ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ညွန်ကြားရေးမှူး ဦးကျော်သူအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ညွန်ကြားရေးမှူး ဦးကျော်သူအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း
ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ညွန်ကြားရေးမှူး ဦးကျော်သူအောင်
ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ညွန်ကြားရေးမှူး ဦးကျော်သူအောင်

စိုးထိုက်အောင် — ၂၀၂၀-၂၀၂၁ ခုနှစ်ဘဏ္ဍာရေးနှစ်ထဲမှာ ကျပ် ၃.၄ ဘီလီယံကျော်အသုံးပြုပြီး ကယားပြည်နယ် ကျေးလက်နေဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ဘာတွေ ဆောင်ရွက်နေလဲဆိုတာနဲ့ ပတ်သက်လို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ညွန်ကြားရေးမှူး ဦးကျော်သူအောင် နှင့်တွေ့ဆုံမေးမြန်းထားချက်တွေကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

မေး ။ ။ ပြည်နယ်ရဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ ဆရာတို့ဘာတွေလုပ်ဆောင်နေလဲ။

ဖြေ ။ ။ ကျတော်တို့အသက်မွေးဝမ်းကြောင်းအထောက်အကူပြုသင်တန်းတွေကိုဖွင့်လှစ်ပေးပါတယ်၊ နောက်ကျတော်တို့VDP လို့ခေါ်တဲ့ကျတော်တို့ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းတွေ ကျတော်တို့ဆောင်ရွက်ပေးပါတယ်။ နောက် ကျတော်တို့မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ချေးငွေ မြစိမ်းရောင်စီမံကိန်းတွေ ကျတော်တို့ဆောင်ရွက်ပေးလျက်ရှိပါတယ်၊ နောက်တစ်ခါ ကျတော်တို့လူထုဗဟိုပြုစီမံကိန်းလို့ခေါ်တဲ့ ကျတော်တို့ပြည်သူလူထုနဲ့ပူးပေါင်းဆောင်ရွက်တဲ့CDD စီမံကိန်းတွေ ကျတော်တို့ဆောင်ရွက်ပေးလျက်ရှိကြောင်း တင်ပြအပ်ပါတယ်။

မေး ။ ။ ဆရာတို့ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ လုပ်ရတာ ဘယ်လိုအခက်ခဲတွေရှိလဲ။

ဖြေ ။ ။ ကျတော်တို့မြို့နယ်(၇)မြို့နယ်အနေနဲ့ကတော့ ဒီနေရာဒေသမရွေး ကျတော်တို့ဒါလိုအပ်ချက်ပေါ်မှုတည်ပြီးတော့ ကျတော်တို့ရရှိတဲ့ ဘဏ္ဍာရန်ဘုံငွေအပေါ် ကျတော်တို့ဦးစားပေးအဆင့်အနေနဲ့သတ်မှတ်ပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။ ကျတော်တို့ဝေးလံခေါင်ဖျား ဒေသတွေအနေနဲ့ဆိုရင်တော့ ကျတော်တို့ ဖားဆောင်းလို ဒီဘက်က ဝေးလံခေါင်ဖျားကျေးရွာတွေရှိသလို ကျတော်တို့ဖရူဆိုဒေသမှာဆိုရင်လဲ ကျတော်တို့အရှေ့အနောက်ဝေးလံခေါင်ဖျားတဲ့ဒေသတွေရှိပါတယ် ဗျ ဒီဒေသတွေအနေနဲ့လဲ ကျတော်တို့ဝန်ထမ်းတွေအနေနဲ့တာဝန်ပေးလာတဲ့အပေါ်မူတည်ပြီးတော့ ကျတော်တို့ဒါကြိုးစားပြီးတော့အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။



ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၀-၂၁ ခုနှစ်ဘဏ္ဍာနှစ်အတွင်းဆောင်ရွက်မည့်ဘတ်ဂျက်များ



မေး ။ ။ အခုချိန်မှာက Covid-19 ဖြစ်ပွားနေတဲ့အချိန်ဖြစ်တဲ့အတွက် ဆရာတို့အနေနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ရတာ ဘယ်လိုအခြေအနေရှိလဲ။

