NLD ကရင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းကို စစ်ကောင်စီက ထောင်ဒဏ် ၇၇ နှစ်ချ

NLD ကရင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းကို စစ်ကောင်စီက ထောင်ဒဏ် ၇၇ နှစ်ချ

ကရင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇၇ နှစ် နှင့် ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးသန်းနိုင်ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၉၂ နှစ်စီ အသီးသီး ချမှတ်လိုက်သည်။

နိုဝင်ဘာလ ၉ ရက်နေ့ (ယနေ့)တွင် ကရင်ပြည်နယ် တရားလွှတ်တော်၊ ဘားအံထောင်တွင်း တရားရုံးကနေ ပြစ် ဒဏ်အသီးသီးကို ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု အမှုလိုက်ရှေ့နေ ဦးဇော်မင်းလှိုင်က ပြောသည်။

“ကရင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင် တို့ ကို နိုင်ငံတော် စစ်ကောင်စီကနေ တရားစွဲထားတဲ့အမှုက စုစုပေါင်း ၇ မှုရှိတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ စွဲထားတာ။ ဒီနေ့ စီမံဘဏ္ဍာဝန်ကြီးအောင် ဦးသန်းနိုင်ကို ထောင်ဒဏ်အနှစ် ၉၀၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါ် နန်းခင်ထွေးမြင့်ကို အမှု ၅ မှုအတွက် တစ်မှုကို ၁၅ နှစ်နှုန်းနဲ့ စုစုပေါင်း ၇၅ နှစ် ဘားအံထောင်တွင်းတရားရုံး ကနေ ချလိုက်တယ်။”

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်တို့နှစ်ကို နှစ်တွဲအမှု လေးမှုစီ အပြင် တစ်ဦးချင်းစီအား စွဲထားသည့်အမှုများ အားလုံးနှင့် ပတ်သက်၍ ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု ရှေ့နေ ဦးဇော်မင်းလှိုင်က ဆက်ပြောသည်။

“အဲ့ဒီ ၇ မှုမှာ ဒေါ်နန်းခင်ထွေးမြင့်ကို တစ်ယောက်ချင်းစွဲထားတာက တစ်မှု၊ ဦးသန်းနိုင်က နှစ်မှု။ နှစ်တွဲဆွဲထား တာ ၄ မှုရှိတယ်။ အဲ့မှာတစ်မှုကို ၁၅ နှစ်နှုန်းနဲ့ပေါ့။ ဆိုတော့ ၄ မှုဖြစ်တဲ့အတွက် နှစ် ၆၀ စီဖြစ်သွားတယ်။ အန် တီနန်းက နှစ်ယောက်တွဲအမှုက ၄ မှု တစ်ယောက်ထဲအမှုက တစ်မှု ဆိုတော့ ၇၅ နှစ် ကျသွားတယ်။ ဟိုဘက်က ဦးသန်းနိုင်က တစ်ယောက်ထဲအမှုက ၂ မှု၊ နှစ်ယောက်တွဲနဲ့ပေါင်းတော့ ၆ မှု ဆိုတော့ စုစုပေါင်း နှစ် ၉၀ ဖြစ်သွား တယ်။ ယခင်သူတို့က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅(ခ)နဲ့ နှစ်နှစ်စီ ထောင်ဒဏ်ချခံထားရတာ ဖြစ်တဲ့ အတွက် အဲ့ဒီပုဒ်မတွေက ပြစ်ဒဏ်တွေပါ ထည့်ပေါင်းမယ်ဆိုရင် အန်တီနန်းက စုစုပေါင်း ၇၇ နှစ်၊ ဦး သန်းနိုင်က ၉၂ ပေါ့။”

တစ်ဦးချင်းစီစွဲဆိုထားသည့်အမှုများတွင် ကျန်းမာရေးဆိုင်ရာကိစ္စရပ်နှင့် ပတ်သက်၍ ငွေကြေးသုံးစွဲခဲ့မှုများ အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် တရားစွဲပြီး ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။

