KIA တပ်ရင်း ၁၁ နယ်မြေကို စစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်

KIA တပ်ရင်း ၁၁ နယ်မြေကို စစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်
by -
ခေါင်ညွယ် (KNG)

မြစ်ကြီးနား ၂၁ မိုင် စုပေါင်းစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က တန်ပြန်တိုက်ခိုက်မှုအနေဖြင့် ကချင်လွတ်လပ်ရေးတပ် မတော် KIA တပ်ရင်း ၁၁ နယ်မြေအား ဗုံးကျဲတိုက်ခိုက်မှုတစ်ခု ယနေ့ (ဇွန် ၃၀ ရက်) တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်အနေဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၁ နယ်မြေရှိ ကဆုန်ကျေးရွာအနီးအား ယနေ့ နေ့လယ် ၁ နာရီဝန်းကျင်တွင် ရဟတ်ယာဉ်ဖြင့် ဗုံးတစ်ကြိမ် လာရောက်ကျဲချခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

 

"တစ်ခါဘဲ ဗုံးလာကျဲသွားတာ။ KIA ဘက်ကလည်း အထိအခိုက်မရှိဘူးလို့ကြားတယ်" ဟု ၎င်းကပြောသည်။

ယနေ့ နံနက် ငါးနာရီခန့်က မရန့်ကျေးရွာအထက်ရှိ စစ်ကောင်စီတပ်၏ ၂၁ မိုင် စုပေါင်းစစ်ဆေးရေးဂိတ်ကို KIA တပ်ရင်း ၁၁ က သွားရောက် တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

 

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖက်မှ ရဲတစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဇွန် ၂၃ ရက် ညပိုင်းကလည်း မြစ်ကြီးနား ဝိုင်းမော် မြစ်ကူးတံတားအနီး စုပေါင်းစစ်ဆေးရေဂိတ်ကို KIA က သွားောက်တိုက်ခိုက်ခဲ့ပြီးနောက် လိုင်ဇာအပါအဝင် နေရာအများအပြားကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...