တအာင်းလူမျိုး အများဆုံး နေထိုင်သည့် မြို့နယ်များကို TSYU နှင့် TWO ပူပေါင်း၍ ရွေး ကောက်ပွဲပညာပေး လိုက်လံလုပ်ဆောင်ရွက်

တအာင်းလူမျိုး အများဆုံး နေထိုင်သည့် မြို့နယ်များကို TSYU နှင့် TWO ပူပေါင်း၍ ရွေး ကောက်ပွဲပညာပေး လိုက်လံလုပ်ဆောင်ရွက်
by -
မိုင်းကောင်းဆိုင်
မိုင်းကောင်းဆိုင် — ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းလူမျိုးအများဆုံးနေထိုင်သည့်မြို့နယ် ၁ဝမြို့နယ်ကို တအာင်းကျောင်း သား နှင့်လူငယ်များအဖွဲ့ (TSYU)နှင့် တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)တို့ ပူပေါင်း၍ ရွေးကောက်ပွဲပညာပေး ဟော ပြောပွဲ ကို အောက်တိုဘာလမှစတင်ကာ လုပ်ဆောင်နေသည်ဟု ၂ဝ၁၅ခု အောက်တိုဘာ ၁၈ရက်တွင် မားနဂါးသို့ ပြောသည်။

တအာင်းလူမျိုးအများဆုံးနေထိုင်သည့်  နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မူဆယ်၊ ကျောက်မဲ၊ သီ ပေါ၊ မိုးကုတ်၊ မိုးမိတ်၊ တန့်ယန်း စသည့်မြို့နယ်များကို အခြေခံပြီး ရွေးကောက်ပွဲနှင့် ပတ်သက်သော အသိပညာပေး ဟောပြောပွဲများကို ကျေးရွာအဆင့်ထိ လိုက်လံလုပ်ဆောင်ခဲ့ပြီး ပြည်သူလူထုများအား မဲပေးပုံအဆင့်ဆင့်ကို သိရှိစေရန် အဓိကထားပြီး ပညာပေးဟောပြောပွဲပြုလုပ်ခဲ့သည်ဟု ၎င်းတို့အဖွဲ့၏ပြောပြချက်အရသိရသည်။

TSYU ၏ တွဲဖက်အတွင်းရေးမှူး(၁) လွေးအီခမ်းလင်းက “ ဒီ ၁ဝမြို့နယ်ကို အဓိကအခြေခံထားတယ်ဆိုတာ က အထူးသဖြင့် တအာင်းတွေတော်တော်များများ နေထိုင်တဲ့မြို့နယ်တွေ ဖြစ်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲ ပညာပေးလုပ်ဖို့လည်း ကျွန်မတို့ တအာင်းပြည်သူလူထုကို ဦးတည်ပြီးမှ စီမံကိန်းရေးဆွဲတယ်။ ကျန်တဲ့မြို့တွေလည်း တအာင်းလူမျိုးပါတယ်။ ရာခိုင်နှုန်းအားဖြင့်ကြည့်ရင် ဒီ ၁ဝမြို့နယ်က အများဆုံးဖြစ်နေတယ်” ဟု ၎င်းကပြောပါ သည်။
 
ရွေးကောက်ပွဲ ပညာပေးလုပ်ငန်းလုပ်ဆောင်ရခြင်း ရည်ရွယ်ချက်မှာ ယခင်၂ဝ၁ဝ ရွေးကောက်ပွဲတွင်  ပယ်မဲ များနေသည့်အတွက်ကြောင့် လာမည့် ၂ဝ၁၅ခုနှစ် ရွေးကောက်ပွဲတွင် ၎င်းပယ်မဲကိစ္စရပ်များ ထပ်မဖြစ်စေရန်၊ တအောင်း  ပြည်သူလူထုများ မဲပေးပုံ ပေးနည်းကိုသိရှိစေရန်နှင့် နိုင်ငံသားတစ်ဦးချင်းစီ၏မဲတပြားကို မဆုံးရှုံးစေရန် ရည်ရွယ်၍ ကျေးရွာအဆင့်ထိ သင်တန်းများ လိုက်လံလုပ်ဆောင်ရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

“ပယ်မဲလုံးဝမရှိနိုင်ဘူးဆိုတာထက် နည်းသွားအောင်ပေါ့ ကျွန်မတို့က လက်တွေ့ပြတယ် မဲရုံရောက်ရင် သူတို့ သိအောင် ပညာပေးပွဲမှာ မဲပုံးအရောင် စသည်ဖြင့် လက်တွေ့လုပ်ဆောင်ခဲ့တယ်။ ကျွန်မတို့သုံးတဲ့ မဲနမူနာက ဘယ် ပါတီတံဆိတ်မှမပါပဲ အသီးအရွက်တွေကိုသာသုံးတဲ့ မဲနမူနာနဲ့ သူတို့ကိုရှင်းပြခဲ့တယ်” ဟု လွေးအီခမ်းလင်းက ဆက် လက်ပြောသည်။  

မြို့နယ်များသို့ ရွေးကောက်ပွဲအသိပညာပေးလုပ်ငန်း လိုက်လံလုပ်ဆောင်နေစဉ်တွင် ငွေကြေးမလုံလောက် ခင်း၊ ရွေးကောက်ပွဲအသိပညာပေးဟောပြောပွဲလုပ်ဆောင်ရန် ဇွန်လလျာထားသော်လည်း အောက်တိုဘာလမှသာ လုပ်ဆောင်နိုင်သည့်အတွက် လုပ်ဆောင်ချိန် နောက်ကျခြင်း၊ ရွေးကောက်ပွဲလုပ်ဆောင်သည့်နေရာ သည် ကျေးရွာများ ဖြစ်သည့် အတွက် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အတွက် ငွေကြေးအကုန်အကျများခြင်း၊ တိုက်ပွဲမကြာခဏ ဖြစ်ပွားနေသည့် အတွက် ဒေသမလုံခြံုခြင်းနှင့် ဖုန်းလိုင်းများ ပြတ်တောက်နေခြင်း စသည့်အခက်အခဲများကို ကြံုတွေ့နေရသည်ဟု ဆိုသည်။

Most read this week

December 14, 2015
၂၀၁၅အထွေထွေရွေးကောက်ပွဲတွင်ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်...
December 11, 2015
အနိုင်ရပါတီခေါင်းဆောင်၏ညွန်းကြားချက်ဖြင့် ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် နိုင်ငံအနှံ...
December 3, 2015
ဒေါက်တာဒေခင်လှက " အန်တီအနေနဲ့ အင်းတိုင်းရင်းသားကိုယ်စားလှယ်မဖြစ်ခဲ့ဖူး၊ မနိုင်ခဲ့ဖူးဆိုပင်မဲ့လည်း...
December 1, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းပြည်နယ်အတွင်းရှိ...