ချင်းပြည်နယ် မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ် မဲဆန္ဒနယ်တွင် National Democratic Force ( NDF) နှင့် United Democracy Party ( UDP) မှ ကိုယ်စားလှယ်လောင်းများ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်နှင့်
ပလက်ဝမြို့နယ်မဲ ဆန္ဒနယ်တို့တွင် ယှဉ်ပြိုင်သွားမည်....
ချင်းပြည်နယ် မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ် မဲဆန္ဒနယ်တွင် National Democratic Force ( NDF) နှင့် United Democracy Party ( UDP) မှ ကိုယ်စားလှယ်လောင်းများ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်နှင့်
ပလက်ဝမြို့နယ်မဲ ဆန္ဒနယ်တို့တွင် ယှဉ်ပြိုင်သွားမည်ဟု သတင်း ရရှိသည်။
အဲန်ဒီအက်ဖ် ကိုယ်စားလှယ်များသည် မတူပီမြို့နယ် မဲဆန္ဒနယ်တွင်၎င်း၊ ယူဒီပီကိုယ်စားလှယ်များသည် ပလက်ဝ မြို့နယ် မဲဆန္ဒနယ်တွင်၎င်း အသီးသီး ယှဉ်ပြိုင်သွားကြမည် ဖြစ်သည်။
မတူပီမြို့နယ် မဲဆန္ဒနယ်မှ အဲန်ဒီအက်ဖ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အတွက် ဦးရွှေထန်း ( ၁၉၉၀ ခုနှစ်၊ အဲန်အယ်လ်ဒီလွှတ်တော် ကိုယ်စားလှယ်)နှင့် ပြည်နယ်ကိုယ်စားလှယ်အဖြစ် ဦးယုံကျင်းနှင့် ဦးဟန်တိုက်တို့ကို လျာထားကြသည်။
“အခုလက်ရှိမှာ ပြည်သူတွေ အနေနဲ့ အဲန်ဒီအက်ဖ်နဲ့ စီပီပီကို စိတ်ဝင်စားကြတယ်၊ သူတို့ စည်းရုံးရေးတွေ မလုပ် သေးတော့ စိတ်ထဲမှာ ဇဝေဇ၀ါ ဖြစ်နေကြတယ်” ဟု သင်းအုပ်ဆရာတဦးက ပြောသည်။
အလားတူ ပလက်ဝမြို့နယ် မဲဆန္ဒနယ် မှ ယူဒီပီ ပြည်နယ် ကိုယ်စားလှယ်အဖြစ် ပူးဘေးမော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပူး အမ်ဗန်နှင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးကျော်မြင့်နှင့် ဦးမြင့်မောင် တို့အား လျာထားခဲ့ကြသည်။
“ကျတော်တို့ နိုင်မယ်မနိုင်မယ်ကတော့ စည်းရုံးရေးမလုပ် ရသေးဘူး ဆိုတော့ ပြောရခက်နေသေးတယ်” ဟု ပြည်နယ် ကိုယ်စားလှယ်လောင်း ပူး ဘေးမော်က ပြောသည်။