MSF ထွက်သွားရန်စစ်တွေမြို့ဆန္ဒုပြပွဲ မေးမြန်းချက်

MSF ထွက်သွားရန်စစ်တွေမြို့ဆန္ဒုပြပွဲ မေးမြန်းချက်
by -
နိရဥ္စရာ

 ရခိုင်ပြည်နယ် စစ်တွေမြို့၌ MSF ခေါ် AZG ကို ဖေဖေါ်ဝါရီလ ၂၃ ရက်၊ ဒုတိယနေ့မြောက်တွင် လူရာနှင့်ချီပြီး ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။ နိရဥ္စရာက ရခိုင်လူမှုကွန်ယက် ခေါင်းဆောင် ဒေါ်မညို အေး နှင့် မေးမြန်းဖြေကြားချက်များကို ဖေါ်ပြလိုက်သည်။

မေး-MSF ကို ရခိုင်ပြည်မှထွက်ခွာသွားရန်နှင့် ဆန္ဒပြရသည့် အကြောင်းအရင်းကို သိလိုပါတယ်?

ဖြေ- ဟုတ်ကဲ့ MSF နဲ့ AZGဟာ ကျန်းမာရေးဝန်ကြီးဌာနနဲ့ နှစ်ဘက်လုံးကို ကျန်းမာရေး ကူညီးပေးဖို့ဆိုပြီ MoU ထိုးထားတာရှိပါတယ်။ ဒါပေမယ့် သူတို့ဟာ ဘင်္ဂလီတွေကိုဘဲ ဘက်လိုက် ဆောင်ရွက်နေတာကို ကျမတို့တွေ့ရပါတယ်။ ဒါပေမဲ့ ရခိုင်လူမှုအသိုင်းအဝိုင်းက ဒီအဆင့်လောက်ကို ခွင့်လွတ်နိုင်ပါသေးတယ်။ အခုလက်တွေ့မှာ သိပ်ကို လွန်ကဲလာတာကို တွေ့ရတဲ့အတွက် ကျမတို့ ဆန္ဒပြရတာ ဖြစ်ပါတယ်။

MSF ထွက်သွားရန်စစ်တွေမြို့ဆန္ဒုပြပွဲ မေးမြန်းချက်

မေး-ဘယ်လိုနေရာမျိုးတွေမှာ လွန်ကဲလာတာတွေ့ရပါသလဲ?
ဖြေ- ကျမပြောပါမယ်။ နံပတ် (၁) က ဘင်္ဂလီတွေကို ရိုဟင်ဂျာ တိုင်းရင်းသားဖြစ်ရေးအတွက် ဆောင်ရွက်ဖို့ အားပေး အားမြှောက် ပြုတာတွေကို ကျမတို့တွေ့နေရပါတယ်။ (၂) အချက်က  ဘင်္ဂလီတွေ လူ့အ ခွင့် အရေး ချိုးဖောက် ခံနေရပါတယ်လို့ ကမ္ဘာ့မီဒီယာတွေကို လိမ်ညာဝါဒဖြန်နေ့တာကိုလည်း ကျမ တို့ကြားသိနေရတယ်။ နံပတ် ( ၃) အချက်က နိုင်ငံတကာအဖွဲ့တွေ ရောက်လာရင် မမှန်သတင်းပေးဖို့ ဘင်္ဂလီဒုက္ခ သည်စခန်းတွေမှာ တွင်တွင်ကျယ်ကျယ် သင်ကြားပေးနေတာတွေကို ကျမတို့သတင်းရရှိ ပါတယ်။ (၄) အချက်က လုံခြံုရေးတပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုတွေကို သူတို့စောင့်ကြည့်တယ်၊ သတင်းပို့တဲ့ အလုပ်တွေကို လုပ်လာတာကို တွေ့နေရပါတယ်။ (၅) အချက် အခုနောက်ဆုံး ဖြစ်ရပ်ဆိုရင် ဒုချီးရားတန်း ဖြစ်ရပ်မှာဆိုရင် ဘင်္ဂလီ ၄၀ ဦး အပစ်ခံရပြီး ၂၄ ဦးဆေးကုသပေးရပါတယ်ဆိုပြီး ကမ္ဘာ့မီဒီယာတွေကို လိမ်ညာပြီး သတင်းပို့တာလည်းရှိပါတယ်။ ဒီလိုလုပ်လာတဲ့အတွက် ကျမတို့စိုးရိမ်တာက MSFနဲ့AZG ဟာ ရခိုင်ပြည်နယ်မှာ ဆက်ပြီးရှိနေရင် ပဋိပက္ခတွေထပ်မံပြီးဖြစ်ပွားဖို့အတွက် သူတို့သွေးထိုး လှုံဆော် ပေးနေတယ်ဆိုပြီး အဖြစ်အပျက်တွေကို မြင်တွေ့နေရတဲ့အတွက် ကျမတို့ သူတို့ ထွက်သွားဖို့ ဆန္ဒထုတ်ဖော်နေရတာ ဖြစ်ပါတယ်။

