှိသကဲ့သို့ အသစ်ဖောက်လုပ်ရန်လိုအပ် သည့်လမ်းများရှိနေသောအခြေအနေအောက်တွင် လုံခြုံရေးကိုအဓိကထားပြီး စောင့်ကြပ်ကြည့်ရှုစစ် ဆေးနိုင်သော လုပ်ငန်းဆောင်ရွက်မှုမျိုးဖြစ်မည်ဖြစ်ကြောင်း ဆိုသည်။

ယင်ခင် တင်ဒါလုပ်ငန်းများခွင့်ပြုခဲ့ခြင်းမရှိသည့်အတွက် အခွင့်အရေးအချို့ လက်လွှတ်ဆုံးရှုံးခဲ့ရပြီး ယခု အချိန်တွင် အဆိုပါလုပ်ငန်းများအား ပြန်လည်ခွင့်ပြုပေးခြင်းအားဖြင့် ဒေသဖွံ့ဖြိုးနိုင်ပြီး တော်လှန်ရေး အတွက် တစ်စုံတရာအထောက်အကူပြုနိုင်သော ရှဉ့်လည်းလျောက်သာ ပျားလည်းစွဲသာ အခြေအနေမျိုး ကို မျှော်လင့်လျက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဆက်လက်ပြောဆိုသည်။

တင်ဒါအောင်၍ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီများအနေဖြင့် စံချိန်စံညွှန်း၊ သတ် မှတ်ချက်များ ပြည့်မှီအောင် ဆောင်ရွက်ကြရန်နှင့် ပြည်မှီခြင်း ရှိ၊ မရှိအား မင်းတပ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့နှင့် CDF – Mindat ပူးပေါင်းဖွဲ့စည်းထား သော တည်ဆောက်ရေး အရည်အသွေးစိစစ်ရေးကော်မတီမှ စီစစ်စစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ဆုံးဖြတ်ခြင်းသည် စစ်ကောင်စီနှင့်ပူးပေါင်းခြင်းမဟုတ်ကဲ့သို့ အပစ်ခတ်ရပ်စဲခြင်းမဟုတ် ကြောင်း၊ ပအဖနှင့် ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ပညာရေး၊ ကျန်းမာရေးကိစ္စများ တတ်နိုင် သလောက် တည်ဆောက်ထားပြီးဖြစ်သော်လည်း လမ်းပမ်းဖောက်လုပ်ရေးများတွင် ကိုယ်ထူကိုယ်ထ လုပ်ဆောင်ရန် အခက်အခဲများ စွာရှိသည့်အတွက် အကောင်အထည်ဖော်ရန် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဆိုသည်။

တော်လှန်ရေး ရေရှည်ဖြစ်လာမည့်သဘောမျိုးရှိသည့်အတွက် ထိန်းချုပ်နယ်မြေအတွင်း အရည်အသွေး စစ်ဆေးခြင်းနှင့် လုံခြုံရေးအရ အာမခံနိုင်သော အခြေအနေအောက်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်လိုအပ်ကြောင်း မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေး ပြောရေးဆိုခွင့်ရှိသူမှ ပြောဆိုသည်။

Most read this week

November 28, 2024
စစ်အာဏာရှင်အစိုးရများသတ်မှတ်ခဲ့သည့် ကချင်အထူးဒေသ(၁)သတ်မှတ်ချက်ကို ဖျက်သိမ်းပြီး ဌာ‌...
ဖာပွန်မြို့သိမ်းတိုက်ပွဲကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံအချို့ (ဓါတ်ပုံ- KNU- Mutraw News) (ပုံဟောင်းဖြစ်ပါသည်)
November 27, 2024
ကရင်ပြည်နယ်၊ ဖာပွန်-ကမမောင်းလမ်းတလျှောက် စစ်ကောင်စီကစစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ...
၂၀၂၁ ခုနှစ်အတွင်း RCSS နှင့် SSPP အဖွဲ့ နှစ်ဖွဲ့ ပူးပေါင်းရန် ရှမ်းပြည်လူငယ်များ ဆန္ဒပြပုံ။
November 27, 2024
ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် SSPPနှင့် RCSS သည် ရှမ်းပြည်နယ် အရှေ့ပိုင်း၊...
“ဝ” မြို့တော် ပန်ဆန်း၌ ၂၀၁၉ ခုနှစ်က ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် UWSA “ဝ” တပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ- AFP)
November 26, 2024
“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ တပ်စခန်း ကိုးခုကို ဖယ်ရှားရန် ထိုင်းဘက်က...