တရုတ်ပြည်တွင် ရောင်းစားခံရသည်ဆိုသည့် ဖြူဖြူစိုးနှင့် မေမြန်းခြင်း

တရုတ်ပြည်တွင် ရောင်းစားခံရသည်ဆိုသည့် ဖြူဖြူစိုးနှင့် မေမြန်းခြင်း

တရုတ်ပြည်တွင် ရောင်းစားချခံရသည်ဆိုပြီး သတင်းများထွက်နေသော မဖြူဖြူစိုးနှင့် ယနေ့ နံနက် ၁၁ နာရီ မိနစ် ၄၀ က နိရဥ္စရာမှ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခွင့်ရခဲ့ပါသည်။

သူမ၏ ဖြေကြားချက် အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

မေး- အခု ဘယ်ကို ရောက်နေလဲ။

ဖြေ- တရုတ်ပြည်မှာပါ။

မေး- တရုတ်ပြည်ဘယ်ကို ရောက်နေလဲ။

ဖြေ- ရိုရန် (ဖုန်းထဲကဖြစ်၍ နာမည် မှားနိုင်သည်) ကို ရောက်နေတယ်။ ရွှေလီနဲ့ တော်တော်ဝေးပါတယ်။

မေး- သမီး ရောင်စားခံရတယ်ဆိုပြီး သတင်းတက်နေတယ်။ ဟုတ်လား။

ဖြေ- မဟုတ်ပါ။ မဟုတ်ပါ။ သမီးက ရောင်းစားခံရတာမဟုတ်ပါဘူး။ သမီး အလုပ်လုပ်ဖို့ သမီးကြီးကြီးတို့ဆီကို တက်လာတာပါ။ ပွဲစားမက သမီးကို ရောင်းစားချင်လို့ လိမ်လို့ ညာလို့ ခေါ်ပါတယ်။ သမီးကလည်း ယုံကြည်လို့ လိုက်လားခတယ်။ သမီးကြီးကြီးက ပွဲစားမလို့ သိသွားတဲ့ အတွက် သမီးကို လာခေါ်တယ်။ သမီးက ပွဲစားမလို့ နောက်မှ သိပါတယ်။ သမီးက ကြောက်လို့ ငိုနေတယ်။

