”မြန်မာကို ကမ္ဘာကသိဖို့လိုသည်၊ကမ္ဘာကို မြန်မာက သိဖို့လိုသည်”စသည့်ဖြင့် အစိပ္ပါယ်ဖွင့်ဆိုရေးသား ကြသည်ကို ဖတ်ရူခဲ့ရဖူးသည်။
”မြန်မာကို မြန်မာတို့ သိဖို့လိုသည်”ဟူသော စကားရပ်ကိုမူ အပြောအဆို အရေးအသား နည်းလှပါသည် ။”စင်စစ်အားဖြင့် မြန်မာကို မြန်မာတို့ သိဖို့ကပို၍ အရင်းမူလ ပဓာနကျသည်ဟု ဆိုချင်ပါ၏”ဟူ၍ ဆရာကြီး ဦးလေးမြိုင်က အမိန့်ရှိခဲ့ဖူးပါသည်။
စသည်တို့ကို ဖတ်၍”ချင်းကိုချင်းတို့ သိဖို့လိုသည်”အကြောင်းကိုရေးသားလိုစိတ်ပေါ်ပေါက်ခဲ့ပါသည်။
ကျွန်တော်တို့သည် ဟိုနိုင်ငံ၊ဒီနိုင်ငံအကြောင်း၊ပုဂိုလ်ကျော်ကြီးများ၊လူမူရေး၊ စီးပွားရေး၊ပညာရေး၊ဖွံ့ဖြိုးရေး၊နိုင်ငံရေး၊အမျိုးသားရေးတို့ကို အားကြိုးမာန်တက်ကြိုးပမ်းသင်ကြားပို့ချကြသော်လည်း ကိုယ်နိုင်ငံ ကိုယ်လူ မျိုး၏ ယဉ်ကျေးမူဘာသာစကား၊စာပေ၊ထုံးတမ်းအစဉ်အလာ၊ရိုးရာဓလေ့စရိုက်နှင့် အမျိုးသားရေး စသည်တို့ကို စနစ်တကျလေ့လာသင်ပြသည်ကို မတွေ့မိပါ။
ထို့ကြောင့် ကိုယ့်ကြောင်းကိုယ်မသိပဲ တိုက်ပွဲကို ဆင်နွဲနေကြသည်ကို တွေ့ရမြင်ရကြားသိရသောအခါ ကိုယ့်လူမျိုးကို ကိုယ်လူမျိုးတို့ မသိကြသူများပါလားဟု၍ သံဝေဂရမိပါသည်။
” ရောမမြို့ ကြီး အလွန်ကျယ်သည်။လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀၀ ကျော် ၃၀၀၀ လောက်ကစ၍ တည်ခဲ့သည်။မြို့ကြီးအလွန်ခမ်းနားသည်။တစ်မြို့တည်းတွင် လူဦးရေး ၈၀၀၀၀၀ လောက်နေသည်။ကလက်တတ္တားမြို့ အလွန်ကျယ်ပြန့်သည်။စင်ကာပူမြို့ အလွန်သာယာလှပသည် စသည်ဖြင့် အဝေးမြို့ကြီးပြကြီးများအကြောင်းကို လေ့လေ့လာလာ၊မှတ်မှတ်သားသားဂရုတစိုက် ကွက်စိပ်ချ၍ ပြောတက်သူ ပြောနိုင်သူများ အလွန်ပေါများသော် လည်း တို့ပြည်နယ်နှင့်ပလက်ဝမြို့ကလေးအကြောင်း ပြောစမ်းပါကွာဟု ဆိုသောအခါ ပါးစပ်ဟနေသူများကိုသာ အတွေ့ရများနေသည်။”။
ထ ိုသို့လည်း ဆရာကြီးဇေယျ၏ အဆိုအမိန့်သြဝါဒသည် ကျွန်တော်တို့ ယနေ့ခေတ် လူငယ်၊လူကြီးများ အထူးသတိထားသင့်သော အကြောင်းအရာ တစ်ရပ်ဖြစ်ပေသည်။
