Miss Shan State South သျှမ်းပြည်တောင်ပိုင်းကကြယ်တပွင့်

Miss Shan State South သျှမ်းပြည်တောင်ပိုင်းကကြယ်တပွင့်
by -
သျှမ်းသံတော်ဆင့်
သျှမ်းပြည်တောင်ပိုင်း ၊ တောင်ကြီးခရိုင် အေးသာယာမြို့မှ B.E Electronic Engineering နောက်ဆုံးနှစ် ကျောင်းသူ အသက် (၂၁) နှစ် ၊ (ဗမာ-သျှမ်း-မွန်-ကရင် ) တိုင်းရင်းသူလေး ခက်ခက်ဇာ သည် ပြီးခဲ့သည့် မတ်လ ၅ ရက်နှင့် ၆ ရက်တွင်ကျင်းပသော Miss Shan State South 2016 သရဖူကို ဆွတ်ခူးရရှိခဲ့သည် ။

ခက်ခက်ဇာနှင့်အတူ သျှမ်းပြည်အရှေ့ပိုင်းနှင့် သျှမ်းပြည်မြောက်ပိုင်းမှ Miss Shan State North/East 2016 တို့သည် မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်း အသီးသီးမှကိုယ်စားပြု အလှမယ်လေး များနှင့်အတူ ဂျူလိုင်လ အတွင်း ကျင်းပမည့် Miss Golden Land Myanmar 2016 နိုင်ငံကိုယ်စားပြု အလှမယ်များ ရွေးချယ်ပွဲကြီး ကို ၀င်ရောက်ယှဉ်ပြိုင် ရမည်ဖြစ်သည် ။ ထို့ကြောင့် သျှမ်း / တောင် အလှမယ် ခက်ခက်ဇာအား သျှမ်းသံတော်ဆင့်မှ ယိင်းတိုင်းက တွေ့ဆုံမေးမြန်းထားပါသည် ။

မေး ။ ။ Miss Shan State South ပြိုင်ပွဲဝင်ဖြစ်တဲ့အကြောင်းလေး ရှင်းပြပေးပါ ။

ဖြေ ။ ။ ကျောင်းပွဲတွေမှာလဲ ပြိုင်နေကျဖြစ်တဲ့အတွက် ၀င်ပြိုင်ဖြစ် တာပါ ။ ကျောင်းကနေလဲ Miss Golden Land လျောက်လွှာတွေ တင်ပေးတဲ့အတွက် အဲ့ဒီကနေ ၀င်ပြိုင်ဖြစ်တာပါ ။

မေး ။ ။ ဘယ်လိုပုံစံနဲ့ယှဉ်ပြိုင်ရတာလဲ ။

2.misssouthshanstate 640x402ဖြေ ။ ။ လျှောက်လွှာတွေတင်တဲ့အခါ ဓါတ်ပုံတွေတင်ရပါတယ် ။ အဲ့ဒီကနေ ၁၉ ဦးရွေးတယ် ၊ အရွေးချယ်ခံရတဲ့ ၁၉ ဦးကို Camp သွင်းပြီး ပြိုင်ရတာပါ ။

မေး ။ ။ အရင်တုန်းကဒီလို Miss ပြိုင်ပွဲတွေ ဘယ်မှာဝင်ပြိုင်ဖူးလဲ ။ Miss Shan State South winner ဆုရှင်ဖြစ်သွားတော့ဘယ်လိုခံစားရလဲ။

ဖြေ ။ ။ ကျောင်းမှာပဲ ပြိုင်ဖူးတာပါ ဒီလိုပွဲကြီးမျိုးလဲ တစ်ခါမှမပြိုင်ဖူးဘူး ။ ဒီလိုပွဲကြီးကတော့ ပထမဆုံး အတွေ့အကြုံပါပဲ ။ ဆုရမယ်လို့လဲ မမျှော်လင့်ထားဘူး၊ မထင်ထားဘူးဆိုတော့ ဆုရတော့ ပျော်တာပေါ့ ။

