နိုင်ငံအကျိုးဆောင်နိုင်ပါက အမျိုးသမီးလည်း ခေါင်းဆောင်ဖြစ်ခွင့်ရှိသင့်

နိုင်ငံအကျိုးဆောင်နိုင်ပါက အမျိုးသမီးလည်း ခေါင်းဆောင်ဖြစ်ခွင့်ရှိသင့်
by -
စုစုထွေး
စုစုထွေး — နိုင်​ငံတစ်​နိုင်​ငံကို အုပ်​ချုပ်​မည်​့​ခေါင်​း​ဆောင်​များသည်​ လိင်​ပိုင်​းဆိုင်​ရာခွဲခြားမူမရှိဘဲ အမျိုးသားများနှင့် တန်​းတူ အမျိူသမီးများလည်း  အခွင်​့အ​ရေးရထားသဖြင်​့ နိုင်​ငံ​တော်​ကို အကျိုး​ဆောင်​နိုင်​မည့် အမျိုးသမီးများ နိုင်ငံ ခေါင်းဆောင်ဖြစ်နိုင်ကြောင်း  ကယန်​းအမျိုးသားပါတီ အတွင်​းရေးမှူး ဦးနန်​းရီ က​ပြောသည်​။

“ ခေါင်​း​ဆောင်​ဆိုတာခွဲခြားမူမရှိဘူး။ အဓိက ဦး​ဆောင်​နိုင်​ အကျိုး​ဆောင်​နိုင်​ဖို့ပဲလိုတယ်​။ ဆို​တော့ အမျိုးသားမှအမျိုးသမီးမှမဟုတ်​ဘူး။ အမျိုးသားရော အမျိုးသမီးများပါ အားလုံးပါဝင်​နိုင်​တယ်​။  မြန်​မာနိုင်​ငံမှာ အမျိုးသားတွေ့ ​ခေါင်​း​ဆောင်​ဖြစ်​ရင်​ လက်​ခံတယ်။ တန်​းတူ​ရေးနှင်​့ တကယ်​့စွမ်​း​ဆောင်​နိုင်​ဖို့ပဲလိုတယ်​။ တကယ်လုပ်နိုင်တဲ့ အမျိုးသမီးတွေရှိလာရင်လည်းလက်ခံတာ​ပေါ။” ဟု သူကဆက်​​ပြောသည်​။

ကျေးလက်ဒေသဘက်များ၌ အမျိုးသမီးများ နိုင်ငံရေးစိတ်ဝင်စားမှုအပေါ် အားနည်းနေကြပြီး လက်တွေ့တွင် အရည်အချင်းရှိသည့် အမျိုးသမီးများလည်းရှိသည့်အတွက် နေရာတိုင်း အမျိုးသမီးများကိုလည်း ခေါင်းဆောင် နေရာ ထားပေးသင့်သည်ဟု ဦးနန်းရီက ဆိုပါသည်။

တိုင်းရင်းသားရိုးရာအစဉ်အလာအရ အမျိုးသမီးများကို နေရာမပေးသည့် အစဉ်အလာ ရှိနေသေးခြင်းကြောင့် ယခုကဲ့သို့ ပြောဆိုသွားခြင်းဖြစ်သည်။

လက်​ရှိမြန်​မာနိုင်​ငံအ​ခြေအ​နေတွင်​ အမျိုးသမီးများသည်​ အရည်​အချင်​း ပြည်​့မီမူများရှိ​သော​ကြောင်​့ နိုင်​ငံတစ်​နိုင်​ငံ၏ အကျိုးကို အမျိုးသမီးများကလည်​း ​ခေါင်​း​ဆောင်​ဖြစ်​ရန်​ လက်​ခံသည်​ဟု မိုလိုအမျိုးသမီး ​နော်​အားမူထူးက​ပြောသည်​။

“ အမျိုးသမီး များက ​ခေါင်​း​ဆောင်​ဖြစ်​ရင်​ လက်​မခံနိုင်​စရာ အ​ကြောင်​းရင်​းက မရှိဘူး။ ဘာ​ကြောင်​့လဲဆို​တော ့လက်​ရှိအ​ခြေအ​နေက အမျိုးသမီး ​တွေကြည်​့မယ်​ဆိုရင်​ အခုဒီနိုင်​ငံမှာ အရည်​အချင်​း ရှိတဲ့အမျိုးသမီး​တွေလည်​းအများကြီး​​တွေ့တယ်။​ အမျိုးသမီးက သမ္မတ လည်​ဖြစ်​နိုင်​တယ်​ လက်​ခံ တယ်​။” ဟု အားမူထူူးက​ပြောသည်​။

ဒီ​မောဆိုမြို့နယ်​ ​ဒေါက​လော်​ဒူအုပ်​စု တနီးလာလဲ​ကျေးရွာ မနိုမယ်​မှ​ အမျိုးသမီး များသည်​ အရည်​အချင်​း ပြည့်မီပါက နိုင်​ငံ​ခေါင်​း​ဆောင်​ဖြစ်​ရန်​ သင်​့​လျော်​ သည်​ဟု ​ပြောသည်​။

လာမည်​့​ရွေး​ကောက်​ပွဲတွင် အနိုင်​ရပါတီများသည်​ အမျိုးသမီး ဘဝ၊ အမျိုးသမီးများကို စွမ်​းရည်​ မြင်​့တင်​ရန်​ တိုက်​တွန်​းလိုကြောင်​း ၎င်းက ဆက်ပြောသည်။

ကယားပြည်နယ်အတွင်းတွင် နိုင်ငံရေးပါတီများမှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သူကိုယ်စားလှယ်ပေါင်း ၂၁၃ ဦးတွင် အမျိုးသမီး ၂၃ ဦးသာရှိသည်ဟု သိရသည်။

Most read this week

January 5, 2016
“ တိုင်းနဲ့ပြည်နယ်အားလုံးကိုတော့ နေရာညွန်ကြားချက်ထုတ်ထားတယ်လေ။ တိုင်းနဲ့ပြည်နယ်...
December 21, 2015
“ကိုယ်စားလှယ်လောင်းတွေ  အမည်စာရင်းတင်ထားတာက (၁၃၃)ဦးရှိတယ်။ ဒီထဲမှာ ငွေစာရင်းလာတင်တာက (...
December 16, 2015
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြိုချိကယ်အုပ်စု ထေးတမကျေးရှိ ကေ့ထျိုးဘိုးခန်းမဆောင်တွင် ကျင်းပသည့်...
December 9, 2015
ထို့ပြင် ပြည်သူလူထုသည် အစိုးရမှ ကျူရှင်မသင်ရဟူသောပညာရေးဥပဒေကို ဖော်ဆောင်...