အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်းများ အပေါ် ခြိမ်းခြောက် တိုက်ခိုက်မှုမရှိနိုင်ဟုဆို

အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်းများ အပေါ် ခြိမ်းခြောက် တိုက်ခိုက်မှုမရှိနိုင်ဟုဆို
စအိုင်စူး - အခြားဒေသများတွင် လွှတ်တော်ကိုယ်စားလောင်းများအပေါ် ပုဂ္ဂိုလ်ရေး ခြိမ်းခြောက်တိုက်ခိုက် နေမှုများ ရှိနေသော်လည်း ကရင်ပြည်နယ်အတွင်းတွင် အဆုုိပါ ပြသနာများ ဖြစ်ပွားလာဖွယ် မရှိဟုု အမျိူးသမီးလွှတ်တော် ကုုိယ်စားလှယ်တချို့က ရွေးကောက်ပွဲ သတင်းခန်းသုုိ့ ပြောကြားသည်။

ကရင်ပြည်နယ်၌ ဌာနေတိုင်းရင်းသား အများစု နေထိုင်ရာဒေသဖြစ်ပြီး ကရင်ပြည်နယ်အတွင်း ဝင်ရောက် ယှဉ်ပြိုင် အရွေးခံမည့် နိုင်ငံရေး ပါတီများ အချင်းချင်း အကြားတွင်လည်း မသင့်မျှမှုများ မရှိသကဲ့သုုိ့ တခြားဒေသတွင် ဖြစ်ပွားနေ သည့် ခြိမ်းခြောက် တုုိက်ခုုိက်မှုများ မရှိနုုိင်ကြောင်း အမျိူးသားဒီမုုိကရေစီ အဖွဲ့ချူပ်  NLD ၏ ဘားအံမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကုုိယ်စားလှယ်လောင်း နန်းသန်းသန်းလွင်က ယခုုလိုု ပြောသည်။

“ ကျွန်မတုုိ့ဆီမှာက အဲလုုိတွေ မဖြစ်လာနုုိင်ဘူးလုုိ့ ထင်တယ်။ ဘာဖြစ်လုုိ့လဲ ဆုုိတော့ ကျွန်မတုုိ့ ကရင်ပြည်နယ်က တုုိင်းရင်းသားတွေ အများဆုုံးနေတာ ဆုုိတော့ အေးချမ်းတယ်လုုိ့ပဲ ပြောရမှာပေါ့နော်။ နောက်ပြီး တစ်ပါတီနဲ့ တစ်ပါတီကြားမှာ လည်း အေးအေးဆေးဆေးပဲ။ ဘာမှ ကြီးကြီးကျယ်ကျယ် ပြသနာ ရှာကြတာ မရှိဘူး။ ပါတီအကြားမှာ ထိပ်တုုိက် တွေ့ကြရင် လည်း ရှောင်သွားတာမျိူး နောက်ပြီး ကျွန်မတုုိ့ ကရင်လူမျိူးတွေက အေးဆေးပဲ ဆုုိတော့ တွေ့ကြရင် ပြံုးပြံုး ပဲ နှုတ်ဆက်ကြတယ် ” ဟုု နန်းသန်းသန်းလွင်က ဆုုိသည်။

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD လွှတ်တော်အမတ်ကိုနိုင်ငံလင်းကို မဲဆွယ်စည်းရုံးစဉ် ဓါးဖြင့်တိုက်ခိုက်ခံရမှု သတင်းမီဒီယာများတွင်ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပြီးနောက် ယခုလိုပြောဆိုလို်က်ကြခြင်းဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွ့ံဖြိုးတိုးတက်ရေးပါတီ-USDPမှ လှိုင်းဘွဲမဲဆန္ဒနယ်အမှတ်(၃) အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း နန်းရီရီထွေးက “ကျမတို့နယ်ဆင်းသွားတဲ့နေရာတွေမှာကတော့ အေးဆေးပါပဲ။ ကျမတို့ နဲ့ပြိုင်  ဘက်ပါတီတွေထဲကလည်း ကျမတို့နဲ့ ဆွေးမျိုးမကင်းရာမကင်းကြောင်းတွေ အများကြီးပါတယ်၊ ပါတီး အချင်းချင်း ကြားမှာလည်းဘာမှအငြိုးအတေးတွေမရှိဘူးဆိုတော့ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာမျိုးမရှိနိုင်ပါဘူး״ ဟု ရွေးကောက်ပွဲ သတင်းခန်းသုုိ့ ယနေ့ ပြောပြခဲ့သည်။

