မွန်ပြည်နယ်တွင် မော်လမြိုင်မြို့သည် ကိုဗစ်ကူးစက်မှုအများဆုံး မြို့နယ်ဖြစ်နေ

မွန်ပြည်နယ်တွင် မော်လမြိုင်မြို့သည် ကိုဗစ်ကူးစက်မှုအများဆုံး မြို့နယ်ဖြစ်နေ

မွန်ပြည်နယ်အတွင်း မော်လမြိုင်မြို့နယ်သည် ကိုဗစ်ကူးစက်မှု အများဆုံးဖြစ်ပွားသော မြိုနယ်ဖြစ်နေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ပြည်နယ်တွင် ကိုဗစ်ကူးစက်မှု အများဆုံးဖြစ်ပွားသော မြို့နယ်များသည် မော်လမြိုင်၊ သံဖြူဇရပ်နှင့် သထုံမြို့နယ်တို့ဖြစ်ပြီး ၎င်းတို့ထဲတွင် မော်လမြိုင်မြို့နယ်သည် အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။

ကိုဗစ်ဖြစ်ပွားမှု ရာခိုင်နှုန်းအနေဖြင့် မော်လမြိုင်မြို့နယ်သည် ၄၅ ရာခိုင်နှုန်း၊ သံဖြူဇရပ်သည် ၂၅ ရာခိုင်နှုန်းနှင့်သထုံမြို့နယ်သည် ကိုးရာခိုင်နှုန်းရှိကြောင်း သိရသည်။

ကျန်တဲ့မြို့နယ် ခုနစ်မြို့နယ်တွင် ကိုဗစ်ကူးစက်ခံရသူများရှိသော်လည်း အတည်ပြုလူနာတွေ့ရှိမှု နည်းနေသေးကြောင်း သိရသည်။

ယင်းပြည်နယ်အတွင်း အတည်ပြုလူနာများကို မော်လမြိုင်ဆေးရုံကြီးရှိ Isolation ward 1 နှင့် ကျော်ကြားက ဆောက်လုပ်လှူဒါနါးထားသော Isolation ward 3 ၌ ဆေးကုသမှုပေးနေကြောင်း သိရသည်။

လက်ရှိ မွန်ပြည်နယ်တွင် သံဖြူဇရပ်မြို့နယ်မှ ရပ်ကွက်တစ်ခုကို Lock down ချထားရပြီး ဆိုင်ထိုင်စားသောက်ခြင်းကိုလည်း ပိတ်ထားကြောင်း သိရသည်။

အလားတူ မော်လမြိုင်နှင့် သထုံမြိုနယ်အတွင်း၌လည်း ဆိုင်ထိုင်စားသောက်ခြင်းကို ပိတ်သိမ်းကာ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိ မွန်ပြည်နယ်အတွင်းမှာတော့ ဇွန် ၂၈ ရက်အထိ ကိုဗစ်အတည်ပြုလူနာ ၃၈၀ ကျော်ရှိနေပြီး သေဆုံးသူ ရှစ်ဦးရှိကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...