အဆိုပါအမှုနှင့် ပတ်သက်၍ “ကရင်ပြည်နယ်ထဲမှာ သူဝန်ကြီးချုပ်ဖြစ်နေတဲ့အတောအတွင်းမှာ ကားအက်စီးဒင့် ဖြစ်တာ တစ်ခုရှိတယ်။ ကားအက်စီးဒန့်ဖြစ်ပြီးတော့ ရန်ကုန်မှာ ဆေးဝါးကုသတယ်။ ဆေးဝါးကုသမှုစရိတ် အတွက် ငွေကျပ်သိန်း ၅၀ ထုတ်ထားတယ်။ အဲ့သိန်း ၅၀ ထုတ်ထားရာမှာ ၁၆ သိန်းသုံးပြီးတော့ ကျန်တဲ့ ငွေတွေ ကို ပြန်သွင်းတယ်။ ၁၆ သိန်းကို ပြန်မသွင်းဘူး အဲ့ဒီအတွက် ပြည်သူ့ဘဏ္ဍာတွေကို ကိုယ်ကျိုးသုံးတယ်ဆိုပြီး စွဲ တယ်။ အမှန်ကတော့ ဝန်ကြီးချုပ်တစ်ဦးဟာ ဆေးဝါးကုသမှု အခမဲ့ကုသခွင့် ဥပဒေပြဌာန်းထားပြီးသား ရှိ တယ်။ အဲ့ဒီဥပဒေအရ မြန်မာပြည်တွင်းမှာ ရှိတဲ့ ဘယ်ဆေးရုံတက်တက် ပါရာစီတမောဖိုးလည်းပေးစရာ မလို ဘူး။ ဘာမီတွန်ဖိုးလည်း ပေးစရာမလိုဘူး” ဟု ရှေ့နေ ဦးဇော်မင်းလှိုင်က ဆက်ပြောသည်။

ထို့အပြင် ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်ကိုလည်း ခါးအရိုးကျိုး  သွား၍ ထိုင်းနိုင်ငံတွင် ဆေးဝါးကုသမှုခံယူစဉ် ကုမ္ပဏီတစ်ခုမှ အမေရိကန်ဒေါ်လာတစ်သောင်းတောင်းယူမှုနှင့် ၂၀၂၀ ရွေးကောက်ပွဲဝင်ရန် ကုမ္ပဏီတစ်ခုထံမှ ငွေကျပ်သိန်း ၅၀ တောင်းယူသုံးစွဲမှု စသည့်အမှုဖြင့် သီးသန့် နှစ်မှု စွဲခံထားရခြင်းဖြစ်သည်။

ဒေါ်နန်းခင်ထွေးမြင့်၏ မိသားစုဝင်တစ်ဦး က “ဒီနေ့ တရားရုံးက အမိန့်ချလိုက်တယ်လို့ သတင်းကြားတယ်။ ၇၅ နှစ်လို့ကြားတယ်။ ကျနော်တို့ကလည်း ရှောင်နေရတာ။ ဒါကအငြိုးကြီးကြီးနဲ့ချလိုက်တယ်လို့ပဲ ပြောချင် တယ်။ မတရားဘူး။  အမြန်ဆုံးပြန်လွှတ်ပေးဖို့တော့ ပြောချင်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ နှစ်ရှည်ထောင်ဒဏ်များချမှတ်ခြင်းအပေါ်လည်း ရှေ့နေ ဦးဇော်မင်းလှိုင် က “ရှေ့နေတစ်ယောက် အနေနဲ့ ပြောရရင် လုပ်ထုံးလုပ်နည်းတွေနဲ့ မညီညွတ်ဘူးလို့ပြောချင်တယ်။ မျှတမှန်ကန်တဲ့ တရားစွဲဆိုမှု မဟုတ်ဘူး။ မျှတမှန်ကန်တဲ့ တရားစီရင်မှုမျိုးလည်းမဟုတ်ဘူးလို့ပဲ ကျနော်က သုံးသပ်ချင်တယ်” ဟု ပြော သည်။

