- တောင်ယာစပါးသီးနှံတွေ ရိတ်သိမ်းချိန်ရောက်နေပြီဖြစ်ပေမဲ့ ကြွက်ဘေးဒဏ်ကြုံတွေ့နေရတဲ့ ဗန်းမော်ခရိုင် အင်ဘာပါဒေသထဲက ကျေးရွာတွေမှာ ဒေသခံရွာသားတွေ ရိတ်သိမ်းယူဖို့ စပါးသီးနှံတွေမရှိတော့ဘဲ အစားအသောက်ပြတ်လပ်မယ့်ဘေးဒဏ်ကို ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
- ကချင်ပြည်ထဲက ကန်ပိုက်တီ တရုတ်-မြန်မာနယ်စပ်မြို့ကလွဲပြီး ကျန်နယ်စပ်မြို့အားလုံးကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က သိမ်းလိုက်ပြီဖြစ်ပါတယ်။
- ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်က ဒေသခံပြည်သူတွေအားကိုးအားထားရတဲ့ NUG အစိုးရအောက် လွှတ်တော်ကိုယ်စားလှယ်ကို TNLA ဘက်က ဖမ်းဆီးထားတာ အချိန်ကာလကြာလာပြီဖြစ်တာကြောင့် အမြန်ဆုံးလွှတ်ပေးဖို့ သက်ဆိုင်ရာ TNLA ဗဟိုဌာနချုပ်ဆီ ဒေသခံတွေ စာတင်တောင်းဆိုထားတယ်လို့ သိရပါတယ်။