မြန်မာနိုင်ငံသား ခေတ်ပညာတတ်တစ်ဦး၏ အဖြစ်အပျက်ကို ပြောပြချင်ပါသည်။သူသည် ဂျပန်နိုင်ငံတွ င် ပညာသင်ယူနေသူဖြစ်၏။သူ၏ချစ်သူသည် ဂျပန်သူလေးပင်ဖြစ်သည်။သူတို့ ချစ်ကြိုက်ရည်ငံနေကြသည် ကို မိန်းကလေး၏ဖခင်သိသောအခါ တစ်နေ့လူငယ်လေးကိုခေါ်ရျွ်တွေ့ပါသည်။ လူငယ်လေးသည် ယောက္ခမ ခေါ်တွေ့မည်ကို ကြိုသိ၍ ဂျပန်နိုင်ငံ၊ဂျပန်လူမျိုးအကြောင်းစုံ လေ့လာခဲ့ပြီးဖြစ်ပါသည်။ထို့ကြောင့် သူ့ယောက္ခမ၏ မေးမြန်းသမျှကို အားလုံးဖြေဆိုနိုင်သည်။ သို့ဖြင့်”ကဲ..ဟုတ်ပြီ မင်းကငါတို့ရဲ့နိုင်ငံ၊ လူမျိုးဘာသာစကား၊ ယဉ် ကျေးမှု အားလုံးကို သိရှိပြီးဖြစ်တယ်။ မင်းတော်ပါပေတယ်”ဟုပြောပြီး မြန်မာနိုင်ငံ၊မြန်မာလူမျိုးအကြောင်းကို မေးလေ၏။ထိုအခါ ကောင်လေးမှာ ပါးစပ်ဟရျွ် မဖြေနိုင်ဘဲ ဖြစ်နေလေသည်။ယောက္ခမလောင်းက အောနှလုံးနာ၍ "သူတစ်ပါးနိုင်ငံ၊သူတစ်ပါး လူမျိုးကို အထင်ကြီး၊ကိုယ့်နိုင်ငံ၊ကိုယ့်လူမျိုးကို အထင်သေးသူ၊ သူတစ်ပါးအကြေ ာင်းကိုသာ သိပြီး ကိုယ့်အကြောင်းကိုယ်မသိသူကို ငါ့သမီးနဲ့မပေးစားနိုင်” ဟု ပြောခဲ့ဖူးကြောင်း သိရှိမှတ်သားရပါသည်။
ချင်းပြည်နယ်၊ပလက်ဝမြို့က ခူမီး(ချင်း)လူမျိုး၊ခေတ်ပညာတတ်လူငယ်တစ်ဦးသည်”အင်တာဗျူး”တစ်ခု တွင် ကိုယ့်လူမျိုး၏စကားကို ပြောခိုင်းရာ အခြားလူမျိုး၏ စကားဖြင့် မပြောတက်ဟု ဖြေခဲ့ကြောင်း အမှန်တက ယ်ကြားသိရသည်။ အထက်အရာရှိကလည်း အဲ့ဒီလူငယ်လေးကို အလုပ်ခန့်ချင်မည်လား စဉ်စားကြည့်ပါ။တကယ်ရင်နာ စရာကောင်းလှသည်။
သည်အဖြစ်အပျက်နှစ်ခုကို အချုပ်တွေးကြည့်လျှင် မြန်မာခေတ်ပညာတတ် လူငယ်လေးဟာ ဂျပန်နိုင်ငံ၊ ဂျပန်လူမျိုးအကြောင်းသိရုံနဲ့ ဂျပန်လူမျိုးဖြစ်မသွားသလို ခူမီးလူငယ်လေးဟာလည်း ခူမီးဘာသာစကားကို မပြေ ာတက်ဟု ပြောရုံနဲ့ အခြားလူမျိုးဖြစ်မလာပါဘူး။ သူတို့နှစ်ဦးရလဒ်ကတော့ အခြားလူမျိုးက အထင်သေးသလို ကိုယ့်လူမျိုးကလည်း ရှုံ့ချမှုသာလျှင် ဖြစ်ပေသည်။ အမျိုးသားအမြင်ဖြင့်ကြည့်လျှင် အမျိုးထဲတွင် သူတို့နှစ်ဦးသည် သေပြီးသောသူသာဖြစ်သလို အခြားအမျိုးသားအနေဖြင့်ကြည့်လျှင် အရူး၊အပေါသာဖြစ်ပေသည်။