နှစ်ဦးပေါင်းစွဲခံရသည့်အမှုတို့မှာ ကရင်ပြည်နယ်အတွင်း ကမ်းနားလမ်းသာယာလှပရေးစီမံကိန်းပြုလုပ်ရာတွင် ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းကာ အစိုးရနှင့် သဘောတူညီမှုဆိုင်ရာ စာချုပ်များချုပ်ဆို၍ မြေယာဖော်ထုတ်ရာတွင် ဂရမ်ထုတ်ပေးသည့်ကိစ္စမှာ နိုင်ငံတော်ပိုင်မြေများ ဆုံးရှုံးမှု၊ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် အသေးစား လုပ်ငန်းရှင်များအား ချေးပေးခဲ့သည့်ငွေများကို NLD အစိုးရလက်ထက်တွင် အကြွေးပြန်မတောင်းသည့်အမှုတို့ ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ဇွဲကပင်ပလာဇာ တည်ဆောက်ရေးလုပ်ငန်းနှင့် ပတ်သက်၍ နိုင်ငံတော်မှ ခွင့်ပြုကြောင်း အကြောင်း ပြန်ကြားခြင်း မရှိသေးပဲ လုပ်ဆောင်သည့်အတွက် နိုင်ငံတော်၏ ညွန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိသည့်အတွက်ဟုဆိုတာ အမှုတစ်မှု၊ အဆိုပါ ပလာဇာအတွက် ကြိုတင်ငွေများထုတ်ယူပြီး ပြည်ပပုဂ္ဂလိဘဏ် များတွင် အကောင့်များဖွင့်၍ ဘဏ္ဍာငွေများကို ထားသည့်အတွက် နိုင်ငံတော်၏ ဘဏ္ဍာငွေများဆုံးရှုံးသည် ဟုဆို ကာ ၎င်းတို့နှစ်ဦးအား ပူးတွဲ လေးမှုစွဲထားခြင်းဖြစ်သည်။

ယနေ့ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံလိုက်ရသည် ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးသန်းနိုင်တို့ နှစ်ဦးလုံးက အဆိုပါ ပြစ်ဒဏ်များအတွက် အထက်တရားရုံးများတွင် အယူခံဝင်သွားရန် မရှိဟု အမှုလိုက်ရှေ့နေက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်း ခင်ထွေးမြင့်ကို စစ်တပ်က အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖမ်းဆီးခေါ် ဆောင် သွားခဲ့ပြီး နောက်ရက်တွင် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စစ်ကောင်စီက ထပ်မံဖမ်းဆီးထိန်းသိမ်းပြီးနောက် ယခုကဲ့သို့ နှစ်ရှည် ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဓါတ်ပုံ - Job For Kayah
November 14, 2024
ကရင်နီပြည်နယ် လွိုင်ကော်နှင့် ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံမြို့တို့တွင် ယခုရက်ပိုင်းအတွင်း...
November 14, 2024
ကချင်ပြည်၊ ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် မြေစာပုံပြိုကျမှုဖြစ်ခဲ့ပြီး ရေမဆေးသမား...
NMG ပုံဟောင်း
November 13, 2024
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က နယ်စပ်ကုန်သွယ်ရေးဂိတ်များကို နှစ်ဖက်အာဏာပိုင်များက ပိတ်လိုက်...
CJ ဆိုင်းတောင်တိုက်ပွဲတွင်း အရပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့သည့်ပုံ (ပုံဟောင်း)
November 13, 2024
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် တိုက်ပွဲကာလအတွင်း သေဆုံးခဲ့သူ ရုပ်အလောင်း ၇၀...