ဖလမ်းမြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း တတိယမြောက်နေ့ ဆန္ဒဖော်ထုတ်၊ ပညာရေးဝန်ထမ်း ၄၀ ကျော် ပါဝင်လာ

ဖလမ်းမြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း တတိယမြောက်နေ့ ဆန္ဒဖော်ထုတ်၊ ပညာရေးဝန်ထမ်း ၄၀ ကျော် ပါဝင်လာ

ချင်းပြည်နယ် ဖလမ်းမြို့တွင် မြန်မာ့တပ်မတော်၏ စစ်အာဏာသိမ်းမှုအား ကန့်ကွက်သည့်အနေဖြင့် ယမန်နေ့ (ဖေဖော်ဝါရီ ၉ ရက်) မနက် ၉ နာရီမှစတင်ကာ ပြည်သူ ၂၅ဝဝ ကျော်က တတိယမြောက်နေ့အဖြစ် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ပညာရေးဝန်ထမ်း ၄၀ ကျော်လည်း ဝင်ရောက် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။



 

အဆိုပါဆန္ဒဖော်ထုတ်မှုအား မနက် ၉ နာရီကျော်တွင် ကျင်မွာလ်ရပ်ကွက်ရှိ ကျင်မွာလ်ဘော်လုံးကွင်းမှ စတင်ထွက်ခွာခဲ့ကြပြီး ကျင်မွာလ်ရပ်ကွက်မှတစ်ဆင့် ဆေးရုံကြီး၊ လမ်းစုံ၊ ဈေးမှ အထက ၁ ဘောလုံးကွင်းအထိ လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။

 

“ကျွန်မတို့အနေနဲ့ တပ်မတော်အာဏာရှင်စနစ် ကျရှုံးဖို့၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် အကောင်အထည်ဖော်ဖို့ စတဲ့အချက်တွေကို အဓိကအနေနဲ့ ကြွေးကြော်ခဲ့ကြတယ်၊ သုံးရက်ရှိပြီဆိုတော့ လူတွေနည်းနည်းပင်ပန်းလာလို့ မနက်ဖြန်တော့ ကျွန်မတို့နားဦးမယ်” ဟု ဆန္ဒဖော်ထုတ်မှုတွင်ပါဝင်သူ ဆရာမတစ်ဦးက ပြောသည်။

 

ယနေ့ ဖလမ်းမြို့ ဆန္ဒဖော်ထုတ်မှုတွင် ပညာရေးဝန်ထမ်း ၄၀ ကျော်၊ လုံပီးစိုက်ပျိုးရေးအထက်တန်းကျောင်းမှ ဝန်ထမ်းများနှင့် အခြားဝန်းထမ်းအချို့လည်း ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ ဆန္ဒဖော်ထုတ်သူများအား ပြည်သူလူထုမှ လမ်းဘေးတွင်ရပ်ကာ အာဏာရှင်ဆန့်ကျင်သည့် သင်္ကေတဖြစ်သည့် လက်သုံးချောင်းထောင်ပြခြင်း၊ လက်ခုပ်တီးပြီးအားပေးခြင်းအပြင် ဈေးဆိုင်ခန်းများပိတ်ပေးခြင်းဖြင့် အားပေးခဲ့ကြကြောင်းသိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...