ထို့ကြောင့် မြန်မာကို မြန်မာသိဖို့လိုသလို ချင်းကိုချင်းတို့က သိဖို့လိုသည်။မဟုတ်ပါလော။အထူးသဖြင့် ကိုယ့်နိုငင်ငံ၊ကိုယ့်လူမျိုးကို အထင်သေးသော ခေတ်ပ ညာတက်လူငယ်များ စဉ်းစားစရာ။
ယနေ့သုံးထောင်စု နှစ်ဆယ့်တစ်ရာစုတွင် သိပ္ပံနှင့်နည်းပညာတို့ တိုးတက်ဖြစ်ထွန်းလာမှုတို့ကြောင့် “လူသားတို့ ကမ္ဘာကြီး”သည်”ရွာကြီးတစ်ရွာ”သဖွယ်ဖြစ်လာတော့ ကျွန်တော်တို့သည် ကိုယ်ကိုကိုယ် အားလုံးနှ င့် အဆင်ပြေအောင်နေတက်သည်။သဘောထားကြီးသည်။စိတ်စါတ်မြင့်မြတ်သည်။ဟုထင်နေကြသည်။အဲ သည်ကိုဂုဏ်ယူနေကြသည်။နိုင်ငံကြီးသား၊ကမ္ဘာ အဆင့်စိတ်စါတ်ရှိသည်ဟုပင် ဘဝင်လေဟပ်နေအုံးမည်။ ကမ္ဘာသားအဖြစ်အတူနေထိုင်ပြီး အားလုံးကို နားလည်ပေးတာကောင်းပါသည်။ဒါ့ပေမယ့် ကျွန်တော် သိတာပြေ ာအုံးမည်။”နားလည်ပေးတယ်”ဆိုတာနှစ်မျိုးရှိသည်။ပထမတစ်မျိုးမှာ ဘာတစ်ခုမှမသိလို့ ဘာမှမပြော၊ပြောသမျှ ခေါင်းညိမ့်နားလည်ပေးတာ။ဒုတိယတစ်မျိုးမှာ အားလုံးကိုသိပြီး နားလည်ပေးတာ။ရှင်းရှင်းပြောရလျှင် ကျွန်တော်တို့သည် ကိုယ့့်အကြောင်း၊သူ့အကြောင်းအားလုံးကိုသိ၍ နားလည်ပေးတာမဟုတ်ဘဲ ဘာတစ်ခုကိုမျှ မသိ စုံလုံးကန်း နားလည်ပေးတာဖြစ်နေသည်။
ကျွန်တော် ပုံပြင်တစ်ပုဒ် ပြောပြမည်။ တောတစ်တောတွင် ခြင်္သေ့တစ်ကောင်မင်းမူနေ၏။ အဲသည်တောထဲတွင် ဆိတ်အုပ်စုတစ်စုလည်းရှိသတဲ့။ အဲသည်ဆိတ်အုပ်စုတွင် ထူးထူးခြားခြား ခြင်္သေ့လေးတစ်ကောင်ရှိေ လသည်။ခြင်္သေ့လေးသည် ပေါက်စကတည်းက ဆိတ်အုပ်စုနှင့် အတူနေခဲ့သည်။ဆိတ်မ၏နို့ရည်ကိုစို့ပြီး ကြီးပြင်းခဲ့ရသည်။ ဆိတ်တွေလို အော်မြည်ကာ မြက်စားသည်။သို့ပေမယ့် ဘယ်လိုမှ အံဝင်ခွင်မကျပဲ ရှိနေလေ တော့သည်။တစ်နေ့ အစာရှာထွက်ရင်း ခြင်္သေ့မင်းအုပ်စုနဲ့ ပက်ပင်းတိုးမိသည်။ထိုအခါ သူ့အမေဆိတ်မတို့သည် ကြောက်လန့်ကာ ထွက်ပြေးကြတော့သည်။ခြင်္သေ့လေးသည် သူ့အမေဆိတ်ကဲ့သို့ အော်မြည်ပြီးထွက်ပြေး၏။
