ချင်းပြည်နယ်တွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ခြောက်ထောင်ကျော်တိုးလာ

ချင်းပြည်နယ်တွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ခြောက်ထောင်ကျော်တိုးလာ
by -
စလိုင်းကျော်မိုး (BNI)
ဒုတိယအကြိမ်မဲစာရင်းကပ်ချိန်တွင် ချင်းပြည်နယ်၌ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၆၇၃၀ ဦးတိုးလာကြောင်း ပြည်နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံး၏ စာရင်းအရသိရသည်။

“အခုလည်း ပုံစံ(၃)နဲ့တင်လာတဲ့သူရှိကြတော့ မဲစာရင်းဦးရေထပ်တိုးလာမည့် အခြေအနေရှိတယ်။ မဲစာရင်းတွေက လ.ဝ.က ဆီကကူးယူထားတာဖြစ်တဲ့အတွက်ကြောင့်အမှားတွေဆက်ရှိနေအုံးမယ်။ ဒါတွေကိုပြည်သူတွေဘက် ကလည်း ဖြည့်ဆည်းစေချင်တယ်”ဟု ချင်းပြည်နယ် ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံး အရာရှိ ဦလင်းကျော်ကပြောသည်။

ကျေးလက်ဒေသများသို့ဆက်သွယ်သည့်လမ်းတံတားများ ပျက်စီးသဖြင့် ယင်းနေရာတွင်နေထိုင်ကြသည့် ပြည်သူများ အတွက်မဲစာရင်း အမှန်ပေါ်ပေါက်ရေးအတွက် စိုးရိမ်ကြကြောင်း နိုင်ငံရေးပါတီများနှင့် ပြည်သူများထံမှ သတင်းရရှိသည်။

“မြို့ပေါ်မှာထက် ကျေးရွာမှာမဲစာရင်းအမှားတွေပိုများတယ်။ နာမည်မပါတာ၊ နာမည်မှားရေးတာတွေံရှိတယ်၊ လမ်းပန်းဆက်သွယ်ရေးကြောင့်လည်း သတင်းအချက်အလက်စီးဆင်းမူကနှေးတယ်”ဟု တီးတိန်မြို့ဒေသခံ တစ်ဦးကပြောကြားသည်။

ချင်းပြည်နယ်တွင် မဲစာရင်းရုံ ရ၈၂ ရုံရှိပြီး အဆိုပါမဲရုံတွင် မဲစာရင်းစောင့်ကြည့် သူ တစ်ရက်လျှင် လူသုံးယောက်နှုန်းထားရှိကြောင်း၊ ယင်းအတွက် တစ်ယောက် သုံးထောင်နှုန်းဖြစ် ထောက်ပံ့ကြေးပေး ကြောင်းသိရသည်။

ပထမအကြိမ် မဲစာရင်းတွင် ချင်းပြည်နယ်၌ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၂၆၆၉၄၃ ဦးရှိပြီး ဒုတိယအကြိမ်မဲစာရင်းတွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၂၇၃၆၇၃ ဦးရှိသည်။

Most read this week

January 3, 2016
“အဓိကကျွန်တော်တို့လိုခြင်တာကအစိုးရတစ်ရပ်ကနေ သူရဲ့နိုင်ငံသားပေါ်မှာ တာဝန်ယူမှု ၊ တာဝန်...
ဒီဇင်ဘာ ၂၉၊ ၃၀ရက်က ကျင်းပခဲ့သော UNA မှအစည်းဝေးကျင်းပနေစဉ်
January 3, 2016
“ဘာကြောင့်UNA မှာလျောက်ရသလဲဆိုရင်၊ UNAရဲ့မူဝါဒနဲ့ ကျွန်တော်တို့မူဝါဒခြင်းတူနေတယ်။...
Chin Agency မှ ရွေးကောက်ပွဲမတိုင်ခင်ကာလာ မဲဆန္ဒရှင်များသို့ မဲပေးပုံ ပညာပေးနေစဉ်
January 3, 2016
“ကျွန်တော်တို့ Chin Agency အဖွဲ့အနေဖြင့်ချင်းပြည်နယ် (၇)မြို့နယ်မှာ မဲဆန္ဒရှင်ပြည်သူ...
ဒီဇင်ဘာ ၁၇ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်၌ ချင်းပါတီများတွေ့ဆုံစဉ်
December 24, 2015
“အခုလုပ်တဲ့အစည်းဝေးကတော့ စတုတ္တအကြိမ် ချင်းမိသားစုနိုင်ငံရေးပါတီ တွေ့ဆုံဆွေးနွေးပွဲပေါ့။...