အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေကို မဲပေးကြပါလို့ ကျွန်မအနေနဲ ပြောချင်ပါတယ်

အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေကို မဲပေးကြပါလို့ ကျွန်မအနေနဲ ပြောချင်ပါတယ်
by -
မထျိူးမြာ
မထျိူးမြာ — “ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေကို မဲပေးကြပါလို့ ကျွန်မအနေနဲ ပြောချင်ပါတယ်။” လုုိ့ပြောတဲ့ ကယားပြည်နယ် ဖာဆောင်းမြို့နယ် ပြည်သူ့လွှတ်တော်မှာ ၀င်ပြိုင်မဲ့   လူမျိူးပေါင်းစုုံ ဒီမုုိကရေစီပါတီက မနော်လူဒီးကုုိ ရွေးကောက်ပွဲသတင်းခန်း သတင်းထောက် မထျိူးမြာက တွေ့ဆုုံမေးမြန်းထားပါတယ်။

မေး။     ။အမက ဘယ်လွတ်တော် ဘယ်မဲဆန္ဒနယ်မှာ ဝင်ပြိုင်မှာလဲ

ဖြေ။       ။ ကယားပြည်နယ် ဖာဆောင်းမြို့ ပြည်သူ့လွတ်တော်  မှာဝင်ပြိုင်မှာပါ။

မေး။      ။ ဖာဆောင်းမြို့နယ်မှာ ဝင်ပြိုင်ရခြင်းရဲ့ ရည်ရွယ်ချက်လေးပြောပြပေးပါအုံး

ဖြေ။        ။ ဟုတ်ကဲ့  ကျွန်မက အဓိက ပြည်နယ်ရဲ့ လုံခြံုရေးနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ပေါ့နော ကျွန်မတို့ ဖာဆောင်း မြို့နယ်မှာ သတ္တုတွေ သစ်တွေထွက်တယ်ပေါ့နော သို့သော်လည်း ဒီသယံဇာတတွေက ကျွန်မတို့ပြည်နယ်တွက် အသုံးချခွင့် မရှိဘူး ဆိုတော့  ကျွန်မတို့ပြည်သူတွေကို လုံခြံုအောင်ဘယ်လို လုပ်မလဲ ပေါ့နော။ ဒီ သယံဇာတနဲ့ ပြည်နယ်ရဲ့ လုံခြံုရေးကလဲ အရေးကြီးတယ် ဒီပြည်နယ်မှာ ရှိတဲ့ သက်ရှိ သက်မဲ့ အားလုံးက လုံခြံုဖို့လိုတယ်လေး ဒါကြောင့် အဲဒီပြည်နယ် လုံခြံုပြီး ဖွံ့ဖြိုးတိုးတက်စေတဲ့ ရည်ရွယ်ချက်နဲ့ ဝင်ပြိုင်ခြင်းဖြစ်ပါတယ်။

မေး။   ။ အမရဲ့ ပြိုင်ဘက်တွေပေါ်မှာကော ဘယ်လိုမျိုးစိန်ခေါ်မှုတွေတွေ့ရသလဲ။

ဖြေ။ ။ တခြားတော့ ထွေထွေထူးထူး မရှိပါဘူး ဒါပေမဲ့ လက်ရှိကြံ့ခိုင်ရေးဘက်ကတော့ အာဏာလည်းရှိတယ်။ ဟိုဘက်မှာ သူလုပ်ထားတဲ့ လုပ်ငန်းတွေလည်း ရှိတယ်ပေါ့နော ပြီးတော့ သူ့ရဲ့လူတွေလည်း ရှိပြီးသားဖြစ်တယ် အဲ့တော့ ကျွန်မအနေနဲ့ အဲဒီအပိုင်းမှာတော့ အခက်ခဲရှိတာပေါ့။

မေး။    ။ အဲ့ဒီ အာဏာ ရှိပြီးသားလူနဲ့ ယှဉ်ပြိုင်ရတာ အမအနေနဲ့ ကိုယ့်ကိုယ်ကို  ယုံကြည်မှုရှိရဲ့လား

