ဟိုပုံးမြို့တွင် Non-CDM ဆရာမနှစ်ဦး၌ ကိုဗစ်-၁၉ တွေ့

ဟိုပုံးမြို့တွင် Non-CDM ဆရာမနှစ်ဦး၌ ကိုဗစ်-၁၉ တွေ့
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် Non-CDM ကျောင်းဆရာမနှစ်ဦး၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း စုံစမ်းသိရသည်။

 

ဟိုပုံးမြို့တွင် ဇွန် ၁၁ရက်၌ Non- CDM ကျောင်းဆရာမတစ်ဦး၏ မိသားစု နေမကောင်း ဖြစ်ပြီး အနံ့ပျောက်သဖြင့်ဆေးရုံသို့ လာရောက်ပြသရာ ဆရာမနှင့် အတူ အိမ်သားနှစ်ယောက်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ၎င်းဆရာမနှင့်နေအိမ် အဝင်၊အထွက်ရှိသည့် Non-CDM ဆရာမ တစ်ဦးတွင် ထပ်မံတွေ့ရှိကြောင်း ဟိုပုံးမြို့ ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက  သျှမ်းသံတော်ဆင့်ကို ပြောသည်။

 

“ဟိုပုံးမြို့ အမက ၄ မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာမမိသားစုပါ၊ မနေ့က (ဇွန် ၁၁) ထိ ဆရာမကကျောင်း တက်သေးတယ်တဲ့။ မနေ့ညက  ညနေပိုင်းမှာ အနံ့မရတော့ဘူးဆိုပြီး ဆေးရုံကိုရောက်လာတော့ RTK နဲ့ စစ်ကြည့်တာ သုံးဦးက ပိုးတွေ့တယ်။ ဒီနေ့လည်း အဲ့ဆရာမနဲ့ အဆက် ကျောင်းဆရာမနောက်တဦး ထပ်တွေ့တယ်” ဟု ဟိုပုံးဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

 

ဟိုပုံးမြို့ တွင်နေထိုင်သူ NON-CDM ကျောင်းဆရာမသည် မိသားစုဝင် ငါးဦးရှိသည့်အနက် ဆရာမနှင့်အတူ ၎င်း၏အမျိုးသားနှင့် ညီမတို့ကိုပါ ကိုဗစ်ကူးစက် ရောဂါပိုးစစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

 

လက်ရှိတွင် ဆရာမတို့ နေထိုင်ရာအိမ်ရာကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်လူကြီးများမှ အသွား အလာ ကန့်သတ်ထားပြီး၊ ဝင်/ထွက်ခွင့်ပါ ပိတ်ထားကြောင်း ဟိုပုံးမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

 

“အခုတော့ သူတို့နဲ့ သူတို့အိမ်ဝန်းဖက် အသွားအလာ ကန့်သတ်လိုက်ပါပြီ၊ ဒါပေမယ့် မနေ့ကထိ ကျောင်းတက်သေးတယ်ဆိုတော့ ကလေးတွေအတွက်လည်း ပူရပြီ၊ အခုလိုတွေ့တာတောင် ကျောင်းကမပိတ်ပေးသေးဘူးလေ” ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

 

 စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက်ပိုင်း ကိုဗစ်-၁၉ ကူးစက်ရောဂါပျံ့နှံမှုသည် တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးပွားလာပြီး တချို့သောမြို့နယ်များတွင် ပိတ်ထားသည့် ကွာရန်တင်းစင်တာများကို ပြန်လည်ဖွင့်လှစ်ထားရကြောင်း သိရသည်။ 

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...