ကိုယ်စားလှယ်လောင်းတော်တော်များများသည် စီးရုံးရေးဆင်းရာတွင် ငွေးရေးကြေးရေး အခက်အခဲရှိ ခဲ့သော်လည်း တစ်ခြားသောမည့်သည့် အန္တရာယ်မှ ကြုံတွေ့့ခြင်းမရှိခဲ့ဟုပါတီများက ပြောသည်။
“ကျွန်တော်တို့စီးရုံးရေးဆင်းတဲ့ခါတော့ လုံခြုံမှုရှိပါတယ် အဆင်ပြေပါတယ်” ဟု ဒီးမော့ဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်း ဦးဘိုးရယ်က ပြောသည်။
လုုံခြံုမှုရှိသော်လည်း သွားရေးလာရေးတွင်တော့ အခက်အခဲများရှိကြောင်း ပါတီအချို့က ပြောဆုုိသည်။
“ကျွန်တော်တို့က သွားရေးလာရေး အခက်ခဲတော့ရှိပါတယ်။ ဒါပေမဲ့ ဘာမှအနှောက်အယှက်မှ တော့မရှိပါဘူး” ဟု ကယားလူမျိုးစုဒီမိုကရေစီပါတီမှမယ်စဲမြို့ အမျိုးသားလွတ်တော် မဲဆန္ဒနယ် အမှတ်(၁၂) တွင်ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးထွန်းကြိုင်ကပြောသည်။
ကယား(ကရင်နီ) ပြည်နယ်အတွင်းရှိ ပါတီများဖြစ်သော လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ၊ ကယန်းအမျိုး သားပါတီမှဝင်ရောက် ယှဉ်ပြိုင်မည် ကိုယ်စားလှယ်လောင်းများကလည် ‘စည်းရုံးရေးဆင်းတာတော့ လုံခြုံမှုရှိတယ်။ ဘာမှအနှောက်အယှက်မှမရှိဘူး။ ရှိတာကတော့ ငွေကြေးနဲ့ လမ်းပန်ဆက်သွယ်ရေး အခက်ခဲပါပဲ”ဟု BNI ရွေးကောက်ပွဲသတင်းခန်းသို့ဖြေကြားသည်။
အဆိုပါ လုံခြုံရေးကိစ္စနှင့်ပက်သက်၍ ဒီမော့ဆိုမြို့နယ်ကော်မရှင်ကလည်း ကိုယ်စားလှယ်လောင်း တွေမှာ အနှောက်ယှက်ခံရခြင်းတစ်စုံတစ်ရာမရှိကြောင်းကိုလည်းဖြေကြားခဲ့သည်။
“ဒီက ကိုယ်စားလှယ်လောင်းတွေက လုံခြုံပါတယ်။ ကျွန်တော်တို့ ဘာမှမကြားပါဘူး ဘာမှမဖြစ်ပါဘူး” ဟု ဒီးမော့ဆိုမြို့နယ်ကော် မရှင် ဦးကျော်စန်း ကပြောသည်။
ထိုပြင်ကယားပြည်နယ်ရှိ ကိုယ်စားလှယ်လောင်းများသည် ယခုချိန်ထိ လုံခြုံစွာဖြင့် စည်းရုံးရေးဆင်း နေကြသည် ဟု ဒီးမော့ဆိုမြို့နယ် မှ ရဲမှုး ဦးကျော်ဇော ကပြောသည်။
“ကျွန်တော်တို့က ကိုယ်စားလှယ်လောင်းတွေကို အစည်းအဝေးမှာလည်း ပြောထားလိုက်တယ််။ အရင်တစ်ခါ သူတို့နဲ့ တွေ့တုန်းကလည်း ခင်ဗျာတို့စည်းရုံးရေးဆင်းတဲ့ခါမှာ လုံခြုံရေးလိုအပ်တယ် ဆိုရင် ကျွန်တော်တို့လိုက်ပေးမယ်။ မလိုအပ်ရင်လည်း မခေါ်ပါနဲ့လို့ပြောထားတယ်။ သူတို့ခါ်ရင်တော့ ကျွန်တော်တို့လိုက်ပေးမှာပဲ ဒါပေမဲ့ ခုချိန်ထိတော့ သူတို့ခေါ်တာမရှိသေးဘူး ဒေါ်အောင်ဆန်းစုကြည် လာတုန်းကတစ်ခါပဲ ကျွန်တော်တို့ လိုက်ပေးလိုက်ရတယ်။ ကျန်တဲ့လူတွေက ခေါ်တာမရှိဘူး။ သူတို့နဲ့လည်းတွေ့တယ် သူတို့ကလည်း သူတို့ဘာသာသူတို့သွားတာတဲ့ လုံခြုံရေးမလိုသေးဘူး လို့ပြောပါတယ် ဒီဘက်ဒေသတွေကဘာမှလည်း ပျက်စီးတာတွေ့လည်းမကြားသေးပါဘူး” ဟု ၎င်းကပြောသည်။
မဲဆွယ်ကာလအတွင်း ရေကြီးမြေပြိုမှုများဖြစ်ပွားခဲ့သော ချင်းပြည်နယ်ရှိ ကုုိယ်စားလှယ်လောင်း များအနေဖြင့်လည်း မဲဆွယ်စည်းရုုံးရေးခရီးစဉ်တွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများနှင့် ကြံုတွေ့ခဲ့ရကြောင်း သတင်းရရှိသည်။