ထိုအဖြစ်အပျက်ကို ခြင်္သေ့မင်းက မြင်တွေ့သောအခါ အလွန်အံ့သြသွားသည်။”မင်းမျိုးမင်းနွယ်ဖြစ်ပါလျ က် ကိုယ့်မျိုးကိုယ်မသိဘဲ ဆိတ်ကဲ့သို့ ပြုမူကျင့်ကြံနေသော ထိုခြင်္သေ့လေးကို ရအောင်ဖမ်းလာခဲ့”ဟု အမိန့်တော် ချလိုက်လေသည်။အမိန့်တော်အတိုင်း ခြင်္သေ့လေးကို ဖမ်းခေါ်လာခဲ့သည်။ထိုအခါ ခြင်္သေ့မင်းက ခြင်္သေ့လေးအားဆုံးမလေသည်။”မင်းဟာ ဆိတ်မျိုးမဟုတ်ဘူး၊ခြင်္သေ့မင်းမျိုးဖြစ်တယ်။ မြက်စားရတဲ့ အမျိုးမဟုတ်ဘူး၊အရှင် လတ်လတ်အသားကိုမှစားတဲ့အမျိုး။ ကြောက်လန့်ပြေးရတဲ့ အမျိုးမဟုတ်ဘူး၊ဒီတောမှာ အုပ်ချုပ်ရတဲ့ အမျိုးကွာ”။ ဟုဆုံးမပြီး ဟိန်းဟောက်ပြသည်။ထိုအတိုင်း ဟိန်းဟောက်မှုကအစ သင်ပေးခဲ့သည်။ “မှတ်ထား မင်းဟာ မင်းမျိုးမင်းနွယ်ဆိုတာ အသွေးထဲ၊အသားထဲ၊နှလုံးသားသားထဲ မြဲမြဲမှတ်ထား။ ကိုယ့်အမျိုး ကိုယ့်မသိလို့ ဆုံးရှုံးနေတာ”တဲ့။
နောက်ဆုံး ခြင်္သေ့လေးသည် ခြင်္သေ့မင်းအတိုင်းဖြစ်လာခဲ့သည်။ တစ်နေ့တော့ သူ့အမေ ဆိတ်အုပ်စုနှင့် ပြန်တွေ့သည်။ထိုအခါ ဆိတ်လိုအော်မြည်ကာ နုတ်ဆက်လေ၏။ အရင်ကအတိုင်း ချစ်ခင်ရင်းနှီးစွာ နေထိုင်ကြ လေသည်။ဆိတ်ကိုသားကောင်၊ရန်သူလို သဘောမထားပဲ အားကိုနားလည်လွှတ်ငြိမ်းခွင့်ပေးသည်။ဒါပေမယ့် ကိုယ်သည် ဆိတ်မဟုတ်၊ ခြင်္သေ့မင်းဖြစ်တယ်ဆိုတာ လုံးဝသဘောပေါက်သိရှိပြီးဖြစ်ပါသည်။ပုံပြင်က သည်လေ ာက်ပင်ဖြစ်သည်။
သည်ပုံပြင်က ဘာကိုပြောချင်လဲဆိုလျှင် ခြင်္သေ့လေးသည် ကိုယ့်အမျိုးကို ကိုယ့်မသိသောကြောင့် ဆိတ်ကဲ့သို့ ပြုမှုကျင့်ကြံသည်။မိမိရဲ့ ဖြစ်ခြင်း၊မိမိရဲ့ဇာစ်မြစ်ကိုမသိပဲ သူတစ်ပါးနောက်လိုက်မိနေသည်။ ကျွန်တော် တို့လူမျိုးသည်လည်း ဒီအတိုင်းပင်ဖြစ်နေသည်။သည်မှာ မျက်ကန်းလို ဘာမှမသိ နားလည်ပေးတာဖြ စ်သည်။ထို့နောက် ခြင်္သေ့မင်းနှင့်တွေ့ပြီး ကိုယ်ဟာမင်းမျိုးဖြစ်သည်ဆိုတာ သိရှိသည်။ထိုအခါ ဆိတ်အုပ်စုကို ကြီး နိုင်ငယ်ညှဉ်းမှု မပြုလုပ်ပဲ ငြိမ်းချမ်းစွာနှင့် နားလည်ပေးသည်။သည်မှာ ကိုယ့်အကြောင်း၊သူ့အကြောင်းသိပြီး အားလုံးကို နားလည်ပေးသည့် အဆင့်ဖြစ်ပါသည်။ကျွန်တော်တို့ အမျိးကို သည်ကဲ့သို့ဖြစ်ချင်ပါသည်။ကိုယ့်အမျို းကိုယ်သိပြီး အားလုံးကို နားလည်ပေးသည့် အဆင့်ဖြစ်သင့်ပါသည်။
