“ ခေါင်းဆောင်ဆိုတာခွဲခြားမူမရှိဘူး။ အဓိက ဦးဆောင်နိုင် အကျိုးဆောင်နိုင်ဖို့ပဲလိုတယ်။ ဆိုတော့ အမျိုးသားမှအမျိုးသမီးမှမဟုတ်ဘူး။ အမျိုးသားရော အမျိုးသမီးများပါ အားလုံးပါဝင်နိုင်တယ်။ မြန်မာနိုင်ငံမှာ အမျိုးသားတွေ့ ခေါင်းဆောင်ဖြစ်ရင် လက်ခံတယ်။ တန်းတူရေးနှင့် တကယ့်စွမ်းဆောင်နိုင်ဖို့ပဲလိုတယ်။ တကယ်လုပ်နိုင်တဲ့ အမျိုးသမီးတွေရှိလာရင်လည်းလက်ခံတာပေါ။” ဟု သူကဆက်ပြောသည်။
ကျေးလက်ဒေသဘက်များ၌ အမျိုးသမီးများ နိုင်ငံရေးစိတ်ဝင်စားမှုအပေါ် အားနည်းနေကြပြီး လက်တွေ့တွင် အရည်အချင်းရှိသည့် အမျိုးသမီးများလည်းရှိသည့်အတွက် နေရာတိုင်း အမျိုးသမီးများကိုလည်း ခေါင်းဆောင် နေရာ ထားပေးသင့်သည်ဟု ဦးနန်းရီက ဆိုပါသည်။
တိုင်းရင်းသားရိုးရာအစဉ်အလာအရ အမျိုးသမီးများကို နေရာမပေးသည့် အစဉ်အလာ ရှိနေသေးခြင်းကြောင့် ယခုကဲ့သို့ ပြောဆိုသွားခြင်းဖြစ်သည်။
လက်ရှိမြန်မာနိုင်ငံအခြေအနေတွင် အမျိုးသမီးများသည် အရည်အချင်း ပြည့်မီမူများရှိသောကြောင့် နိုင်ငံတစ်နိုင်ငံ၏ အကျိုးကို အမျိုးသမီးများကလည်း ခေါင်းဆောင်ဖြစ်ရန် လက်ခံသည်ဟု မိုလိုအမျိုးသမီး နော်အားမူထူးကပြောသည်။
“ အမျိုးသမီး များက ခေါင်းဆောင်ဖြစ်ရင် လက်မခံနိုင်စရာ အကြောင်းရင်းက မရှိဘူး။ ဘာကြောင့်လဲဆိုတော ့လက်ရှိအခြေအနေက အမျိုးသမီး တွေကြည့်မယ်ဆိုရင် အခုဒီနိုင်ငံမှာ အရည်အချင်း ရှိတဲ့အမျိုးသမီးတွေလည်းအများကြီးတွေ့တယ်။ အမျိုးသမီးက သမ္မတ လည်ဖြစ်နိုင်တယ် လက်ခံ တယ်။” ဟု အားမူထူူးကပြောသည်။
ဒီမောဆိုမြို့နယ် ဒေါကလော်ဒူအုပ်စု တနီးလာလဲကျေးရွာ မနိုမယ်မှ အမျိုးသမီး များသည် အရည်အချင်း ပြည့်မီပါက နိုင်ငံခေါင်းဆောင်ဖြစ်ရန် သင့်လျော် သည်ဟု ပြောသည်။
လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရပါတီများသည် အမျိုးသမီး ဘဝ၊ အမျိုးသမီးများကို စွမ်းရည် မြင့်တင်ရန် တိုက်တွန်းလိုကြောင်း ၎င်းက ဆက်ပြောသည်။
ကယားပြည်နယ်အတွင်းတွင် နိုင်ငံရေးပါတီများမှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သူကိုယ်စားလှယ်ပေါင်း ၂၁၃ ဦးတွင် အမျိုးသမီး ၂၃ ဦးသာရှိသည်ဟု သိရသည်။