မေး- သမီးအဖေအမေ နာမည်

ဖြေ- သိန်းသိန်းချေနဲ့ ဖြူချေ၊

မေး- အဘနာမည် ဖြူချေလား။

ဖြေ- ဟုတ်ပါတယ်။

မေး- နှင်က ဘယ်ရွာကလဲ။

ဖြေ- အမ်းမြို့နယ် သလူမော်ဘက်ကပါ။

မေး- ရောက်တာ ဘာလောက်ကြာပြီလဲ။

ဖြေ- တစ်လရှိပါပြီ။

မေး- နှင့်ကြီးကြီးနာမည်ဘယ်လို ခေါ်သလဲ။ 

ဖြေ- မခိုင်ပါ။

မေး- မခိုင်က နှင်နဲ့ ဘာတော်လဲ။ နှင့်အမေမှာ အစ်မလား၊ ညီမလား။

ဖြေ- သမီး အမေရဲ့ အစ်မဝမ်းကွဲတော်ပါတယ်။

မေး- အဲဒီအမျိုးသမီးက ဘယ်ရွာကလဲ။

ဖြေ- အမ်းမြို့နယ်ဘက်ပါလေ။

မေး- သမီးအမှန်ပြောနော်။ အမှန်မပြောရင် ပြသနာရှိတယ်။ သမီးကြားလား။ အမှန် ပြောနော်။

ဖြေ- အမှန်ပြောနေတာပါ။

မေး- သမီး အခု ဘယ်စက်ရုံမှာ အလုပ်လုပ်နေလဲ။

ဖြေ- သမီးစက်ရုံမှာ လုပ်နေတာမဟုတ်ပါ။ စပျစ်ခင်းမှာ လုပ်နေတာပါ။

မေး- သမီးအသူတို့နဲ့ နေလဲ။

ဖြေ- မကန်၊ ဗမာတွေ၊ ရခိုင်တွေအများကြီး၊ မကန်ရှိပါတယ်။ သူတို့နဲ့ နေတာပါ။

မေး- သမီးက အခန်းမှာနေတာလား။

ဖြေ- ဟုတ်ပါတယ်။

မေး- သမီးအသက် ဘယ်လောက်ရှိပြီလဲ။

ဖြေ- ၁၈ နှစ်၊ ၁၉ နှစ် တက်နေပါပြီ။

မေး- သမီးရွာမှာနေတုန်းက ဘာလုပ်ခဲ့သလဲ။

ဖြေ- အလုပ်တွေ လုပ်ခဲ့တယ်။ အာရ်စီတွေ၊ ပန်းရံတွေ လုပ်ခဲ့ပါတယ်။

မေး- သမီးမှာ ညီအစ်ကိုမောင်နှမ ဘယ်နှဦးရှိလဲ။

ဖြေ- ခြောက်ဦးရှိပါတယ်။

မေး- သမီး မောင်အကြီးဆုံးနာမည်ဘာလဲ။

ဖြေ- အောင်လင်းကို

မေး- သမီးကို ဘာဖြစ်လို့ ဟိုအမျိုးသမီးက အမျိုးမျိုးတင်တာလဲ။ တင်တဲ့ အမျိုးသမီးကဘယ်သူလဲ။

ဖြေ- စောစောသန်းပါ။

မေး- သူက ဘယ်ရွာကလဲ။

ဖြေ- စနဲ ဗြုံးဗြဲက ပါ။

မေး- သမီးတစ်ခု ပြသနာမှ မဖြစ်ဘူးနော်။ အေးအေးဆေးဆေးရှိတယ်ဆိုတာ သေချာတယ်နော်။

ဖြေ-အေးအေးဆေးဆေးရှိပါတယ်။ ပြသနာလည်း မရှိပါ။ ဒီလို တင်တာက သမီးကို မရောင်းစားရလို့ ပါ။ အေးဒီအမျိုးသမီးက တင်တာပါ။

မေး- သမီးတို့ ဖြစ်တာက ဘယ်နေ့က ဖြစ်တာလဲ။

ဖြေ- ကြာပါပြီ။ ရက်ပေါင်း တစ်ဆယ်ကျော်လောက်ရှိနေပါပြီ။

မေး- သမီးကို သမီးတို့ရဲ့ကြီးကြီးတို့က ပြန်ခေါ်လာတာပေါ့။ 

ဖြေ- ဟုတ်ပါတယ်။

Most read this week

ဓာတ်ပုံ - United Nations Myanmar
April 18, 2025
မြန်မာတွင် ငလျင်ကြောင့် ခိုလှုံစရာနေရာနှင့် အခြေခံအိမ်သုံးပစ္စည်းများ အကူအညီလိုအပ်နေသည့် လူဦးရေ...
April 11, 2025
ရန်ကုန်တိုင်းတွင် ပြီးခဲ့သည့် မတ်လအတွင်းက စစ်ကောင်စီထံ ဖမ်းဆီးခံရသူ ၁၈ဝ ကျော်ရှိခဲ့သည်ဟု...
April 10, 2025
မောင်တောတိုက်ပွဲအတွင်း တိမ်းရှောင်ခဲ့ကြသည့် မွတ်ဆလင်စစ်ဘေးရှောင်များအား အာရက္ခတပ်တော် (AA) မှ...
Source and Photos: AMP
April 9, 2025
အာရက္ခနိုင်ငံတည်ဆောက်ရေးမှာ မည်သူမဆို လူမျိုးဘာသာမခွဲခြားဘဲ ပါဝင် ဆောင်ရွက်နိုင်ကြောင်း...