နမ့်ဆန်မြို့နယ်သည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ကိုယ်စားပြုစနစ်ဖြင့် ရွေးချယ်ခဲ့ခြင်း မဟုတ်ဘဲ အချိုးကျစနစ်ဖြင့် ရွေးချယ် ခဲ့သောကြောင့် ပြည်သူများအနေဖြင့် မဲထည့်ပုံ နည်းစနစ် အတွေ့အကြုံ မရှိကြောင်းသတင်းရရှိသည်။
၂ဝ၁၅ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် နမ့်ဆန်မြို့နယ်အတွင်း တအာင်း (ပလောင်) အမျိုးသားပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေးပါတီတို့မှ ကိုယ်စားလှယ်လောင်း အသီးသီးဝင် ရောက်ယှဉ်ြ့ပိုင်သွား မည်ဖြစ်ပြီး ပါတီအသီးသီးမှလည်း စည်းရုံးရေးကာလအတွင်း ပြည်သူများ မဲပေးခွင့် မဆုံးရှုံးစေရေးမဲ ပေးပုံပေးနည်းများကို အဓိကထား၍ ဆောင်ရွက်ခဲ့သည်ဟုသိရသည်။
နမ့်ဆန်မြို့နယ်တွင် ကျေးရွာပေါင်း ၁၂၃ရွာရှိပြီး ကျေးရွာအုပ်စု ၃၂စုရှိရာ တအာင်း(ပလောင်) အမျိုးသားပါတီ အနေဖြင့် အချိန်လုံလောက်မှု မရှိသည့်အတွက် အုပ်စုအလိုက်သာ စည်းရုံးရေး ဆင်းခဲ့ရကြောင်း သိရသည်။
TNP ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမိုင်းဝင်းထူးမှ “ကျနော်တို့ မဲဆွယ်စည်းရုံးရေး ဆင်းတော့ ပြည် သူတွေက အားပေးကြပါတယ်။ မဲထည့်ဖို့လဲ တက်ကြွမှုတွေတွေ့ရတယ် ဒါပေမဲ့ ဆန္ဒမဲထည့်ပုံ သရုပ်ပြတာ လက်တွေ့လုပ် ကြည့်တော့ ပယ်မဲတွေ အရမ်းများတယ်။ တစ်ချို့ဆို အခုချိန်ထိ မဲစာရင်းသွင်းပေးဖို့ လာပြောတဲ့သူ ရှိသေးတယ်၊ မဲစာရင်း မှားတာ အရမ်းများတယ်။ ရွာသူရွာသားတွေဆိုတော့ ရွေးကောက်ပွဲ ဥပဒေအကြောင်းလည်း သေချာရှင်းပြပေမဲ့ အတွေ့အ ကြုံ နည်းတာရယ် စာမတတ်သူတွေလည်း များနေတော့ သေချာနားလည်သွားအောင် မရှင်းပြနိုင်ခဲ့ဘူး။ ရွေးကောက်ပွဲ ကော်မရှင်က လဲ ကျေးရွာအဆင့်ထိ ပညာပေးလုပ်ဆောင်တာမရှိဘူး။ ပြောရမယ်ဆိုရင် ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲ အတွက် အဆင်သင့်မဖြစ်သေးဘူး” ဟု ပြောသည်။
မန်နောက်ကျေးရွာ အုပ်စုတွင်(NLD) ပါတီမှ စည်းရုံးဟောပြောရာတွင် TNP ပါတီက ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး NLD ပါတီအား မဲထည့်မည်ဆိုပါက လုပ်ခလစာ တစ်လလျှင် ၅သိန်းကျပ် ရရှိအောင် လုပ်ဆောင်နိုင်ကြောင်း မဲနိုင်လျှင် နောက်တစ်ရက် ကျောက်ခင်း လမ်း ဖြစ်စေရမည်ဟု ပြောဆိုစည်းရုံးခဲ့သဖြင့် ပြည်သူများ နားလည်မှု မလွဲစေရန်နှင့် TNP ပါတီအနေဖြင့် မဲနိုင်ခဲ့မည်ဆိုပါက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်သွားနိုင်ကြောင်း ပြည်သူများနှင့် နောက်တစ်ကြိမ်တွေ့ဆုံပြီး ရှင်းပြခဲ့ရသည်များလည်းရှိကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။
“လွပ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်လာမှာ၊ ပယ်မဲများမှာ၊ မဲရုံစောင့်ကြည့်ရေးအဖွဲ့တွေက မဲရုံမှာ စောင့်ကြည့်တဲ့အချိန် စနစ်တကျ မလုပ် တတ်မှာ တစ်ခုခု မှားယွင်းလာရင် ဥပဒေအကြောင်းအရ ရဲရဲဝင့်ဝင့် ထောက်ပြပြောဆိုမှုတွေ မလုပ်ရဲမှာကို စိုးရိမ်မိတယ်” ဟု ဦးမိုင်းဝင်းထူးမှ ဆိုသည်။
တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) ဗဟိုမှဦးစီး၍ တအာင်း (ပလောင်) အမျိုးသားပါတီ ဝင်ရောက် ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ ကျောက်မဲနှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်များတွင် အောက်တိုဘာလ ၂၂ရက် မှ ၃ဝရက်အတွင်း ပါတီအောင်နိုင်ရေးအလံ အပ်နှင်းခြင်းနှင့် မဲရုံ စောင့်ကြည့်ရေး ပညာပေးသရုပ်ပြပွဲများ လုပ်ဆောင်ခဲ့ကြောင်းသတင်းရရှိသည်။