မေး ။ ။ ရွေကောက်ပွဲကို ဘယ်နေရာကနေ ဝင်ရောက် ယှဉ်ပြိုင်မလဲရှင့်။
ဖြေ ။ ။ ပြည်နယ် အမှတ် ၁ ။ လင်းခေးမြို့နယ်ပါ။
မေး ။ ။ ကိုယ်ရေးအကျဉ်း တချက်လောက် ပြောပြပေးပါလား။
ဖြေ ။ ။ ကျနော် တောင်သူလယ်သမားအရေးကို လှုပ်ရှားခဲ့သူတဦးဖြစ်ပါတယ်။ အခုဆိုရင် လယ်ယာ လုပ်ငန်းကနေ လယ်သမားတွေ အကျိုးအမြတ်သိပ်မရှိတော့တာကြောင့် ကျနော့ဘက်က ကူနိုင် သလောက် ကူညီဆောင်ရွက်သွားဖို့ ရွေးကောက်ပွဲ ဝင်ရတာဖြစ်ပါတယ်။ ကျနော် လင်းခေးမြို့ အထက ကျောင်းမှာ ၁၀ တန်းအောင်မြင်ခဲ့သူ ဖြစ်ပါတယ်။
မေး ။ ။ ဘာကြောင့် တသီးပုဂ္ဂလ အနေနဲ့ဝင်ပြိုင်ဖို့ ဆုံးဖြတ်တာလဲ။ ဘာကြောင့် သျှမ်းပါတီတခုခုထဲ မဝင်တာလဲ။
ဖြေ ။ ။ သျှမ်းပါတီက များတယ်လေ။ တကယ်လို့ ပါတီထဲဝင်ပြီးယှဉ် လို့နိုင်ခဲ့ရင်တောင်မှ တောင်သူ လယ်သမားအတွက် ဦးစားပေးလုပ်ပေးရ ဖွယ်မရှိလို့လေ။ ကျနော် တသီးပုဂ္ဂလ အနေနဲ့ဆိုရင်တော့ တောင်သူလယ်သမားအရေး လုပ်ရလွယ်မယ်လို့ ယုံကြည်လို့ပါ။
မေး ။ ။ရွေးကောက်ပွဲအတွက် အခု စည်းရုံးရေး စဆင်းနေပြီလား။
ဖြေ ။ ။ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး စည်းရုံးရေး ဆင်းပါတယ်။ ၂၈ ရက်နေ့အထိပါ။ မဲဆန္ဒနယ် အမှတ် ၁ ဖြစ်တဲ့ ဝမ့်ဟတ် ၊ ဟိုင်းကွီ၊ ဝမ့်စစ်၊ ဝမ့်တိန်း ၊ ပုံးထွန်၊ နောင်လုံအပြင် မြို့တွင်း ၈ ရပ်ကွက်ထဲမှာ စည်းရုံးရေး ဆင်းမှာဖြစ်ပါတယ်။
မေး ။ ။ လူထုနဲ့တွေ့ဆုံရတော့ လူထုကနေ ရွေးကောက်ပွဲအပေါ် ဘယ်လောက်အထိနားလည်တယ် လို့ တွေ့ရသလဲရှင့်။
ဖြေ ။ ။ လူထုပြောပြချက်အရ ပြန်ပြောပြရမယ်ဆိုရင် ဘယ်သူကပဲ အုပ်ချုပ် မင်းလုပ်ပါစေ။ လူထု ကတော့ ကျေးကျွန်ဘဲ ဖြစ်နေတာပဲ။ စည်းရုံးရေးဆင်းတဲ့ ပါတီတွေကလည်း ကိုယ့်ပါတီကောင်း ကြောင်းတွေကိုပဲ ပြောနေတော့ လူထုတော်တော်များများက နိုင်ငံရေးကို နားမလည်ကြဘူး။ မသိကြဘူး။ လူထုမျှော်လင့်တာကတော့ ဘယ်ပါတီက သူတို့ဘဝဖွံ့ဖြိုးတိုး တက်အောင် မြှင့်တင်ပေး မလဲဆိုတာပါဘဲ။