မေး ။ ။ မျက်စိရှေ့က အားကျရတဲ့ Miss တွေက ဘယ်သူဖြစ်မလဲ ။

ဖြေ ။ ။ တော်တော်များများကိုတော့အားကျပါတယ် ။ နန်းခင်ဇေယျာကို အားကျတယ်။ သူကသျှမ်းပြည်နယ်မှာ ပထမဆုံး ထိုးဖောက်နိုင်ခဲ့တာ ဆိုတော့ သူ့ကိုပဲ စသိခဲ့တာပါ ။

မေး ။ ။ Miss တစ်ယောက်အတွက် ဘာတွေကအရေးကြီးဆုံး လို့ထင်လဲ ။

ဖြေ ။ ။ ခန္ဓာကိုယ်လှရုံနဲ့မပြီးဘူး ၊ စိတ်ထားလည်း လှရမယ် ။ ကိုယ်တတ် နိုင်တဲ့ဖက်က နေ လိုအပ်နေတဲ့လူတွေကို ဖြည့်ဆည်းပေးနိုင်ရမယ် ။ ကိုယ့်ကိုယ်ကျိုးအတွက်သာမက ကိုယ်နေထိုင်တဲ့ ပြည်နယ် ၊ တိုင်းပြည်ကြီး အတွက် တစ်ထောင့်တစ်နေရာကနေ အကျိုးပြုဆောင်ရွက်နိုင်တဲ့သူတစ် ယောက်ဖြစ်ဖို့လည်း အရေးကြီးတယ်လို့ထင်ပါတယ် ။

မေး ။ ။ ညီမလေး Miss တစ်ယောက်ဖြစ်လာခဲ့ရင်ဘာလုပ်မလဲ ။

ဖြေ ။ ။ ကိုယ်က သျှမ်းပြည်နယ်ကိုယ်စားပြုဆိုတော့ သျှမ်းပြည်နယ်မှာရှိ တဲ့ ရွာငယ်လေးတွေမှာ စာသင်ကျောင်းမရှိတဲ့ စာသင်ဖို့ ခက်ခဲနေတဲ့ ကလေးတွေအတွက် စာသင်ကျောင်းတွေ ဆောက်ပေးချင်တယ် စာတတ်ဖို့ကူညီပေးချင်တယ် ။ ကျန်းမာရေးပိုင်းမှာလည်း ဆေးရုံ ဆေးခန်းမရှိတဲ့ ကျန်းမာရေးအစောင့်အရှောက်တွေ လိုအပ်နေတဲ့ရွာတွေမှာ အကူအညီပေးချင်တဲ့ ဆန္ဒတွေရှိပါတယ် ။

သျှမ်းပြည်အရှေ့ပိုင်းမှာ ကျိုင်းတုံမြို့အတွက် ရွေးချယ်ရရှိထားတဲ့ အလှမယ်ကတော့ ရွှန်းလဲ့အိမ် အသက် ၁၉ နှစ် ဖြစ်ပြီး Miss Golden Land Myanmar မှာယှဉ်ပြိုင်ဖို့ တာချီလိတ်မြို့က အလှမယ်နဲ့ ဒီမတ်လပိုင်းထဲမှာ ထပ်မံ ယှဉ်ပြိုင်ရဦးမယ်လို့သိရပါတယ် ။ သျှမ်းပြည်မြောက်ပိုင်း မှာတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က မူစယ်မြို့မှာရွေးချယ်နိုင်ခဲ့ပြီး Miss Shan State North ကတော့ နန်းမေရှင်းသန့် အသက် ၂၃ နှစ် ဖြစ်ပါတယ် ။

December 2, 2024
“အင်အားကြီး နိုင်ငံ နှစ်ခုလုံးက မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဆီးရီးယားတို့ ၊ လစ်ဗျားတို့လို...
ဆလိုင်းဒိုခါရ် (India for Myanmar)
November 29, 2024
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...