နအဖတပ်စခန်း တခု မီးလောင်

နအဖတပ်စခန်း တခု မီးလောင်
ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ် ကာရာမိတ်ကျေးရွာတွင် အခြေစိုက်သည့် နအဖတပ်စခန်းတခု ဧပြီလ နောက် ဆုံးပတ်က မီးလောင်သွားသည်ဟု သိရ သည်။ ...

ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ် ကာရာမိတ်ကျေးရွာတွင် အခြေစိုက်သည့် နအဖတပ်စခန်းတခု ဧပြီလ နောက် ဆုံးပတ်က မီးလောင်သွားသည်ဟု သိရ သည်။

“ည ၁၂း ဝဝ နာရီခန့်မှာ တပ်စခန်းဆီမှ ပေါက်ကွဲသံကြားတယ်၊ အပြင်ထွက်ကြည့်မှ တပ်စခန်းမှာ မီး လောင် နေတာ တွေ့ရတယ်” ဟု ဒေသခံတဦးက ပြောသည်။

မီးလောင်မှုနှင့် ပါတ်သက်၍ အသေအပျောက်၊ ဒါဏ်ရာရရှိမှုမရှိသော်လည်း ကျည်ဆံတချို့မီးလောင်သွား သည်ဟု သိရသည်။

ယခုလက်ရှိတွင် ကာရမိတ်တပ်စခန်းတွင် ရခိုင်ပြည်နယ်၊ ငပလီ အခြေစိုက် ခလရ ၂၃၂ တပ်ရင်းမှ တာဝန်ကျနေကြောင်း၊ ယခုမီးသည် အချင်း ချင်းအရက်မူးပြီး လက်လွတ်စပယ်ဖြစ်သွားရာမှ လောင် သွားခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါတပ်စခန်းမီးလောင်သည့်ကိစ္စကိုပြင်ပသို.သတင်းမပေါက်ကြားစေရန် ကျေးရွာ ရယက များကို မှာထားကြောင်း သိရသည်။

“အဲဒီညမှာ စစ်သားတွေအရက်သောက်ကြတယ်၊ အရက်မြီးရန် အစားအသောက်တွေကြော်စားကြရာ ကနေ လက်လွတ် စပယ်ဖြစ်သွားပြီးလောင်သွားတာဖြစ်လိမ့်မယ် ၊ ဒီကိစ္စဘာမှ မပြောကြဘို့ စစ်တပ် တွေက ပြောတယ်”ဟု စက်လှေ ကုန် သည်တဦးက ပြောသည်။

မီးလောင်သွားသည့်တပ်စခန်းအတွက် ကာရမိတ်ရွာသားများကိုလည်း အမြန်ဆုံးလုပ်အားပေးခေါ်ယူ သည်ဟု လည်းသိရ သည်။ကာရမိတ်တပ်စခန်းသည် ကုလားတန်မြစ်ကမ်းနဘေးတွင်ရှိပြီး၊ အိန္ဒိယ- မြန်မာနယ်စပ်စက်လှေကုန် သည် များထံမှ အခွန်များကောက်ယူလေ့ရှိကြသည်။

လက်ရှိ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် နအဖ တပ်စခန်းပေါင်း ၃ဝ ကျော်ရှိသည်။

Most read this week