ရေဘေးကြံုနေရသဖြင့် ရွေးကောက်ပွဲ ရွှေ့လုုိသော်လည်း မူလသတ်မှတ်ရက်အတုုိင်းသာ ကျင်းပမည်

ရေဘေးကြံုနေရသဖြင့် ရွေးကောက်ပွဲ ရွှေ့လုုိသော်လည်း မူလသတ်မှတ်ရက်အတုုိင်းသာ ကျင်းပမည်
by -
ဆလိုင်းကျော်မိုး
ဆလိုင်းကျော်မိုး — ချင်းပြည်အပါအဝင် ပြည်နယ်များနှင့် တိုင်းဒေသကြီးအချို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပေါ်ပြီး ရေဘေး ကြံုတွေ့နေရသောကြောင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ရက်ပြောင်း ရွေ့လိုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောကြားလိုက်သော်လည်း ကော်မတီဝင် များ၏ ဆုံးဖြတ်ချက်ကြောင့် မူလအတိုင်းသာ ပြန်လည်ကျင်းပမည်ဟု သတင်းရရှိသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက အောက်တိုဘာ ၁၃ ရက် နေပြည်တော်တွင် ကျင်းပသော နိုင်ငံရေးပါတီ များနှင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညိနှိုင်းရေး ဗဟိုကော်မတီ လုပ်ငန်းညှို နှိုင်းအစည်းအဝေးတွင် နိုင်ငံရေးပါတီများ အား ပြောကြားလိုက်ခြင်း ဖြစ်သည်။

ချင်းပြည်နယ်၊ ကယားပြည်နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သဘာဝဘေးဒဏ်များ ဖြစ်သော ရေကြီးခြင်း၊ မြေပြိုမှုများ ဖြစ်ပေါ်ခြင်းတို့ကြောင့် အထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာအရ ရက်ရွေ့ဆိုင်းလိုသည်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောကြားခဲ့သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သော နိုင်ငံရေးပါတီများ ထံမှ သိရသည်။

အစည်းအဝေးတွင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး၏ ရွေးကောက်ပွဲ ရက်ရွေ့ဆိုင်းရန် ပြောကြားချက်ကို အမျိုးသားဒီမိုကရေစီအဖွဲဲ့ချုပ်(NLD)က ကန့်ကွက်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသား တိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က ထောက်ခံခဲ့ကြ ကြောင်း သိရသည်။

“အရင်တုန်းက ရွေ့သင့်တဲ့အချိန်တုန်းက ရွေ့ဖို့ပြောတုန်းကတော့ မရွေ့ဘဲနဲ့ အခုကိုယ်စားလှယ်လောင်း တွေ အားလုံးက စည်းရုံးရေးတွေလည်း ဆင်းကြပြီ။ ပိုက်ဆံတွေလည်း အများကြီး ကုန်နေကြပြီလေ။ ဒီ အချိန်ကျမှ ရွေးကောက်ပွဲရွေ့မယ်ဆိုတာ သိပ်တော့ သဘာဝ မကျဘူး”ဟု ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CLD)မှ အတွင်းရေးမှူး အောင်လိန်းက ပြောကြားသည်။

ပြီးခဲ့သည့် လပိုင်းတွင် ရန်ကုန်မြို့၌ နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ တွေ့ ဆုံပွဲတွင် ချင်းဒီမိုကရက်တစ်ပါတီမှ ရွေးကောက်ပွဲ ရွေ့ဆိုင်းရန် အဆိုပြုတင်သွင်း ခဲ့သော်လည်း ရွေ့ဆိုင်း ရန်ပြောဆိုခြင်း မရှိခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရက်ရွေ့ဆိုင်းရန် အောက်တိုဘာ ၁၃ ရက်က နိုင်ငံရေးပါတီများ နှင့်တွေ့ဆုံ ဆွေးနွေး ခဲ့သော်လည်း ကော်မတီအဖွဲ့ဝင်များ၏ တင်ပြချက်များအရ ရွေးကောက်ပွဲရက်  ရွေ့ဆိုင်းလိုက်ပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုးအပြစ်များကို လေ့လာသုံးသပ်ကာ ရက်ရွေ့ဆိုင်းခြင်း မပြုတော့ဘဲ မူလသက်မှတ်ထားသည့် နိုဝင်ဘာ ၈ ရက်တွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပမည် ဖြစ်ကြောင်း အောက်တိုဘာ ၁၃ ရက် ည ၈ နာရီတွင် ကော်မရှင်က ထုတ်ပြန်ကြော် ငြာလိုက်သည်။

Most read this week

January 3, 2016
“အဓိကကျွန်တော်တို့လိုခြင်တာကအစိုးရတစ်ရပ်ကနေ သူရဲ့နိုင်ငံသားပေါ်မှာ တာဝန်ယူမှု ၊ တာဝန်...
ဒီဇင်ဘာ ၂၉၊ ၃၀ရက်က ကျင်းပခဲ့သော UNA မှအစည်းဝေးကျင်းပနေစဉ်
January 3, 2016
“ဘာကြောင့်UNA မှာလျောက်ရသလဲဆိုရင်၊ UNAရဲ့မူဝါဒနဲ့ ကျွန်တော်တို့မူဝါဒခြင်းတူနေတယ်။...
Chin Agency မှ ရွေးကောက်ပွဲမတိုင်ခင်ကာလာ မဲဆန္ဒရှင်များသို့ မဲပေးပုံ ပညာပေးနေစဉ်
January 3, 2016
“ကျွန်တော်တို့ Chin Agency အဖွဲ့အနေဖြင့်ချင်းပြည်နယ် (၇)မြို့နယ်မှာ မဲဆန္ဒရှင်ပြည်သူ...
ဒီဇင်ဘာ ၁၇ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်၌ ချင်းပါတီများတွေ့ဆုံစဉ်
December 24, 2015
“အခုလုပ်တဲ့အစည်းဝေးကတော့ စတုတ္တအကြိမ် ချင်းမိသားစုနိုင်ငံရေးပါတီ တွေ့ဆုံဆွေးနွေးပွဲပေါ့။...