မေး ။ ။ ၂ဝဝ၈ ဖွဲ့စည်းပုံကို ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ ၂ဝဝ၈ ဖွဲ့စည်းပုံကိုတော့ ဘယ်သူ့ကိုဘဲမေးမေး ပြင်သင့်တယ်လို့ပဲ မြင်တာပဲ။ ကျနော် ကိုယ်တိုင်လည်းဘဲ ပြင်သင့်တယ် လို့မြင်တယ်။ ပြင်ရမယ်။ ဒါပေမယ့် လူထုထောက်ခံမှုမရရင် လွှတ်တော်ကိုယ်စားလှယ်ချည်းပဲဆိုရင်တော့ ပြင်လို့မှ မရတာလေနော်။
မေး ။ ။ စိုင်းဆေဟန်အနေနဲ့ ၂၀၁၀ တုန်းက ရွေးကောက်ပွဲဝင်ဖူးလား။ နိုင်ငံရေးထဲဝင်ရောက် လှုပ်ရှား ခဲ့ဖူးပါသလား။
ဖြေ ။ ။ မလှုပ်ရှားခဲ့ဖူးပါဘူး။ ကျနော် တောင်သူလယ်သမားအရေးဘဲ အစဉ်တစိုက်ကူညီလုပ်ဆောင် ခဲ့ပါတယ်။ အဲတာကြောင့် တောင်သူလယ်သမားတွေက ကျနော့်ကို - အပြင်ကနေပြီး ကူညီဆောင် ရွက်တယ် ဆိုတာ ထိရောက်မှုသိပ်မရှိဘူး။ ပါလီမန်ထဲဝင်ပြီးတော့ ကျနော်တို့ လိုတာကို အစိုးရဆီ တောင်းဆိုပေးပါလားလို့ တိုက်တွန်းလာလို့ ကျနော်ဝင်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ရတာပါ။
မေး ။ ။ အဲဒီတော့ စိုင်းဆေဟန်အနေနဲ့ လေ့လာကြည့်ရင် ၂၀၁၀ ရွေးကောက် ပွဲ နဲ့ အခုလာမယ့် ရွေးကောက် ပွဲအတွက် နိုင်ငံရေးလှုပ်ရှားမှုကိုကြည့်ရင် ဘယ်လိုကွာခြားတာကို မြင်ပါသလဲ။
ဖြေ ။ ။ ကွာခြားပါတယ်။ ဒါပေမယ့် လုပ်ဆောင်မှုတွေကတော့ သိပ်မကွာ ဘူးလို့မြင်ပါတယ်။ ဘာကွာခြား သလဲဆိုရင်တော့ အခုဆိုရင်ပါတီတွေ များလာတယ်။ လူထုက သူတို့ကို ကိုယ်စားပြုပြီး လုပ်ပေးမယ့် ထူးချွန်ထက်မြက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ကောင်းကောင်းရွေး ချယ်နိုင်တာပေါ့။
မေး ။ ။ လာမယ့်ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက် ပွဲဖြစ်မယ်လို့ မြင်ပါသလား။
ဖြေ ။ ။ လွတ်လပ်မှုတော့ ရှိမယ်မထင်ဘူး ။ ရွေးကောက်ပွဲကျရင် တကယ်လို့ ရွာမှာမဲပုံးမထောင်ဘဲ ရွာကလူတွေကိုမြို့တက် မဲထည့်ခိုင်းမယ်ဆိုရင်တော့ ကျနော်တို့ တိုင်းရင်းသားပါတီတွေ မဲရှုံးမှာ သေချာတယ်။
မေး ။ ။ ဟုတ်ကဲ့။ လောလောဆယ် တွေ့ကြုံနေမှု အပေါ်သုံးသပ်ပြီးတော့ လယ်သမားတွေကို ကိုယ်စားပြုတဲ့ စိုင်းဆေဟန်အပေါ် လူထုရဲ့ထောက်ခံ အားပေးမှုရှိတယ်လို့ မြင်ရပါသလဲ။
ဖြေ ။ ။ ခုမှ အစဘဲရှိသေးတယ်ဆိုတော့ လူထုက ကျနော့်အပေါ် ဘယ်လောက်ထောက်ခံ အားပေးတယ်ဆိုတာ ကျနော်မှန်းဆပြီး မပြောနိုင်သေးပါဘူး။ ကျနော့်ရဲ့ လုပ်ရည်ကိုင် ရည်ကို ကြည့်ရဦးမှာ ဖြစ်ပါတယ်။
