ကြားဖြတ်ရွေးကောက်ပွဲတွင် ကန်ပက်လက် မြို့နယ်မှ ပြည်သူ့လွှတ်တော်နေရာအတွက် အဲန်အယ်ဒီ ပါတီမှ ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးညွှန့်ဝင်းနှင့် တွေ့ဆုံးမေးမြန်းခြင်း

ကြားဖြတ်ရွေးကောက်ပွဲတွင် ကန်ပက်လက် မြို့နယ်မှ ပြည်သူ့လွှတ်တော်နေရာအတွက် အဲန်အယ်ဒီ ပါတီမှ ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးညွှန့်ဝင်းနှင့် တွေ့ဆုံးမေးမြန်းခြင်း
by -
Salai Khup Khup

မေး ။ ။ ပြည်သူ့ လွှတ်တော်နေရာအတွက် အဓိကယှဉ်ပြိုင်ရတဲ့ရည်ရွယ်ချက်ကဘာဖြစ်မလဲ။

ဖြေ ။ ။ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ အုပ်တစ်ချပ်သဲတစ်ပွင့် ပြည်သူ့အတွက်အကျိုးရှိမယ့်အရာတွေကို ဒေသအဆင့်ကနေ နိုင်ငံတော်အဆင့်ထိပြုပြင်ပြောင်း လဲရေးလုပ်ငန်းဖြစ်စဉ်တွေနဲ့လွှတ်တော်လုပ်ငန်းစဉ်တွေမှာ အားတတ်သရောပူးပေါင်းပါဝင်ဖို့ပါ။

မေး။ ။ ကျန်တဲ့ နှစ်နှစ်ဝန်းကျင်သက်တမ်းမှာ ကိုယ်စားလှယ်အဖြစ်အရွေးချယ်ခံရမယ်ဆို ရင် ဦးစားပေးလုပ်ဆောင်မယ့်အ ရာတွေကဘာတွေဖြစ်မလဲ။

ဖြေ။ ။ အဓိကတော့လွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်သူကြားဆက်သွယ်မှုနဲ့ မဲဆန္ဒရှင်တွေအလိုကျ ချိတ်ဆက် ဆက်သွယ်လုပ်ငန်းဆောင်ရွက်မှုတွေက အဓိကဦးစားပေးလုပ်ဆောင်ရမယ်လို့ ထင်တာပေါ့။

မေး ။ ။ အခုလွှတ်တော်ကိုယ်စားလှယ်တွေထက် ပိုပြီးစွမ်းဆောင်နိုင်မယ်လို့ ကိုယ့်ဟာကိုယ်ဘယ်လောက်ထ်ိ ယုံကြည်မှုရှိသလဲ။ အဲဒီအတွက်ကြိုးစားပြင်ဆင်ထားပါသလား။

ဖြေ ။ ။ ပြည်သူရဲ့ပေးလာတဲ့ အခွင့် အာဏာအပေါ်မှာ ကျွန်တော်တို့ အတတ်နိုင်ဆုံးတော့ ကျွန်တော်တို့ လုပ်နိုင်မယ်လို့ ယုံကြည်တယ်။ ဟိုအရင်ကထဲက အရပ်ဖက်အဖွဲ့အစည်းမှာ ဆလိုင်းမင်းညို နာမည်နဲ့ မြေယာကိစ္စရပ်တွေမှာကအစ သွားလာနေတာဆိုတော့ ကျွန်တော်လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခြင်းမဖြစ်ခြင်း ဆိုတာထက် ဒေသမှာပြသနာတွေပေါ်လာလို့ ရှိရင်ပြည်သူဘက်က ရပ်တည်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့အတွက် လွှတ်တော်တွင်းကို တကယ်ရောက်ရှိခဲ့ရင်လည်း ဒီလိုဘဲ ပြည်သူရဲ့ လိုအပ်ချက်တွေနဲ့ မြန်မာပြည်ရဲ့ လွှတ်တော်ဖြစ်စဉ်ဖြစ်ရပ်တွေ ပြုပြင်ပြောင်းလဲသင့်တဲ့ အရာတွေမှာ အရေးကြီးတဲ့အဆိုတွေတော့ ကျွန်တော်ရှာဖွေပြီးတော့ တင်သွင်းဖြစ်မယ်လို့ ကျွန်တော်ထင်တယ်။

မေး ။ ။ အဓိကယှဉ်ပြိုင်ဖက်က ဘယ်ပါတီကဖြစ်မယ်လို့ ထင်သလဲ။

ဖြေ ။ ။ အခုယှဉ်ပြိုင်မယ့်ပါတီက CPPပါတီမှာတစ်ဦးနဲ့ယှဉ်ပြိုင်မယ်၊ CNDPမှာတစ်ဦးနဲ့ ယှဉ်ပြိုင်မယ်၊ USDP ကနေလည်း တစ်ဦးနဲ့ယှဉ်ပြိုင်မှာပါ။ သူ့တို့ တွေက ဟိုရင်ကလည်းပြိုင်ဆိုင်ဖူးတဲ့ သူတွေပါ။ ကျွန်တော်ကတော့ ပထမဆုံးယှဉ်ပြိုင်မယ့်သူပါ၊ သူတို့ အားလုံးဟာ အဓိကပြိုင်ဘက်တွေပါဘဲ။

မေး ။ ။ ကိုယ့်မဲဆန္ဒနယ်ကလူထုအတွက် အဓိက ကတိပေးရဲတဲ့ အချက်တွေကို ပြောပြပေးလို့ရမလား။ 

ဖြေ ။ ။ ပြည်သူဖက်ကိုမျက်နှာမူပြီးတော့ ပြည်သူလူထုပေးတဲ့ အခွင့်အဏာနဲ့ တော့ လူထုအတွက်အကျိုးရှိမယ့် အရာတွေကိုတော့ကျွန််တော်တို့ ကိုယ်စွမ်းညာဏ်စွမ်းရှိသမှုနဲ့ ကျွန််တော်တို့လုပ်ပေးပါမယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 21, 2024
နေပြည်တော်ကောင်စီနယ်မြေ  လယ်ဝေးမြို့နယ် ကျောက်အိုးကျေးရွာက အသက် ၁၄ နှစ်ကနေ ၄၀ အကြားရှိ...
September 20, 2024
စက်တင်ဘာလ ၄ ရက် ညနေပိုင်းမှာ ကလေးမြို့ တောင်ဖီလာရပ်ကွက်က အများပြည်သူတွေရဲ့နေအိမ်တွေမှာ...
September 13, 2024
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ...