သမ္မတ ဦးသိန်းစိန် အစိုးရ သက်တမ်းတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး နိုင်ရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ထားနိုင်ရေး မဖြစ် မနေ ကြိုးပမ်း သွားရန် ရည်မှန်းချက်ရှိကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ရွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာလ (၉) ရက်နေ့၌ ပြောကြား ခဲ့သည်။
“သမ္မတကြီး ကမကထ ပြုခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်က (၃) နှစ်ထဲ ရောက်လာပြီ ဆိုတော့ ရလာဒ် တစ်ခုတော့ ထွက်လာဖို့ လိုတယ်၊ ဒီ ရလာဒ်က အဓိပ္ပါယ် ရှိရမယ်၊ ဂုဏ်သိ က္ခာ ရှိရမယ်။ ဒီရလဒ်က ဘာလဲ ဆိုတော့ အပစ်ရပ် စာချုပ်ပေါ့ဗျာ၊ ကျွန်တော်တို့ ကတော့ နိုင်ငံရေး ကြောင့်ပဲ ဖြစ်စေ၊ စစ်ရေး အခြေအနေ ကြောင့်ပဲ ဖြစ်စေ ပေါ့ဗျာ၊ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ကိုတော့ ဆက်သွား ရမှာပဲ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ရွှေဟင်္သာ သတင်း ဌာနသို့ ဒီဇင်ဘာလ (၉) ရက်နေ့တွင် ပြောသည်။
နှစ်ဖက် အကြား ညှိနှိုင်း နေသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး (Nation Wide Ceasefire) ဖြစ်မြောက်ရန် အပစ်ရပ် စာချုပ် မူကြမ်း ညှိနှိုင်းမှု (၉၀) ရာခိုင် နှုန်းကျော် ပြီးစီး ပြီ ဖြစ်ကြောင်းလည်း မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ရွှေဟင်္သာ သတင်းဌာနသို့ ဒီဇင်ဘာလ (၉) ရက်နေ့တွင် ပြောကြား ခဲ့သည်။
“ဖြစ်ချင်တယ် ဆိုရင် မနက်ဖြန်လည်း ဖြစ်လို့ ရတယ်၊ ဘာကြောင့်လဲ ဆိုတော့ ဖက်ဒရယ် ကိစ္စ၊ အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်ရေး၊ နှစ်ဖက် တပ်တွေ လိုက်နာ ရမယ့် ကျင့် ဝတ်တွေ၊ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ဆောင်ဖို့ ဒါတွေ သဘောတူ ထားကြ ပြီးပြီ၊ ကျန်တဲ့ အချက် တွေကိုတော့ နှစ်ဖက် စလုံးက သူတို့ အနေနဲ့ လျော့စရာ ရှိတာ လျော့ပြီး သွား ရင် ဖြစ်နိုင်တယ်၊ မဟုတ်ဘူး ဆိုရင်တော့ ဒီအတိုင်းပဲ ဆက်ပြီး ဆွေးနွေး သွားရ ဦးမယ်” ဟု သူက ပြောသည်။
လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၄) ဖွဲ့နှင့် အပစ်အခတ် ရပ်စဲ ထားနိုင်ပြီး ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) နှင့်မူ အပစ်ရပ် စာချုပ် မချုပ်ဆို နိုင်သေး သော်လည်း စစ်ရှိန် လျော့ချ နိုင်ရန် သဘော တူညီချက် ရှိထားကြောင်း ဒေါက်တာ မင်းဇော်ဦးက ဆက်ပြောသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တို့အကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး နိုင်ရေး အတွက် ညှိနှိုင်းရန် ကျန်ရှိ နေသည့် တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး စာချုပ် အတွင်းရှိ “အပစ်အခတ် ရပ်စဲ ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ၏ အခန်း ကဏ္ဍ” ပါ အချက် (၉) ချက်အား နှစ်ဖက် အလျော့ အ တင်း ညှိနှိုင်း မှုဖြင့် သဘောတူ နိုင်ကြဖွယ် ရှိကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်ပြောသည်။