ဖြေ။  ။ ကျွန်မကတော့ ယုံကြည်မှု အပြည့်ရှိတယ် ဘာလို့လဲဆိုတော့ အခု ပြည်သူလူထုတွေက လက်ရှိကျွန်မနဲ့ ယှဉ်ပြိုင်မဲ့သူတွေအပေါ် သိပ်အယုံအကြည်မရှိဘူးပေါ့နော မဲပေးချင်တဲ့ ဆန္ဒတွေသိပ်မရှိကြဘူး ဆိုတာသိရတယ် ပြီးတော့ ပြည်သူတွေကလည်း ကျွန်မကို တောင်းဆိုတယ် လာပြီးအရွေးခံပါ လာခဲ့ပါ မဲထည့်ပေးမယ်ဆိုပြီးတော့ ပြောလာတာတွေရှိတယ် အစပိုင်းတော့ ကျွန်မ တကယ့်နာမည်ကြီးတဲ့ လူတွေနဲ့ ယှဉ်ရမှာ နည်းနည်းတော့ တွန့်ဆုတ်ဖြစ်တယ်ပေါ့နော့ ဒါပေမဲ့ အခု ပြည်သူတွေ အဲ့ဒီလိုပြောလာတဲ့ခါကြတော့ ကျွန်မယုံကြည်မှု ရှိလာတယ်။

မေး။      ။ လက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ်မှာကော အမ အနေနဲ့ ဘယ်လိုမြင်ပါသလဲ

ဖြေ။ ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲစည်းတွေကလည်း ဒီရွေးကောက်ပွဲကို စိတ်ဝင်စားကြတယ်ပေါ့နော ဒီရွေးကောက်ပွဲက တကယ့်အပြောင်းအလဲကြီးတစ်ခု ဖြစ်လာမယ်လို့ သူတို့မျှော်လင့်တယ်ပေါ့နော တက်လာမယ့် အစိုးရက အပြောလဲလုပ်နိုင်မယ်လို့ သူတို့မျှော်လင့်တယ်  နောက်တစ်ခုက တိုင်းရင်းသားပါတီကိုပဲ သူတို့ပိုအားပေးတယ်  ပိုယုံကြည်တယ်လို့ ကျွန်မမြင်တယ်။

မေး။    ။ အဲ့ဒီ ဒေသ ဘက်မှာ ကိုယ်ထူကိုယ်ထကျောင်းတွေရှိတယ်ပေါ့နော အဲ့ဒီတော့ အမအနေနဲ့ အောင်နိုင်ခဲ့ရင် အဲ့ဒီကျောင်းတွေကို  ဘယ်လိုလုပ်ပေးဖို့ စီအစဉ်ရှိပါသလဲ။

ဖြေ။     ။ အဲ့ဒါက တကယ့်လိုအပ်ချက်ပါပဲ ကျွန်မ အနေနဲ့က ကျေးရွာပိုကြီးတဲ့ဟာတွေပေါ့နော ဥပမာ- အိမ်ခြေ လေးဆယ် ငါးဆယ် လောက်ရှိတဲ့ရွာတွေကို ကျောင်းရအောင် ကျွန်မအစိုးရနဲ့ ညှိနိုုင်းပြီးတော့ အကောင်းဆုံး လုပ်ပေးဖို့ စဉ်းစားထားပါတယ်။ ကျွန်မ မအောင်နိုင်ခဲ့ရင်တောင် ဒီလုပ်ငန်းကို ကျွန်မလူမှုရေးလုပ်ငန်းကနေ ရအောင် တက်လာမည့် အစိုးရနဲ့ လက်တွဲပြီး လုပ်ပေးဖို့စဉ်းစားထားပါတယ်။

မေး။ ။ မော်ချီး မြေပြိုမှုနဲ့ ပတ်သက်ပြီးတော့ကော ရွေးကောက်ပွဲအပေါ် ဘယ်လို အခက်ခဲတွေဖြစ်သွားနိုင်လဲ

ဖြေ။      ။ အခုက ရွေးကောက်ပွဲလည်းနီးပြီဆိုတော့ လူတွေ အခက်ခဲဖြစ်ကုန်တဲ့ အခါကြတော့ တချို့မဲ ပေးဖို့စဉ်းစားထားတဲ့သူတွေက ဒီချိန်မှာ သူတို့ပြန်သွားကြတဲ့လူတွေရှိတယ်လေး အဲ့ဒီခါကြတော့ မဲစာရင်းမှာ သူတို့မထည့်လိုက်ရဘူး အဲ့ဒါကို ကျွန်မတို့က ပြန်ဖျက်ပြီး သူတို့ရောက်တဲ့နေရာကို မဲ ပြန်ပို့ဖို့လိုတာပေါ့ အဲ့ဒါတော့ ကော်မရှင်တွေလုပ်ရမယ့်တာဝန်ပါ။

