“အခုလည်း ပုံစံ(၃)နဲ့တင်လာတဲ့သူရှိကြတော့ မဲစာရင်းဦးရေထပ်တိုးလာမည့် အခြေအနေရှိတယ်။ မဲစာရင်းတွေက လ.ဝ.က ဆီကကူးယူထားတာဖြစ်တဲ့အတွက်ကြောင့်အမှားတွေဆက်ရှိနေအုံးမယ်။ ဒါတွေကိုပြည်သူတွေဘက် ကလည်း ဖြည့်ဆည်းစေချင်တယ်”ဟု ချင်းပြည်နယ် ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံး အရာရှိ ဦလင်းကျော်ကပြောသည်။
ကျေးလက်ဒေသများသို့ဆက်သွယ်သည့်လမ်းတံတားများ ပျက်စီးသဖြင့် ယင်းနေရာတွင်နေထိုင်ကြသည့် ပြည်သူများ အတွက်မဲစာရင်း အမှန်ပေါ်ပေါက်ရေးအတွက် စိုးရိမ်ကြကြောင်း နိုင်ငံရေးပါတီများနှင့် ပြည်သူများထံမှ သတင်းရရှိသည်။
“မြို့ပေါ်မှာထက် ကျေးရွာမှာမဲစာရင်းအမှားတွေပိုများတယ်။ နာမည်မပါတာ၊ နာမည်မှားရေးတာတွေံရှိတယ်၊ လမ်းပန်းဆက်သွယ်ရေးကြောင့်လည်း သတင်းအချက်အလက်စီးဆင်းမူကနှေးတယ်”ဟု တီးတိန်မြို့ဒေသခံ တစ်ဦးကပြောကြားသည်။
ချင်းပြည်နယ်တွင် မဲစာရင်းရုံ ရ၈၂ ရုံရှိပြီး အဆိုပါမဲရုံတွင် မဲစာရင်းစောင့်ကြည့် သူ တစ်ရက်လျှင် လူသုံးယောက်နှုန်းထားရှိကြောင်း၊ ယင်းအတွက် တစ်ယောက် သုံးထောင်နှုန်းဖြစ် ထောက်ပံ့ကြေးပေး ကြောင်းသိရသည်။
ပထမအကြိမ် မဲစာရင်းတွင် ချင်းပြည်နယ်၌ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၂၆၆၉၄၃ ဦးရှိပြီး ဒုတိယအကြိမ်မဲစာရင်းတွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၂၇၃၆၇၃ ဦးရှိသည်။