မိုင်းကိုင်စစ်ရှောင် ၃၀၀ ကျော် နေရပ်မပြန်ရဲသေး

မိုင်းကိုင်စစ်ရှောင် ၃၀၀ ကျော် နေရပ်မပြန်ရဲသေး

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့ နယ် ပန်ကေတု ကျေးရွာအုပ်စုထဲတွင် လာရောက်ခိုးလှုံနေသည့် စစ်ဘေးရှောင်  ၃၀၀ ကျော်က နေရပ်ကို မပြန်ရဲသေးကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (နိုဝင်ဘာ ၁၀)တွင် တိုက်ပွဲအသံငြိမ်နေသည့် ကျေးရွာမှ စစ်ဘေးရှောင် (၁၀၅) ဦး နေရပ် ပြန်သွားခဲ့ကြသော်လည်း ကုန်လျန်းကျေးရွာ ဒေသခံ ၃၂၇ ဦးက နယ်မြေ ငြိမ်းချမ်းမှု မရှိသေးသည့်အတွက် ကြောင့် မပြန်ရဲသေးကြောင်း စစ်ဘေးရှောင် ကူညီသူများက ပြောသည်။

“တချို့ကတော့ ပြန်သွားပြီ။  အခုက ကုန်လျန်ကျေးရွာကလူတွေ ကျန်နေသေးတယ်။ မပြန်ရဲကြသေးဘူး။ အဲနားမှာ တိုက်ပွဲပြင်းထန်းနေသေးတယ်” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် သူက ပြောသည်။

နေရပ်ပြန်သွားသည့် စစ်ရှောင်များသည်လည်း လက်ရှိမှာ စိုးရိမ်ထိတ်လန့်မှုဖြင့်သာ ပြန်သွားရသဖြင့် လုံခြုံစိတ်ချမှု မရှိသေးကြောင်း သိရသည်။

“တိုက်ပွဲတော့ နေ့တိုင်းလိုလိုဖြစ်နေတယ်။ မနေ့ကတော့ တချက်ငြိမ်းသွားသေးတယ်။ တိုက်ပွဲက ဆက်ပြင်းထန်းနေသေးတယ်။ တချို့က ပြန်သွားလည်း နေထိုင်ရတာ စိတ်မလုံခြုံသေးဘူး။ တိုက်ပွဲကို ကြောက်နေရသေးတယ်” ဟု မိုင်းကိုင်မြို့ ဒေသခံတဦးက ပြောသည်။

လက်ရှိတွင်လည်း ဆောင်းရာသီဝင်ရောက်လာသည့် ဖြစ်သည့်အတွက်ကြောင့် စစ်ရှောင်များအတွက် အနွေးထည်၊ စောင်များ လိုအပ်နေလျက်ရှိကြောင်း သိရသည်။

သျှမ်းတောင် မိုင်းကိုင်မြို့နယ် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြား ယနေ့ထိတိုင်း စစ်ရေး တင်းမာနေဆဲ ရှိနေသေးကြောင်း တွေ့ရသည်။

Most read this week

November 12, 2024
မိုးကုတ်မြို့ကို ယမန်နေ့ နိုဝင်ဘာလ (၁၁ ) ရက်၊ ညပိုင်းက စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ...
November 12, 2024
သျှမ်းပြည်၊ ပင်လောင်းမြို့နယ်  ပအိုဝ်းပြည်သူ့စစ် PNO က စစ်ဘေးရှောင်များကို ခြိမ်းခြောက်ပြီး...
November 11, 2024
သျှမ်းပြည်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ‌တွင် ရေကြီးမှုဒဏ်ခံရပြီးနောက် ပြန်လည်ထူထောင်ရန်ခက်ခဲနေ‌...
November 8, 2024
သျှမ်းပြည် ပင်လောင်းမြို့ နယ် နောင်တရားမြို့ စစ်ကောင်စီဂိတ်တွင် စစ်ရှောင်အမျိုးသမီးများကို...