မေး ။ ။ တသီးပုဂ္ဂလ ဘဲဆိုတော့ ပါတီကြီးတွေနဲ့ ပြိုင်ရမယ်ဆိုတော့ အခက်အခဲရှိမယ်လို့ ထင်ပါသလား။ ဘယ်ပါတီတွေနဲ့ ယှဉ်ပြိုင်ရမလဲ။
ဖြေ ။ ။ ဟုတ်ကဲ့။ ရှိတယ်လို့လည်း ပြောလို့ရပါမယ်။ လင်းခေးမှာပြိုင်မှာက သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ကြံ့ခိုင်ရေးပါတီနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စတဲ့ပါတီကြီးတွေပေါ့။
မေး ။ ။ တကယ်လို့ ရွေးကောက်ပွဲ အောင်နိုင်ပြီး လွှတ်တော်ထဲရောက်သွားရင် လူထုကိုဘာတွေ အရင်လုပ်ပေးမလဲ ။
ဖြေ ။ ။ ကျနော်အဓိက လုပ်ဖို့လျာထားတာက ၃ မျိုးရှိပါတယ် ။ ၁- စိုက်ပျိုးဖို့ ရေအလုံအလောက် ရှိရမယ်။ ၂- စိုက်ပျိုးဖို့ မျိုးစေ့လုံလောက်အောင် ရှာပေးမယ်။ ၃- ထွက်လာတဲ့ သီးနှံတွေကို တင်ပို့ ရောင်းချဖို့ ဈေးကွက် ရှာပေးမယ်။ အဦးဆုံးကတော့ လူထုရဲ့စိုက်ပျိုးသီးနှံ ဖြစ်ထွန်းမှ နေထိုင်စား သောက် မှုဖွံ့ဖြိုး တိုးတက်မယ်။ စားဝတ်နေရေး ချောင်လည်မှ လူတွေက နိုင်ငံရေးကိုစိတ်ဝင်စား လာမယ်။ နိုင်ငံရေးကို နားလည်လာမယ်လေ။ အဓိကက ဝမ်းရေး အရင်ဖြေရှင်းရမယ် မဟုတ်လား။
မေး ။ ။ အရင်ဦးဆုံးက ဘာလုပ်ဖို့ရှိလဲ။
ဖြေ ။ ။ လယ်သမားတွေ ရေအလုံအလောက် ရရှိရေးပေါ့ဗျာ။
မေး ။ ။ လူထုကို ဘာပြောပြချင်ပါသလဲ ။
ဖြေ ။ ။ ကျနော် ဒေသခံလူထုကို သတိပေးချင်တာကတော့ လူထုကိုယ်စားလှယ်ကို ရွေးချယ်မယ်ဆိုရင် လူထုအတွက် တကယ်လုပ်ပေးနိုင်မယ့် လူကို လေ့လာကြည့်ပါ။ ရွေးချယ်တတ်ဖို့ပါ။ အတွေးမမှားပါနဲ့ အတွေးမများပါနဲ့။ မှားရွေးမိတာနဲ့ နောက်ထပ် ၅ နှစ် ထပ်ပြီး ဆင်းရဲပါဦးမယ်။ ကျေးဇူးတင်ပါတယ်။
စိုင်းစံထွန်း (ခေါ်) စိုင်းဆေဟန်ဟာ ပြီးခဲ့တဲ့နှစ်တွေကလည်း လင်းခေးမြို့နယ် အတွင်းသာမက မြို့နယ်အသီးသီးမှ တောင်သူလယ်သမားတွေကို ဖိတ်ျ ကားပြီး လယ်သမားတွေ့ဆုံပွဲ၊ သဘာဝ ဓါတ်မြေဩဇာလုပ်ပုံ လုပ်နည်း၊ ပျိုးပင်များ အပင်ကြီးများ ပိုးမကျအောင် သဘာဝနည်းဖြင့် ကာကွယ်နည်း အစရှိသည်တို့ကို သင်တန်းပေး ရှင်းလင်းဆွေးနွေး ပြသခဲ့ဖူးပါတယ်။