မေး-ရခိုင်ပြည်နယ်တွင် အခြေစိုက် လူပ်ရှားရန်အတွက် နိုင်ငံတာ အန်ဂျီအိုများနှင့် MoU နားလည်မူ စာချွန်လွှာကို လက်မှတ်ရေးထိုးထားသည်မှာ နို်င်ငံတော် အစိုးရကဖြစ်သဖြင့်  အစိုးရကိို ဆန္ဒပြမတောင်းဆိုဘဲ MSF  ဘာကြောင့် ဆန္ဒပြရတာပါလဲ?

ဖြေ-ကျမတို့ အစိုးရကိုဆန္ဒမပြဘဲ MSFနဲ့ AZG ကိုဆန္ဒပြရတာက အကြောင်းရှိပါတယ်။ ကျမတို့ရခိုင်ပြည်နယ်မှာ သူတို့ဟာ MOU ထိုးပြီး ဆင်းလာတာဆိုကတည်းက ပြည်ထောင်စုအစိုုး ရနဲ့ သဘောတူပြီးဆင်းလာတာ ဖြစ်ပါတယ်။ သို့သော်သူတို့ ဒီပြည်နယ်အတွင်းကို ရောက်လာတဲ့အ ချိန်မှာ ကျမတို့ ရခိုင်ပြည်နယ်အစိုးရပိုင်း အဖွဲ့အစည်းတွေကို သူတို့ ဘာလုပ် နေတယ်။ ဘာအကူအညီပေးနေတယ်ဆိုတာကို လုံဝချပြတာမရှိဘူး။ ဒါကြောင့် ကျမတို့ သမ္မတ ဦး သိန်းစိန်ဆီကို ၁၆ ရက်နေ့က အိပ်ဖွင့်ပေးစာ ပို့ပေးလိုက်ပါတယ်။ အဲဒီ အိပ်ဖွင့်ပေးစာကိုလည်း သတို့ AZGနဲ့MSF သက်ဆိုင်ရာ ကျန်းမာရေဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် ၀န်ကြီးဌာနတွေကိုလည်း ပေးတယ်။ နောက်ပြီး အိမ်ငှားထားတဲ့ လူတွေကိုလည်ပေးတယ်။ ပြီးတော့ သူတို့ရုံးအားလုံးကိုလည်း ကျမတို့ပို့ထားပါတယ်။ ကျတို့ အထူးစိုးရိမ်စရာ အခြေအနေတွေကို မြင်ရတဲ့အတွက် ကျမတို့ အခု လိုလုပ်ရတာ ဖြစ်ပါတယ်။”

မေး-သူတို့ရခိုင်ပြည်နယ်က ထွက်မသွားဘူးဆိုရင် ဘယ်လို ဆက်လုပ်ဖို့ အစီအစဉ်တွေရှိပါသလဲ?

