စစ်ကောင်စီနှင့်တွေ့ဆုံသည့် တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့ကို အာဆီယံအထူးကိုယ်စားလှယ် တွေ့ဆုံမည်

စစ်ကောင်စီနှင့်တွေ့ဆုံသည့် တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့ကို အာဆီယံအထူးကိုယ်စားလှယ် တွေ့ဆုံမည်

အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီယားနိုင်ငံခြားရေးဝန်ကြီးပရတ်ဆွတ်ခွန်း၏ခရီးစဉ်တွင် စစ်ခေါင်း ဆောင်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ခြောက်ဖွဲ့ကို တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလကပြုလုပ်ခဲ့သည့် စစ်ကောင်စီငြိမ်းချမ်းရေးဆွေးနွေးပွဲကို လက်ခံပြီးတက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့ကို ဇူလိုင်လ ၁ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံသွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPSTထံမှ သိရသည်။

“မနေ့တုန်းက ပြောသံကြားတာကတော့ စစ်ကောင်စီနဲ့သွားတွေ့ခဲ့တဲ့ အဖွဲ့ခြောက်ဖွဲ့ပဲ။ RCSS ကတော့ PPST ကနေထွက်ထားတဲ့အတွက် သူ့အစီစဉ်နဲ့သူပဲသွားမှာလား မသွားဘူးလားမသိဘူး” ဟု PPST အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် DKBA မှ ပြောရေးဆိုခွင့်ရှိသူ စောစိန်ဝင်းက အတည်ပြုပြော ကြားသည်။

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ရန်လက်ခံခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် များတွင် အာဆီယံအထူးကိုယ်စားလှယ်နှင့်တွေ့ဆုံရန် PPST အဖွဲ့ဝင် ခြောက်ဖွဲ့ကိုသာ အတည်ပြုနိုင် သော်လည်း အခြားအဖွဲ့များကိုမူ အဆက်အသွယ်ရရှိခြင်း မရှိသေးပေ။

ပြီးခဲ့သည့် မတ်လအတွင်းက အာဆီယံ အထူးကိုယ်စာလှယ်၏ ခရီးစဉ်တွင်လည်း PPST အဖွဲ့ဝင်များနှင့် တွေ့ဆုံရန်စီစဉ်ထားသော်လည်း ကိုယ်စားလှယ်ကအချိန်မရသည့်အတွက် တွေ့ဆုံမည့်အစီစဉ်ကို ဖျက် သိမ်းခဲ့ရသည်။

ထို့နောက် ဧပြီလအတွင်းပြုလုပ်ခဲ့သည့် PPST၏ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် “မြန်မာနိုင်ငံရေး ပြဿနာရဲ့ အရင်းခံအကြောင်းအရင်းက ၁၉၄၇ ခုနှစ်နောက်ပိုင်းမှာဖြစ်ပေါ်လာတဲ့ ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာတွေလည်း အများကြီးရှိခဲ့တယ်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးပေါ်မှာ မူတည်ပြီးတော့ လည်း လက်နက်ကိုင်ပဋိပက္ခတွေအများကြီးဖြစ်ပေါ်လာခဲ့ပါတယ်။ အဲ့ဒါကြောင့် မြန်မာနိုင်ငံရေးကို ဖြေရှင်းဖို့ကြိုးစားတဲ့အချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေဟာ နေရာ တစ်ခုကနေအရေးပါတယ်ဆိုတာ နိုင်ငံတကာအသိုင်းအဝိုင်းကသိဖို့ လိုအပ်ပါတယ်” ဟု ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် စောမြရာဇာလင်းက မဇ္ဈိမသတင်းဌာနသို့ ဖြေကြားခဲ့သည်။

အာဆီယံအထူးကိုယ်စားလှယ်၏ ခရီးစဉ်မှာ ဇွန်လ ၂၉ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး သုံးရက်ကြာ မြင့်မည်ဖြစ်သည်။ ဇူလိုင်လ ၁ ရက်နေ့တွင် နေပြည်တော်၌တွေ့ဆုံရန်ဖိတ်ကြားထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့်အခြေအနေအပေါ်တွင် PPST ၏ သဘောထားအမြင်များကို တင်ပြသွား မည်ဖြစ်ကြောင်း စောစိန်ဝင်းကဆိုသည်။

PPST သည် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားပြီး အာဏာသိမ်းပြီးနောက်တွင် KNU၊ RCSSနှင့် CNF တို့သည် PPST ၌ ပါဝင်သော်လည်း သီးခြားဆုံးဖြတ် ချက်ဖြင့်သာ ရပ်တည်လျက်ရှိသည်ကို တွေ့ရသည်။

November 28, 2024
စစ်အာဏာရှင်အစိုးရများသတ်မှတ်ခဲ့သည့် ကချင်အထူးဒေသ(၁)သတ်မှတ်ချက်ကို ဖျက်သိမ်းပြီး ဌာ‌...
ဖာပွန်မြို့သိမ်းတိုက်ပွဲကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံအချို့ (ဓါတ်ပုံ- KNU- Mutraw News) (ပုံဟောင်းဖြစ်ပါသည်)
November 27, 2024
ကရင်ပြည်နယ်၊ ဖာပွန်-ကမမောင်းလမ်းတလျှောက် စစ်ကောင်စီကစစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ...
၂၀၂၁ ခုနှစ်အတွင်း RCSS နှင့် SSPP အဖွဲ့ နှစ်ဖွဲ့ ပူးပေါင်းရန် ရှမ်းပြည်လူငယ်များ ဆန္ဒပြပုံ။
November 27, 2024
ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် SSPPနှင့် RCSS သည် ရှမ်းပြည်နယ် အရှေ့ပိုင်း၊...
“ဝ” မြို့တော် ပန်ဆန်း၌ ၂၀၁၉ ခုနှစ်က ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် UWSA “ဝ” တပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ- AFP)
November 26, 2024
“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ တပ်စခန်း ကိုးခုကို ဖယ်ရှားရန် ထိုင်းဘက်က...