စစ်ကောင်စီက လုံခြုံရေးမပေးသဖြင့် မိမိအစီအစဉ်ဖြင့် ကလိန်အောင်မြို့နယ်တွင် လာရောက် တိမ်းရှောင် နေ သည့် စစ်ကောင်စီ သတင်းပေးဟုဆိုသည့် မိသားစုဝင် လေးဦး သေနတ်ဖြင့် အပစ်ခံရပြီးနောက် သေဆုံးသွား သည်ဟု ဒေသခံများက ပြောသည်။
ဇွန်လ ၁၈ ရက်နေ့၊ ည ၉နာရီအချိန်ခန့်က သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ်သည်။
အသက် ၃၅ နှစ်အရွယ် အင်းပြားရပ်ကွက်တွင် နေထိုင်သူတစ်ဦး က “ညက သေနတ်သံ ဆယ်ချက်နီးပါး ကြားရ တယ်။ မိုးလင်းမှ မိသားစုလိုက် ပစ်သတ်ခံရတယ်ဆိုတာ သိရတယ်။ အလောင်းတွေကို မနက်စောစောက က လိန်အောင် ဆေးရုံပို့လိုက်ပြီ ကြားတယ်။ သွားတော့ မကြည့်ဖြစ်ဘူး” ဟု ပြောသည်။
ပစ်သတ်ခံရသူများမှာ ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်မြို့ အင်းပြား အမှတ်၄ ရပ်ကွက်တွင် လွန်ခဲ့ သည့် ၃ လခန့် လာနေထိုင်သည့် ဦးလှသိန်း၊ ဒေါ်ဝင်းသိန်း၊ မင်းဝေဦးနှင့် ကန်းကန်းတို့ မိသားစုဝင် ၄ ဦး ဖြစ်ကြ သည်။
ဦးလှသိန်းတို့ မိသားစုသည် လွန်ခဲ့သည့် ၃ လခန့်မှ စတင်ပြီး လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာအုပ်စု ကရင်ကြီးကျေးရွာမှ ကလိန်အောင် အင်းပြားရပ်ကွက် အတွင်းရှိ ခြံတစ်ခုအတွင်း တဲထိုးကာ တိမ်းရှောင် နေ ထိုင်ကြသည်ဟု သိရသည်။
သေဆုံးသူ မိသားစုဝင်များရဲ့ သတင်းပေးမှုများကြောင့် ကျောက်ဆင်ကျေးရွာအုပ်စုအတွင်းကျေးရွာများမှ လူ ငယ် အများအပြား အဖမ်းခံရကာ နှစ်ရှည်ထောင် ဒဏ်ကျခံနေရသူနှင့် တိမ်းရှောင်နေရသူများလည်း ရှိနေသည် ဟု ဒေသခံများက ဆိုသည်။
မိသားစုဝင် လေးဦးကို ဒေသခံ SPRlNG DHAMMA PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြုလုပ်ခဲ့ခြင်း ဖြစ်သည် ဟု ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက သတင်းထုတ်ပြန် ထားသည်။
ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားနှစ်စီးဖြင့် ရောက်ရှိလာကြပြီး အနီးအနား ပတ်ဝန်းကျင်မှ နေအိမ်များနှင့် လမ်းသွားလမ်းလာသူများကို စစ်ဆေးနေကြသည်ဟု သိရသည်။