ဖြေ။ ။ ကျတော်တို့ဒီတည်ဆောက်ရေးလုပ်ငန်းများအနေနဲ့ကတော့ ဒီဧပြီလထဲ အစထဲကိုက ကျတော်တို့ဒါကျေးလက်ဦးစီးဌာနရဲ့တည်ဆောက်ရေးလုပ်ငန်းတွေကိုလုပ်တဲ့ ကုမ္ပဏီတွေကိုအကုန်လုံး လမ်းညွှန်ပြီးပြီဖြစ်ပါတယ်။ ဒေသန္တာရကလမ်းညွှန်တဲ့ အမိန့်ညွှန်ကြားချက်တွေအားလုံးကိုကျတော်တို့ကထပ်ဆင့်ညွှန်ကြားထားတာဖြစ်ပါတယ် အဲ့ဒါကြောင့်လဲ သင်္ကြန်ပိတ်ရက်တွေမှာ ကျတော်တို့နဲ့လက်တွဲပြီးလုပ်နေတဲ့ ကုမ္ပဏီထဲမှာ ၇၅ရာခုန်နှုန်းလောက်က ပြည်နယ်ပြင်ပကိုထွက်ခွာမှုမရှိပါဘူး ဒါကုမ္ပဏီရော၊ အလုပ်သမားရောပြင်ပကိုထွက်ခွာမှုမရှိဘူး လက်ရှိလုပ်လုပ်ငန်းခွင်မှာဘဲ သူတို့လုပ်ငန်းဆောင်ရွက်ဆဲအနေအထားနဲ့ကျတော်တို့လုပ်နေတာဖြစ်တဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းများမှာတော့ များစွာထိခိုက်မှု ဒါမရှိနိုင်ဘူးလို့တော့ကျတော်အနေနဲ့သုံးသပ်မိပါတယ်။

မေး ။ ။ Covid နဲ့ပတ်သတ်ပြီးတော့ရော ဆရာတို့ကျေးလက်ဒေသဖွံ့ဖြိုးရေးရုံးအနေနဲ့ပြည်သူတွေကို ဘာတွေလုပ်ဆောင်ပေးနေပြီလဲ။

ဖြေ ။ ။ ကျေးလက်အနေနဲ့ကျတော်တို့က လိုအပ်တဲ့နေရာတွေမှာ ကျတော်တို့ဒါမြန်မြန်သွား၊ မြန်မြန်ပြန်၊ မြန်မြန်ပြောဆိုတဲ့စနစ်ကလေးနဲ့ကျတော်တို့လုပ်နေပါတယ်။ အတတ်နိုင်ဆုံး ၊ ထိတွေ့မှုအနည်းဆုံးနဲ ကျတော်တို့ကျန်းမာရေး Cover အများဆုံးရအောင်ကျတော်တို့ ဆောင်ရွက်လျက်ရှိပါတယ်။ ကျတော်တို့ဌာနက Covid-19 နဲ့ပတ်သတ်ပြီးတော့ Unicef အဖွဲ့အစည်းနဲ့ပူးပေါင်းပြီးတော့ ကျတော်တို့ လက်ဆေးဘေဇင် တပ်ဆင်တဲ့လုပ်ငန်းတွေကို ကျတော်တို့အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီလုပ်ငန်းသည်လဲ ကျတော်တို့က လက်ဆေးတဲ့ အလေ့အထကို ဒါအစဉ်အမြဲ စွဲမြဲဖို့နဲ့ အခု Covid ကာလမှာလဲ လက်ဆေးခြင်းသည်အကောင်းဆုံးကျတော်တို့ကာကွယ်တဲ့ ဒါလုပ်ငန်းဖြစ်တဲ့ အတွက် ဒီဟာကိုကျတော်တို့လိုက်နာဆောင်ရွက်နိုင်ဖို့အတွက်ကို ကျတော်တို့လက်ဆေးဘေဇင်တပ်ဆင်တဲ့ လုပ်ငန်းတွေကို ကျတော်တို့ဆောင်ရွက်ခဲ့ပါတယ်။ လုပ်ငန်းတွေကိုတော့ ကျတော်တို့မြို့နယ် ၃မြို့နယ်မှာကျတော်တို့လုပ်ခဲ့တယ်။ မြို့နယ် ၃မြို့နယ်က လွိုင်ကော်၊ ဒီးမော့ဆို၊ ဖားဆောင်းမြို့နယ် ၃မြို့နယ်မှာ ကျေးရွာနဲ့ကျတော်တို့မြို့ပေါ်ပေါ့ နေရာပေါင်း ၄၅နေရာမှာ လက်ဆေးဘေဇင်ပေါင်း ၅၄စုံ ကျတော်တို့ဒါတပ်ဆင်ဆောင်ရွက်ပေးခဲ့ပါတယ် လက်ဆေး ဘေဇင်နဲ့အတူ လက်ဆေးဖို့ဆပ်ပြာ ၊ ကျတော်တို့လက်သန့်ဆေးရည်၊ နှာခေါင်းစည်း ဒါတွေကိုလဲ ကျတော်တို့တတ်နိုင်သလောက် ဒါသက်ဆိုင်ရာကျေးရွာတွေကို ကျတော်တို့ဝေငှပြီးတော့ ပညာပေးဆောင်ရွက်ခဲ့ပါတယ်။

