မွန်ပြည်နယ် မွေးမြူရေးလုပ်ငန်းများ လေးပုံတစ်ပုံသာကျန်ရှိဟုဆို

မွန်ပြည်နယ် မွေးမြူရေးလုပ်ငန်းများ လေးပုံတစ်ပုံသာကျန်ရှိဟုဆို

မွန်ပြည်နယ်အတွင်း မွေးမြူရေးလုပ်ငန်း ၂၄၀ ကျော်ရှိခဲ့ရာမှ လက်ရှိအချိန်တွင် လုပ်ငန်းဆက်လက်လုပ်ကိုင်နေသူ  ၆၀ ကျော်ဖြစ်သည့်အတွက် လေးပုံတစ်ပုံခန့်သာ စာရင်းရှိတော့ကြောင်း ပြည်နယ်မွေးမြူးရေးလုပ်ငန်းရှင်းအသင်းမှ သိရသည်။

ပြည်ပမှ ဝင်ရောက်လာသော မွေးမြူရေးအစာနှင့် ဆေးများဈေးနှုန်းမြင့်တက်လာခြင်းကြောင့် လုပ်ငန်းလည်ပတ်ရန် အခက်အခဲရှိလာသလို ငွေကြေးအရင်းအနှီးအလိုလိုပျောက်ကွယ်သွားသောကြောင့် လုပ်ငန်းရပ်နားခဲ့ရခြင်းဖြစ်ကြောင်း မွေးမြူရေးလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

"အခုလက်ရှိ လုပ်ငန်းရှင် ၂၄၀ ကျော်ကျော်မှာ ၁၈၀ လောက် ရပ်သွားတဲ့အနေအထားပေါ့။ လုပ်ငန်းလည်ပတ်နေတဲ့သူတွေတောင် မလည်ပတ်နိုင်တဲ့ အခြေအနေကို ရောက်သွားတာပါ"ဟု ၎င်းက ပြောသည်။

လက်ရှိတွင်လည်း ကျန်ရှိနေသည့် မွေးမြူရေးလုပ်ငန်းလုပ်ငန်းများ ရပ်နားလိုက်ရမည့်အနေအထား ပိုများလာနိုင်ကြောင်း ၄င်းကဆက်ပြောသည်။

ထို့ပြင် ရာသီအကူးတွင် ဖြစ်တတ်သော ကူးစက်ရောဂါများ ဖြစ်ပွားနေသောကြောင့်  ကြက် နှင့် ဝက် မွေးမြူရေးလုပ်ငန်းရှင်များ အရှုံးပေါ်နေကြောင်း သထုံမြို့နယ်မှ ဝက်မွေးမြူရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် အသားစားကြက်၊ ဥစားကြက်၊ ဝက်၊ ဘဲ၊ ဆိတ်တို့ကို အဓိကထား မွေးမြူနေကြကြောင်း သိရသည်။

ယခုနှစ် ငါးဖမ်းရာသီတွင် မွန်ပြည်နယ်အတွင်း ငါးရရရှိမှုနှုန်း ယခင်နှစ်ထက်  နည်းပါးလာကြောင်း ငါးလုပ်ငန်းရှင်များက ပြောသည်။

Most read this week

November 26, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာရှိ ပြည်သူ့စစ်အဖွဲ့...
November 25, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု တွင်ကျယ်လာသော်လည်း...
November 25, 2024
စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာက...
November 22, 2024
မွန်ပြည်နယ်အတွင်း တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပြီးခဲ့သည့်...