ဂျပန်မှ လှူဒါန်းသည့် ဒုတိယမြောက် ကစ္ဆပနဒီ -၂ ခရီးသည်တင် အမြန်ရေယာဉ် ကျောက်ဖြူသို့ ရောက်ရှိမည်

ဂျပန်မှ လှူဒါန်းသည့် ဒုတိယမြောက် ကစ္ဆပနဒီ -၂ ခရီးသည်တင် အမြန်ရေယာဉ် ကျောက်ဖြူသို့ ရောက်ရှိမည်
by -
နိရဥ္စရာ
ဂျပန်နိုင်ငံမှ လှူဒါန်းသည့် ဒုတိယမြောက်ရေယာဉ်ဖြစ်သည့် ကစ္ဆပနဒီ -၂ ခရီးသည်တင် အမြန် ရေယာဉ် ကျောက်ဖြူမြို့သို့ ဇူလိုင် ၂၅ ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိမည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် လေကြောင်းနှင့်ရေကြောင်း ကဏ္ဍများဖွံ့ဖြိုး တိုးတက်ရေးအတွက် ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးမှု အကူအညီ အထောက်အပံအဖြစ် ကမ်းရိုးတန်းနှင့် မြစ်တွင်းသွား ခရီးသည်တင် ရေယာဉ် ၃ စီး လှုဒါန်းရန်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ တာဝန်ရှိသူများက ၂၀၁၆ ခုနှစ် ၊ စက်တင်ဘာ ၉ ရက်ကအကူအညီပေးရေးဆိုင်ရာစာချွှန်လွှာကို လက်မှတ်ရေးထိုးလဲလှယ်ခဲ့သည်။

ဂျပန်နိုင်ငံမှ The Economic and Social Development Programme အစီအစဉ်ဖြင့် ဂျပန် ယန်းသန်း ၅၀၀တန်ဖိုးရှိ အသုံးပြုဆဲ ရေယာဉ် ၂ စီးနှင့် ဂျပန် ယန်းသန်း ၁၀၀၀ တန်ဖိုးရှိ ရေယာဉ်သစ် ၁ စီး စုစုပေါင်း ယန်းသန်း ၁၅၀၀ တန်ဖိုးရှိ ရေယာဉ် ၃ စီး အထောက်အပံ့ံရရှိခဲ့သည်။

ပထမရေယာဉ်ဖြစ်သည့် ကစ္ဆပနဒီ-၁ ခရီးသည်တင် ရေယာဉ်သည် ၂၀၁၇ ခုနှစ် မတ်လ ၁၄ ရက် ညနေ ၆ နာရီခွဲတွင် ရောက်ရပ်နားခဲ့ပြီး မတ် ၁၅ ရက် နံနက် ၁၁ နာရီခွဲတွင် ရေယာဉ်တင် သင်္ဘောပေါ်မှ ရေချ ခဲ့သည်။ ၂၀၁၇ခုနှစ် မတ်လ ၂၉ ရက်တွင် တရားဝင်လွှဲပြောင်း လက်ခံရယူခဲ့ပြီး ခရီးသည်တင် သီးသန့် အမြန် ရေယာဉ်အဖြစ် ပြေးဆွဲ လျက်ရှိသည်။

ယခုအခါ ဒုတိယရေယာဉ် ကစ္ဆပနဒီ-၂ ခရီးသည်တင် ရေယာဉ်သည် ဂျပန်နိုင်ငံ KOBE ဆိပ်ကမ်းမှ ရေယာဉ်တင် သင်္ဘော MV ISE ဖြင့် သယ်ဆောင်လာရာ ကျောက်ဖြူ ဆိပ်ကမ်းသို့ ဇူလိုင် ၂၅ ရက် (ယနေ့) ညပိုင်းတွင် ရောက်ရှိ လာမည်ဖြစ်သည်။

ရောက်ရှိလာမည့် ကစ္ဆပနဒီ-၂ ရေယာဉ်အတိုင်းအတာမှာ ( ၁၉.၉၅မီတာ ×၅.၄မီတာ×၁.၉မီတာ)၊ရေစူး ၀.၈၆ မီတာ ရှိသည်။ အလူမီနီယံ ကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး ခရီးသည် ၈၁ ဦး သယ်ဆောင်နိုင်ကာ တစ်နာရီ ရေမိုင်၂၅ မိုင် မောင်းနှင်နိုင်သော ရေယာဉ်ဖြစ်သည်။

ရခိုင်ပြည်နယ် ၏ ရေကြောင်းပို့ဆောင်ရေးတွင် တိုးမြှင့် ပြေးဆွဲပေးသွားမည်ဖြစ်ရာ ရခိုင်ပြည်နယ်အတွင်း ရှိ ပြည်သူများအနေဖြင့် ယခင်ကထက် ပိုမိုဘေးကင်းလုံခြုံ စိတ်အေးချမ်းသာစွာ သွားလာနိုင်တော့မည်ဖြစ်သည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနသည် ဂျပန်နိုင်ငံတွင် အသစ် တည်ဆောက် လျက်ရှိသည့် ကစ္ဆပနဒီ-၃ ရေယာဉ်ကိုလည်း ရခိုင်ပြည်နယ် ရေလမ်းခရီးသဉ်များတွင် တိုးချဲ့ပြေးဆွဲပေးနိုင်ရန်အတွက် သတ်မှတ် ကာလဖြစ်သော၂၀၁၈ ခုနှစ်ကုန်ပိုင်းတွင် လက်ခံရရှိရေး ဂျပန်နိုင်ငံမှ တာဝန်ရှိသူများနှင့်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

December 13, 2024
စစ်ကောင်စီက ဂွမြို့ကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ဝင်တိုက်မည်ဟု တပ်လှန့်ထားကာ...
December 12, 2024
ရခိုင်တွင် မွေးကင်းစမှ တစ်နှစ်ကျော်အရွယ်ကလေးများ ကာကွယ်ဆေးမထိုးရ၍ ကျန်းမာရေးချို့တဲ့လာနေသည်ဟု...
Photo - Google
December 11, 2024
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် ART ဆေးပြတ်လပ်၍ HIV လူနာ အမျိုးသားတစ်ဦး သေဆုံးသွားသည်ဟု...
December 10, 2024
အာရက္ခတပ်တော် (AA) ထိုးစစ်ဆင်မတိုက်ခိုက်ရသေးသည့် ရခိုင်မြို့ ၃ မြို့ဖြစ်ကြသည့် စစ်တွေ၊...