မေး ။ ။ ဆရာတို့ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဆောင်နေတဲ့အပေါ် ကျတော်တို့ပြည်နယ်မှာ ဘယ်လောက်အထိအောင်မြင်နေပြီလဲ။

ဖြေ။ ။ ပြည်နယ်တစ်ခုလုံးခြုံငုံပြီးတော့ပြောဖို့ကျတော်အနေနဲ့နည်းနည်းလေး အခက်အခဲရှိပါတယ်။ ဒါပေမဲ့အားလုံးကလဲ မြင်ပြီးတော့ သုံးသပ်နိုင်ပါတယ်။ ကျတော်တို့ပြည်နယ်သည် မြန်မာနိုင်ငံမှာဆိုရင်တော့ ဒါဧရီယာအကျဉ်းဆုံးပြည်နယ်ဖြစ်ပါတယ်၊ ထိုနည်းလည်းကောင်းဘဲ လူဦးရေသိပ်သည်းမှုအနည်းဆုံး၊ လူဦးရေ အရေအတွက်အနည်းဆုံးပြည်နယ်ဖြစ်ပါတယ်။ ဒါပေမဲ့ ကျတော်တို့ပြည်နယ်သည် ဒါလမ်းပန်းဆက်သွယ်ရေးမှာဆိုရင်လဲ ကျန်တဲ့ပြည်နယ်တွေနဲ့ကျတော်တို့ဒါကောင်းကောင်းယဉ်နိုင်တဲ့အနေအထားရှိပါတယ်၊ နောက်တစ်ခါ သန့်ရှင်းမှု အပိုင်းမှာဆိုရင်လဲ ကျတော်တို့အာဆီယံ မှာ အသန့်ရှင်းဆုံးမြို့တော်ဆုတောင် ကျတော်တို့လွိုင်ကော်မြို့က ရခဲ့တဲ့ အနေအထားရှိပါတယ်။ နောက်လိုအပ်တဲ့ ကျတော်တို့ ဒါ Inferstructure လို့ခေါ်တဲ့…… ကိစ္စမှလဲ အားလုံးမြင်တဲ့အတိုင်းပါဘဲ ကျတော်တို့လျှပ်စစ်မီးဆိုရင်လဲ ကျတော်တို့ပြည်နယ်ထဲက လောပိတ အမှတ်၁၊၂၊၃ ကျတော်တို့ထုတ်လုပ်ပေးနေသလို ပြည်နယ်ရဲ့ကျတော်တို့၇၀ ရာခိုင်နှုန်း ကျော် ၈၀ ရာခိုင်နှုန်း ဒါကျတော် ခန့်မှန်းပါဗျ အဲ့လောက်ထိကို ဒါကျတော်တို့က လျှပ်စစ်မီး ရရှိပြီးဖြစ်ပါတယ် ကျန်တဲ့နေရာတွေမှာဆိုရင်လဲ ဒါလျှပ်စစ်မီး မကြာမှီရသွားမဲ့ အနေအထားဖြစ်တဲ့အတွက် ဖွံ့ဖြိုးမှုအနေအထားမှာတော့ ကျတော်တို့ပြည်နယ်သည် ဒါနောက်ကျတဲ့ အနေအထားမရှိဘူးလို့ကျတော်အနေနဲ့ ထင်မြင်ယူဆမိပါတယ်။



ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်သည့်လုပ်ငန်းများ

မေး ။ ။ ဆရာတို့ဖွံ့ဖြိုးရေးလုပ်တဲ့နေရာမှာ တစ်ခြားအရပ်လက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းလုပ်ဆောင်တာရှိလား။

ဖြေ ။ ။ ရှိပါတယ်။ ကျတော်တို့က ကျတော်တို့မှာအခုလက်ရှိလုပ်နေတဲ့ စီမံကိန်းပေါ့နော် Community Driving Development Project ဆိုတဲ့ CDD လူထုဗဟိုပြုစီမံကိန်းမှာဆိုရင် ကျတော်တို့က ကမ္ဘာဘဏ်အဖွဲ့အစည်းနဲ့ကျတော်တို့ပေါင်းစပ်ပြီးဆောင်ရွက်နေပါတယ် ကမ္ဘာဘဏ်အဖွဲ့အစည်းက ကျတော်တို့လိုအပ်တဲ့ ကျတော်တို့ Social Partner တွေဖြစ်တဲ့ CBO\ CSO တွေနဲ့ဘဲကျတော်တို့က အမြဲတန်းထိတွေ့ပြီးတော့ နှစ်စဉ်ပေါ့ ကျတော်တို့ Township Multi-Stakeholder Review Meeting ပေ့ါ MSR လို့ခေါ်တယ်။ ကျတော်တို့သက်ဆိုင်သူ အလုံးစုံပါဝင်တဲ့ ဒါအလုပ်ရုံဆွေးနွေးပွဲတွေ၊ တွေ့ဆုံပွဲတွေ ကျတော်တို့အမြဲလုပ်ပါတယ်။

မေး ။ ။ ပြည်နယ်မှာ တစ်ချို့လက်နက်ကိုင်အဖွဲ့အစည်းတွေက NCA မထိုးသေးဘူးပေါ့နော် လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ နယ်မြေဒေသဘက်မှာ ဖွံ့ဖြိုးရေးလုပ်ရတာ အဆင်ပြေလား။

ဖြေ။ ။ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပတ်သတ်ပြီးပြောရမယ်ဆိုရင် ကျတော်တို့ဒါ ကျတော်တို့ဌာန တစ်ခုရဲ့အနေအထားနဲ့ဘဲပြောရမယ်ဆိုရင်တော့ ကျတော်တို့နဲ့ပေါင်းစပ်ဆောင်ရွက်တဲ့အနေအထားမှာ ပေါ့ လက်ရှိအနေအထားထိ ကျတော်တို့အဆင်ပြေချောမွေ့တဲ့ အနေအထားရှိပါတယ်။ ကျတော်တို့လဲ လူထုဗဟိုပြုစီမံကိန်းတွေ လုပ်တဲ့ အချိန်မှာ ကျတော်တို့ ဖားဆောင်းလို ဒေသမျိုး၊ ဖရူဆိုလိုဒေသမျိုးတွေ ကျတော်တို့ဒါဝင်ပြီးတော့ သွားလုပ်ရပါတယ်။ အဲ့လိုဒေသမျိုးတွေမှာ တစ်ချို့ကန့်သတ်နယ်မြေထဲမှာ ကျတော်တို့ဆောင်ရွက်ရတဲ့အခါမှာ ကျတော်တို့သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုကျတော်တို့ကြိုတင် သတင်းပေးပို့ ည်ှိ့နှိုင်းရယူပြီးတော့မှ သူတို့နားလည်သဘောပေါက်ပြီး လုပ်ငန်းအပေါ်မှာ ကျေလည်၊ သဘောတူတဲ့အနေအထားမျိုး ဖြစ်တဲ့အချိန်မှာ ကျတော်တို့အခက်အခဲမရှိ ဒါဆောင်ရွက်လို့ရတဲ့ အနေအထားမျိုးလေးတွေလဲ ရှိပါတယ်။



ဖရူဆိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၁၄.၄.၂၀၂၀)ရက်နေ့ တွင်ဖရူဆိုမြို့နယ်၊ဘီဆိုကျေးရွာ သို့ရေပေးဝေလှူဒါန်းမှု မှတ်တမ်း

မေး ။ ။ တခြားရောဘာတွေထပ်ပြီး ဖြည့်စွက်ပြောပြချင်သေးလဲ။

ဖြေ ။ ။ ပြည်နယ်ကြီးက အလုံးစုံဖွံ့ဖြိုးနိုင်မဲ့ အနေအထားမရှိပါဘူး အဲ့ဒီအတွက် ကျတော်တို့ပြည်နယ်မှာ အဓိက ကျတဲ့ အခြေခံကျတဲ့ ကျတော်တို့လူထုအဖွဲ့အစည်းတွေ၊ ကျတော်တို့ဒီဘက်က အရပ်ဘက်အဖွဲ့အစည်းတွေ၊ ကျေးရွာသူ\ သားတွေ အကုန်လုံးက ကျတော်တို့ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်မယ်၊ ထိန်းသိမ်းမယ်ဆိုရင်တော့ ဒီထက်ဒီထက်ပိုပြီးတော့ ကျတော်တို့ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့တဲ့ လုပ်ငန်းတွေ ရရှိမှာဖြစ်ကြောင်း ဒါကျတော်အနေနဲ့အကြံပြုဆွေးနွေးလိုပါတယ်။

နွေရာသီကလ ကျတော်တို့ကယားပြည်နယ်မှာရှိတဲ့ကျေးရွာတွေမှာ ရေရှားပါးပြတ်လပ်တဲ့ ကျေးရွာတွေကို ရေပေးဝေတဲ့ လုပ်ငန်းတွေ ကျတော်တို့အားသွင်ခွန်စိုက် ဒါဆောင်ရွက်လျက်ရှိပါတယ်။ စပြီးတော့ ကျတော်တို့ရေပေးဝေတဲ့လုပ်ငန်း စလုပ်တာ ၂.၃.၂၀၂၀ ပေါ့ (မတ်လ ၂ရက်) နေ့က ကျတော်တို့စပြီးတော့ဆောင်ရွက်ခဲ့တယ် ကျတော်တို့၁၉ရက် ၄လ ၂၀၂၀ အထိကို ကျေးရွာပေါင်း ကျတော်တို့ဒါ ၂၆ရွာ ၊ ရေပေးပို့တဲ့ အကြိမ်အရေအတွက်ပေါင်း ၈၇ ကြိမ်၊ ရေဂါလံပေါင်း ၈၇၆၅၀ ကိုကျတော်တို့ဒါပေးပို့လှူဒါန်း နိုင်ခဲ့ပြီဖြစ်ပါတယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့လယ်ကို ဖြတ်စီးနေတဲ့ ဘီလူးချောင်းရေဆက်လက်မြှင့်တက်နေတာကြောင့်...
September 19, 2024
ကရင်နီပြည်  ဆိုမိုဖေစိုးလေးမြို့နယ် ( ရှားတောမြို့နယ် ) အတွင်းရှိ  ကျေးရွာသုံးရွာမှာ...
September 18, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ်က အင်းတိန်ကျေးရွာ၊ အင်းတိန်ချောင်းဘေးမှာ...