ဖြေ- ကျမတို့ ဒီကိစ္စနဲ့ပတ်သတ်လို့ ကော်မီတီဖွဲ့လို့ရှိပါတယ်။ စည်းကမ်းထိန်း သိမ်း ရေးနှင့် အမျိုးဘာသာစောင့်ရှောက်ရေး သံဃာအဖွဲ့တွေက ဦးဆောင်ပြီး သံဃာတော် ၉ပါး။ ပြီးတော့ ကျမတို့ လူပုဂ္ဂိုလ် ၉ ဦးနဲ့ကျတို့ ကော်မီတီဖွဲ့ထားတယ်။ အဲဒီကော်မီတီက မနက်ဖန်လည်း ဆန္ဒထုတ်ဖော်မယ်။ အဲဒီလို ဆန္ဒထုတ်ဖော်လို့လည်း သူတို့ဘက်က ဘာမှ တုန့်ပြန်မှုမရှိရင် သူတို့ရခိုင် ပြည်က ထွက်သွားဖို့အတွက်ကျမတို့ အချက်အလက်တွေစုဆောင်းထားတာတွေကို ကျမတို့ မီဒီယာတွေမှာလည်း ရေးသားထာပါတယ်။ သူတို့ထွက်မသွားဆိုရင် ကျမတို့ ကော်မီတီက ဆွေးနွေးပြီး ဆက်ပြီး အချိန်အဟုန် မြှင့်တင်သွားဖို့ရှိပါတယ်။”

မေး-AZG-MSF အဖွဲ့မှ  ကိုယ်စားလှယ်တွေ ဒေါ်မညိုအေးတို့ရခိုင် လူမှုအဖွဲ့အစည်း တွေနဲ့ ဆွေးနွေးဖြေရှင်းလိုကြောင်း ကမ်းလှမ်းလာပါက မည်ကဲ့သို့ သဘောထားပါမည်နည်း?

ဖြေ-သူတို့ဖြေရှင်းချက် တောင်းလာရင် AZG အနေနဲ့ နှစ်ပေါင်း ၂၀ ကျော်အထဲက သူ တို့ လုပ်လာတဲ့ဖြစ်ရပ်တွေထဲက ဖြစ်ရပ်တွေကို အားလုံးသူတို့ကို ကျမတို့ သည်းခံနိုင်စရာမရှိဆိုတဲ့ အကြောင်းတွေကို ကျမတို့သူတို့ကိုပြန်ပြောရမယ်။ သူတို့ထပ်ပြီး ဆွေးနွေးလာရင်လည်း ကျမတို့ လက်ခံနိုင်စရာမရှိတော့ဘူး။ ဘာကြောင့်လည်းဆိုရင် သူတို့ဟာ အမျိုးသားရေးအမြင်နဲ့ ကြည့်ရရင် သူတို့ဟာ အင်မတန်ဘက်လိုက်ပြီး ဘင်္ဂလီတခုတည်းအတွက်သာ ဖန်တီးထားတဲ့ ပုံသဏ္ဍာန်ပေါ် လွင်နေတယ်။ ဒါကြောင့် ကျတို့သူတို့နဲ့ တွေ့ဆုံခြင်းကိုလည်း ငြင်းပယ်ရမှာ ဖြစ်ပါတယ်။

မေး-သူတို့ကို ရခိုင်ပြည်နယ်အတွင်းက ထွက်ခွာသွားဖို့အတွက် အစိုးရကို ထပ်ပြီး တောင်းဆိုမယ့် အစီအစဉ်ရှိပါသလား?

မေး-ဟုတ်ကဲ့/ ကျမတို့ ပထမဆုံးအကြိမ် သမ္မတကြီးဆီကို စာပို့ထားပါတယ်။ အဲဒီစာပို့ ထားလို့သမတကြီးရဲ့ လုပ်ဆောင်မှု အပေါ်မှာ မူတည်ပြီး ကော်မီတီဝင်တွေနဲ့ ဆွေးနွေးပြီး ဆက်ပြီး လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ သူတို့မထွက်မချင်း ကျမတို့အရှိန်အဟုန်မြှင့်တင်ပြီး နည်းလမ်းပေါင်းစုံနဲ့ ဥပဒေဘောင်အတွင်းက လုပ်သွားဖို့ရှိတယ်ဆိုတဲ့ အကြောင်းကို ပြောလိုပါတယ်။

Most read this week