ထို့အပြင် ကရင်ပြည်နယ်၏ မဲဆန္ဒနယ်တချို့သည် တိုင်းရင်းသားလက်နက်ကိုင်ဒေသတချို့ ပါဝင် နေသော်လည်း နယ်မြေနှင့် ပတ်သက်သည့် စည်းကမ်းချက်များကို နိုင်ငံရေး ပါတီအများစုမှာ နားလည် သဘောပေါက်ထားသောကြောင့် အလာတူခြိမ်းခြောက် တိုက်ခိုက်မှုများ မရှိနိုင်ဘူးဟုလည်း ရွေးကောက်ပွဲ ပညာပေးနှင့်ရွေးကောက်ပွဲအပေါ်စောင့်ကြည့်လေ့လာနေသည့် ကရင်ပြည်နယ် အရပ်ဖက် လူမှုအဖွဲ့အစည်း များကွန်ယက်-KSCNမှ နော်အယ်ဖော်ဝါးကလည်း ရှင်းပြသည်။

 “ နိုင်ငံရေးပါတီနဲ့ အရပ်ဖက်အဖွဲ့အစည်းတော်တော်များက ဒီနယ်မြေဒေသတွေမှာရှိတဲ့ နယ်မြေစည်းကမ်းချက် တွေကိုသိ ထားကြပါတယ်။ သွားလာရင် ဘယ်လိုချိတ်ဆက် အသိပေးသွားလာမလဲ ဆိုတာမျိုးပေါ့။ နောက်ပြီး သူတို့ကို အသိပေးပြီးတော့ လုံခြုံရေးအတွက် စိတ်ချရပြီးဆိုမှ သွားလာတာမျိုး တခါတလေ သူတို့က လုံခြုံရေး ယူပေးတာမျိုးလည်း ရှိတယ်ဆိုတာ ကျမဖြတ်သန်းမှုအရ ခြိမ်းခြောက်တိုက်ခိုက်တာမျိုးမရှိနိုင်ပါဘူး ״ ဟုနော်အယ်ဖော်ဝါးက ဆုုိသည်။

ယမန်နေ့က ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ၊နယ်မြေ ၉လမ်းထိပ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD၏ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနုုိင်ငံလင်း၊ မာန်ပြေ (၃)ရပ်ကွက် NLD ပါတီ အလုုပ်မှုဆောင် ဦးကျော်သူနှင့်  တုုိင်းဒေသကြီး- ၂ လွှတ်တာ် ကုုိယ်စားလှယ်လောင်း ဒေါ်သက်ထားနွယ်ဝင်း၏ ကုုိယ်စားလှယ် ဒေါ်သန္တာမော်တုုိ့ သုုံးဦးမှာ ဒဏ်ရာများရသဖြင့် ရန်ကုုန်ပြည်သူ့ဆေးရုုံကြီးသုုိ့ ပုုိ့ဆောင်ဆေးကုုသမှု ခံယူလျက် ရှိကြောင်း သတင်းရရှိသည်။

ကရင်ပြည်နယ်အတွင်း မဲဆွယ်စည်းရုံးနေစဉ် အလားတူ ဆိုးရွားသည့် ဖြစ်ရပ်မျိုး တစ်ကြိမ်တစ်ခါမျှဖြစ်ခဲ့ဖူးခြင်း မရှိခဲ့ဘူးဟုလည်း လွှတ်တော်ကိုယ်စားလှယ် လောင်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများထံမှသိရသည်။

ယခုနှစ်ရွေးကောက်ပွဲအတွင်း ကရင်တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် တစ်သီးပုဂ္ဂလနှင့် နိုင်ငံရေးပါတီ ၁၈ပါ တီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၅၆ဦးဝင်ရောက်အရွေးခံမည်ဖြစ်ရာ ၎င်းအနက် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်း ၃၃ဦးပါဝင်အရွေးခံမည်ဖြစ်သည်။

ကရင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများကွန်ယက်ရုံးခန်း ဖွင့်နေစဉ်
December 24, 2015
ယခင်စစ်အစိုးရလက်ထက်မှ လက်ရှိ ဦးသိန်းစိန်အစိုးရဦးဆောင်သည့် အရပ်သားတစ်ပိုင်းအစိုးရလက်ထက် အထိ...
December 18, 2015
ရွေးကောက်ပွဲ ဥပဒေပုုဒ်မ ၅၈(ခ)သည် ရွေးကောက်မှုဆုုိင်ရာ အခွင့်အရေးကုုိ လွတ်လပ်စွာ...
December 17, 2015
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းအောင်ပြည်စိုးက “...
ဒေါက်တာမြင့်စိုး(မြန်မာနိုင်ငံ ဆရာဝန်များအသင်း-ဖားအံအမှုဆောင်)
December 14, 2015
လုပ်ထားပေမဲ့လည်း ဒေါ်စုရဲ့ ပါတီကိုပဲကြည့်ပြီး မဲပေးပါဆိုပြီးတော့ NLDကပဲနိုင်သွားတာပေါ့။...