ထိုသို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲနိုင်ရေး အတွက် နှစ်ဖက် ဆက်လက် ညှိနှိုင်း ဆွေးနွေး ပွဲများ ကိုလည်း ဆက်လက် အကောင် အထည် ဖော်သွားရန် ရှိကာ လာ မည့် ဒီဇင်ဘာလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့ များတွင် မြန်မာ့ ငြိမ်းချမ်းရေး စင်တာ (MPC) မှ တာဝန် ရှိသူ များနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ ထိုင်းနိုင်ငံ ချင်းမိုင် မြို့၌ ဆက်လက် တွေ့ဆုံရန် ရှိကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ရွှေဟင်္သာ သတင်း ဌာနအား ဆက်ပြောသည်။
ထိုနှစ်ဖက် ညှိနှိုင်းပွဲ အပြီးတွင် တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ် ချုပ်ဆို နိုင်ရေး မြန်မာ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ (UPWC) နှင့်NCCT တို့ အကြား ဆက် လက် တွေ့ဆုံနိုင်မည့် ရက်အား သတ်မှတ် သွားမည် ဖြစ်ကာ အစိုးရ ဘက်မှ အဆိုပြု ထားသည့် ဒီဇင်ဘာလ (၂၅) ရက်နေ့ မတိုင်မီ တွေ့ဆုံ နိုင်ခြင်း ရှိမရှိ ကို ဗိုလ်မှူး ကြီး ခွန်ဥက္ကာက ဖြေကြားရန် ငြင်းဆို ခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ (၂) ရက်နေ့၌ တစ်ဆို့ နေသည့် ငြိမ်းချမ်း ရေးနှင့် တပြည်လုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆို နိုင်ရေး ညှိနှိုင်း ပွဲများ ပြန်လည် စတင် နိုင်ရန် အ တွက် နှစ်ဖက် အကြို ညှိနှိုင်း ခဲ့ကြ ရာ၌ NCCT ဘက်မှ ကချင် ဗိုလ်လောင်း သင်တန်း ကျောင်းအား အစိုးရ တပ်ဘက်မှ လက်နက် ကြီးဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့မှု အပါ အဝင်၊ တိုင်းရင်းသား ဒေသ အတွင်း ထိုးစစ်ဆင် နေသည့် အခြေအနေ များနှင့် ပတ်သက်၍ အစိုးရအား NCCT က မေးခွန်း ထုတ်ခဲ့ ပါသည်။
ထိုမေးခွန်း များနှင့် ပတ်သက် ၍လည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းက ယခု ရက်ပိုင်း အတွင်း တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ထံသို့ အကြောင်း ပြန်ကြား ခဲ့ပြီး ဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကာ အသေးစိတ်ကို ထုတ်ဖော် ပြောဆိုရန် ငြင်းဆို ခဲ့ပါသည်။
ထိုသို့ အစိုးရနှင့် တိုင်းရင်သား လက်နက်ကိုင် အဖွဲ့ တို့အကြား သဘောထား တင်းမာ လာသည့် အခြေအနေ အချို့ ရှိခဲ့ကာ UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အ ဖွဲ့ အချိုု့၌ အစိုးရ၏ စစ်ဆင်ရေး လုပ်ရပ်အား ရှူံ့ချ၍ ဖိအားပေးသည့် အနေဖြင့် ဆက်လက် တွေ့ဆုံ ဆွေးနွေး မှုကို ရပ်တန့် ထားရန် သဘောထား အချို့ ရှိခဲ့ကြောင်း ခွန်ဥက္ကာ က ပြောသည်။
သို့သော်လည်း တပြည်လုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်ရေး အဖွဲ့ (NCCT) အနေဖြင့် ထိုသို့ တွေ့ဆုံ ဆွေးနွေး မှုကို ရပ်ဆိုင်း ထားရန် သဘောထား မရှိကြောင်း ဗိုလ်မှူးကြီး ခွန် ဥက္ကာက ရွှေဟင်္သာ သတင်းဌာနအား အတိအလင်း ထုတ်ဖော် ပြောကြား ခဲ့သည်။