မင်းတပ်မြို့နယ်တွင် ကျေးရွာပေါင်း ၁၉၄ ရွာနှင့် မြို့ပေါ်ရပ်ကွက်လေးခုရှိပြီးမဲဆန္ဒရှင်ပြည်သူပေါင်း ၂၄၀၀၀ကျော်ရှိကြောင်း၊ လက်ရှိတွင် ချင်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူဆောင်ရွက်နေ့သည့် ဦးဟုန်းငိုင်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီကို ကိုယ်စားပြုပြီး မင်းတပ်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အမှတ် (၂) မှဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။
“ရွေးကောက်ပွဲမှာ ဒေသခံတွေစိုးရိမ်နေကြတာက မဲပေးနည်းကိစ္စပါ။ မြို့ပေါ်ကတစ်ချို့သိကြပေမယ့် ရွာတွေမှာကမသိကြဘူးလေ။ မသိကြတော့မှားပြီးမဲပေးမိတာတို့၊ ကိုယ်ထည့်လိုက်တဲ့မဲက ပယ်မဲဖြစ် သွားမှာတို့ကိုကြောက်နေကြတယ်” ဟုချင်းအမျိုးသမီးအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မင်းတပ်မြို့နယ်ရှိ ကျေးလက်ဒေသခံများမှာ ယခင်ရွေးကောက်ပွဲများကဲ့သို့အမှန်ခြစ် ခြစ်ရမည်မဟုတ်ဘဲ တံဆိပ်တုံးဖြင့်မဲပေးရမည် ကိုမဲပေးရာတွင် ပြုလုပ်ရမည့်တံဆိပ်တုံးအသုံးပြုနည်းကို မသိကြ ကြောင်း၊ မဲပေးနည်းများကိုလည်း မသိကြောင်းသတင်းရရှိသည်။
“ ကျွန်တော်တို့ ရွာတွေကိုလိုက်ပြီး ပညာပေးတာတို့၊ ဘာတိုမလုပ်နိုင်ဘူး ဘာဖြစ်လို့လဲဆိုတော့ လမ်းပန်းဆက်သွယ်ရေးက ခက်ခဲတော့သွားဖို့ကမလွယ်လို့ပါ။ မဲရုံးမှူး၊ ဒုတိယ မဲရုံးမှူးတွေကို သင်တန်းပေးထားပါတယ်” ဟု၎င်းဆက်ပြောသည်။
အဆိုပါသင်တန်းများကို ရက်/ကျေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဌများကိုပါ သင်တန်းပေးပြီး ၎င်းတို့ မှတစ်ဆင့် ရွာသားများကို ပြန်လည်သင်ကြားပေးရန်ညွန်ကြားပြီးဖြစ်တယ်လို့ မင်းတပ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံး မှ ဒုတိယဦးစီးမှူး ဦးနိုင်းအွန်ကပြောသည်။
လက်ရှိချင်းပြည်နယ်အတွင်းမှ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် နိုုင်ငံရေးပါတီပေါင်း ၁၃ပါတီမှ ကုုိယ်စားလှယ်လောင်းပေါင်း ၂၂၃ဦးနှင့် တသီးပုုဂ္ဂလ ကုုိယ်စားလှယ်ပေါင်း ရဦးတုုိ့ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။