နောက်တစ်ခုက အခုလက်ရှိစခန်းမှာ ရောက်နေတဲ့သူတွေကို (၁၈) နှစ်အထက် ဘယ်နှစ်ယောက် ရှိတယ်ဆိုတာကို သူတို့ လိုက်လံ ကောက်ခံနေတာတွေ ရှိတယ်ပေါ့နော။ နောက်ပြီးတော့ မြေပြိုမှု ဖြစ်သွားပြီး နောက်ပိုင်းမှာ ရွေးကောက်ပွဲအပေါ် သူတို့စိတ်ဝင်စားမှု အားနည်းသွားလိမ့်မယ်လို့ ကျွန်မထင်တယ် ဘာလို့လဲဆိုတော့ သူတို့စားဝတ်နေရေးအတွက် စဉ်းစားရမယ် သူတို့ကြုံတွေ့နေတဲ့ ထိတ်လန့်စရာတွေက သူတို့အတွက်စိတ်မကောင်းစရာတွေ ဖြစ်သွားလို့ သူတို့စိတ်ဝင်စားမှု အားနည်းသွားမယ်လို့ ကျွန်မထင်တယ်။

မေး။    ။ တကယ်လို့အမ အောင်နိုင်လို့ လွှတ်တော်ရောက်ခဲ့မယ်ဆိုရင် အဲ့ဒီမဲဆန္ဒနယ်က လူတွေအတွက် ပထမဆုံး ဘာအဆိုတင်သွင်းဖို့ စဉ်းစားထားပါသလဲ

ဖြေ။ ။ ကျွန်မအနေနဲ့ အဓိက  ကျောင်းနဲ့ လမ်းပမ်းဆက်သွယ်ရေးပါ ကျောင်းရှိပြီးလမ်းပမ်းဆက်သွယ်ရေး မကောင်းရင်လည်း ကျောင်း ဆရာ/ မ မရောက်နိုင်ဘူး ဆိုတော့ အနည်းဆုံး ဆိုင်ကယ်လမ်းလေးတော့ ကျွန်မလုပ်ပေးစေချင်ပါတယ်။ ဆိုင်ကယ်လမ်းလေးရမယ်။ ကျောင်းရှိမယ်ဆိုရင် ကလေးတွေလည်း ကျောင်းတက်နိုင်မယ်။ ဝန်ထမ်းတွေလည်း ရောက်မယ်ဆိုရင် သူတို့လည်း လွယ်လွယ်ကူကူ သွားလို့ ရတာပေါ့နော။

မေး။  ။ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမမဲဆန္ဒနယ်ဘက်မှာ ပြည်သူတွေ ဘာအခက်ခဲ အများဆုံးတွေ့ ရသလဲ။

ဖြေ။        ။ အခက်ခဲတော့ အများကြီးပဲ ပြည်သူလူထုနဲ့ မဲရုံက အရမ်းဝေးတယ်ပေါ့နော အဲ့ဒီခါကြတော့ လူထုအတွက် တော်တော်ခက်ခဲတယ်။ အဲ့ဒါကို ကြိုတင်မဲတွေ လုပ်ဖို့ ကျွန်မတို့လည်း သိပ်လက်မခံချင်ဘူး ဆိုတော့ ကြိုတင်မဲတွေ မလုပ်ပဲနဲ့ အရမ်းဝေးတဲ့နေရာကို ကျွန်မတို့မဲရုံခွဲတွေ ထပ်လုပ်စေချင်တယ်ပေါ့နော။

မေး။          ။ ဘာများဖြည့်စွက်ပြီးပြောချင်ပါသေးလဲ
ဖြေ။         ။ ဒီ ၂၀၁၅ ရွေးကောက်ပွဲကို ဒီမှာ နေထိုင်တဲ့ ကရင်နီ တိုင်းရင်းသားအားလုံး နိုဝင်ဘာလ (၈) ရက်မှာ မဲအားလုံးလာထည့်ကြပါ။ ပြီးရင် အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေကို မဲပေးကြပါလို့ ကျွန်မအနေနဲ ပြောချင်ပါတယ်။

Most read this week

January 5, 2016
“ တိုင်းနဲ့ပြည်နယ်အားလုံးကိုတော့ နေရာညွန်ကြားချက်ထုတ်ထားတယ်လေ။ တိုင်းနဲ့ပြည်နယ်...
December 21, 2015
“ကိုယ်စားလှယ်လောင်းတွေ  အမည်စာရင်းတင်ထားတာက (၁၃၃)ဦးရှိတယ်။ ဒီထဲမှာ ငွေစာရင်းလာတင်တာက (...
December 16, 2015
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြိုချိကယ်အုပ်စု ထေးတမကျေးရှိ ကေ့ထျိုးဘိုးခန်းမဆောင်တွင် ကျင်းပသည့်...
December 9, 2015
ထို့ပြင် ပြည်သူလူထုသည် အစိုးရမှ ကျူရှင်မသင်ရဟူသောပညာရေးဥပဒေကို ဖော်ဆောင်...