ချင်းဖြစ်လျှင် ချင်းပြည်နယ်၊မြို့တော်၊မြို့ရွာအကြောင်း၊ချင်းလူမျိုးအကြောင်း။ ပညာရေး၊စာပေ၊လူမှုရေး၊ စီးပွားရေး၊ဘာသာရေး၊ယဉ်ကျေးမှု၊ရိုးရာဓလေ့ စသည်များကို တန်ဖိုးထားလေ့လာမှတ်သားရပါမည်ဖြစ်ပါသည်။ ကိုယ့်အဆင့်ကိုယ့်သိမှ ကိုယ်ဘယ်အထိရောက်နေပြီဆိုတာ သိမှာဖြစ်သည်။ကိုယ့်ဘယ်ခရီးရောက်နေပြီမသိလျှင် ဘယ်ကစ သွားရမည်မသိနိုင်ပါ။သုညအဆင့်ရောက်နေလည်း ကိုယ်ရောက်သည့်နေရာသိရင် တစ်နေ့ထက် တစ်နေ့ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းလို့ရပါသည်။ချင်းကို ချင်းတို့သိပါ။
ချင်းပြည်နယ်၊တီးတိန်မြို့နယ်ရှိ ထူခြားဆန်းကြယ်သော ရိဒ်ရေကန်အကြောင်း။ တောင်မှာ ပလက်ဝမြို့နယ်ရှိ ကီမိုတောင်မှကန်ပကက်လက်မြိူ့နယ်ရှိ ၀ိတိုရိယတောင်အထိ၊ မြစ်မှာ ယပန်း(ကုလားတန်)မြစ်မှ မဏိပူရ် မြစ်အထိ၊ရေတံခွန်မှာ ပလက်ဝမြို့ရှိ သင်းသေရေတံခွန်မှ ဘုံတလာရေတံခွန်အထိ။တန်ဖိုးထားသောအရာများမှ ာ နွားနောက်မှ အောက်ချင်းငှက်အထ၊ိ သဇင်ပန်းမှတောင်ဇလပ်ပန်းအထိလေ့လာသိရှိရမည်ဖြစ်သည်။ မြောက် ပိုင်းသား၊တောင်ပိုင်းသား အားလုံး၏ဘုံ(ချင်း)ဟု ဖော်ကျူးရင်းအလှည့်ကျစနစ်ကို သင်ပေးနေသော ရိုးရာ ခေါင် ရေအိုးကိုလည်းမမေ့သင့်ပါ။ ပြာရည်နှင့်ဝါးကျည်ထောက်ကိုလည်း ချန်ထားခဲ့လို့ မရနိုင်ပါ။ ထိုစိတ်မှတဆင့် ကိုယ်မြေ၊ကိုယ်ရေကို ချစ်ခင်မြတ်နိုးထားတက်သည့် စိတ်ကောင်း၊စိတ်မြတ်များဝင်ရောက်လာမည် ဖြစ်ပါသည်။ ကိုယ့်လူမျိုး၏ လွတ်လပ်ရေး၊ဖွံ့ဖြိုးတိုးတက်ရေးတွင် ခေါင်းဆောင်သော ရှေ့လူကြီးများ၏ ကျေးဇူးတရားကို တန် ဖိုးထားဖို့လိုပါသည်။ချင်းကိုချင်းတို့သိခြင်းဖြင့် ကိုယ့်တိုင်းပြည်ကိုလည်း သိရာရောက်ပါလိမ့်မည်။
ထိုမှတဆင့်ရာဇဝင်(သမိုင်း)သိရုံသာမဟုတ်၊ရာဇဝင်(သမိုင်း)ကို ဖန်တီးရေး၊ပညာရေးကို သိရုံသာမဟုတ်၊ပညာရေးကို ကောင်းအောင် ဖန်တီးနိုင်ရေး။ လောကအကြောင်းကို နားလည်စေရုံသာမဟုတ် သည့်ထက်ကောင်းအောင်သော လောကကို ဖန်တိီးနိုင်ရေးကို ပြုပြင်ပြောင်းလဲရပါမည်။သူများက ခြေတစ်လှမ်း လှမ်းလျှင်တို့က လေး၊ငါးလှမ်း ဆက်လှမ်းရပါမည်။ ပထမချင်းကို ချင်းတို့ကသိ။ ထက်ဆင့်ကမ္ဘာသိအောင်လည်း ကြိုးစားရပါမည် မဟုတ်ပါလော။သည် အသိအမြင်ဖြင့် ကျွန်တော်တို့ အားလုံးလက်တွဲကာ ရှေ့ဆက်ရအောင်။