KNU ၏ ဒုတိယအကြိမ် ဗဟိုအမြဲတမ်း ကော်မီတီ အစည်းအဝေးပြီးဆုံး

KNU ၏ ဒုတိယအကြိမ် ဗဟိုအမြဲတမ်း ကော်မီတီ အစည်းအဝေးပြီးဆုံး
by -
ရွှေဟင်္သာ

ဒီဇင်ဘာ (၂) ရက်နေ့ မှ (၅)ရက်နေ့ အထိကျင်း ပသော ကရင် အမျိုးသား အစည်း အရုံး (KNU) ၏ဒုတိယ အကြိမ် ဗဟိုအမြဲ တမ်းကော်မီတီ အစည်းဝေး ကို ကရင်ပြည်နယ် လှိုင်းပွဲမြို့နယ် မှထိုင်းမြန် မာနယ်စပ်ရှိ လေးဝါး (လောခီးလာ) စခန်းတွင် ပြီးဆုံးသွား ခဲ့သည်ဟု အတွင်း ရေးမှူး (၂) ဖြစ်သူ ပဒိုမန်းမန်း ကဆိုပါ သည်။

“ ဒီအစည်း အဝေးကတော့ (၁၅) ကြိမ်မြောက် ညီလာခံပြီး တဲ့နောက် ဒုတိယ အကြိမ် စည်းဝေး တာဖြစ်ပါ တယ်။ ကိုယ်စား လှယ်အား လုံးပေါင်း (၄၅) ဦး လောက်တက် ပါတယ်။ အထူးသဖြင့် ပုံမှန်အစည်း အဝေး ဆိုတော့ အဖွဲ့ ရဲ့ကိစ္စ အပြင် လတ်တလော ဆုံးဖြတ်ရမည့် ကိစ္စတွေ ကိုဆွေးနွေး ခဲ့ကြတာပါ။ အစည်း အဝေးနဲ့ ပါတ်သက် တဲ့ကြေညာ ချက်ပါထုတ် ခဲ့ပြီးပြီးေ လ။” ဟုဆိုပါသည်။

ယင်းဆွေး နွေးပွဲတွင် (KNU) ၏ (၁၅) ကြိမ်မြောက် ညီလာခံ၏ လုပ်ငန်း စဉ်များကိုပြန်လည် သုံးသပ်ခြင်း၊ ဌာနဆိုင်ရာ လုပ်ငန်းများ သုံးသပ်ခြင်း၊ အစိုးရ တင်ပြ ထားသော တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ နှင့် ပါတ်သက် သောစာချုပ်ကို ဝေဖန် သုံးသပ်ခြင်း၊ထို့အတူ တိုင်းရင်း သားများ မှပြင်ဆင် ထားသော တနိုင်ငံလုံး အပစ် အခတ်ရပ် စဲရေးဆိုင်ရာ စာချုပ် မူကြမ်း ကိုဖြည့်စွက် အကြံပြု ဆွေးနွေး ခြင်း၊ အစိုးရ၏ သန်းကောင် စာရင်းကောက် ခံရေး ကိစ္စ၊ ဒုတိယ အကြိမ်လက်နက် ကိုင်တိုင်းရင်း သား အဖွဲ့များ၏ညီလာခံ ကိစ္စ များကို တင်ပြဆွေးနွေး အကြံပြုခဲ့ ကြသည် ဟုဆိုပါသည်။

KNU နယ်မြေ ထဲတွင်ကျင်း ပရန်ရှိသော လက်နက် ကိုင်တိုင်းရင်း သားအဖွဲ့များ ၏ဒုတိယ အကြိမ်ညီ လာခံကို မူလာမည့် ဒီဇင်ဘာ (၁၈-၁၉-၂၀) ရက်နေ့ တွင်၄င်းလေး ၀ါးခေါ် လောခီးလာ စခန်း၌ ကျင်းပ မည်ဖြစ်ပါသည်။

အစိုးရ၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းအား ဝေဖန်သုံးသပ် ရာတွင် ၄င်းစာချုပ်တွင် အသုံးပြုထား သော စကားလုံး များသည် အချိန်မတန် သေးသော စကားလုံးများကို အသုံးပြုခဲ့ ခြင်းကြောင့် လက်မခံနိုင်သော သ ဘောထားထက် တိုင်းရင်း သားလူမျိုးများ လက်ခံနိုင်သော စကားလုံးများဖြင့် အခြေအနေ အချိန်အခါနှင့် အညီအသုံး ပြုထားခြင်း မရှိကြောင်း ဝေဖန် သုံးသပ်ခဲ့ကြသည်။ KNU ၏ သဘောထားမှာမူ တိုင်းရင်းသားများ၏ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းရေးအဖွဲ့ (NCCT) ၏ အဆိုပြု စာချုပ် မူကြမ်းတွင် ၄င်းတို့၏ အမြင်များကို ဖြည့်စွက် ပြီးအကြံပြု တင်ပြ ခဲ့သည်ဟု ဆိုပါသည်။

သန်းခေါင်စာရင်းကောက် ယူရေး တွင်လည်း အစိုးရသည် လူမျိုးစု စရင်းများ ကို မျိုးနွယ်စု စာရင်းများဖြင့် အစိပ် စိပ်ခွဲ ထုတ်ပြီး နိုင်ငံရေး အရ အသုံးချ မည်ကို စိုးရိမ် နေကြကြောင်း ထောက်ပြ ကြပါသည်။

တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညှိ နှိုင်းရေးအဖွဲ့ (NCCT) သည် နိုင်ငံတော် လုံခြုံရေး ၀န်ကြီး ဦးအောင် မင်း ခေါင်း ဆောင်သော အစိုးရ MPC အဖွဲ့နှင့် ဒီဇင်ဘာ (၁၅) ရက်နေ့ ၀န်းကျင်တွင် တွေ့ဆုံ ဆွေးနွေး ရန် ရှိသေးသည်ဟု NCCT အဖွဲ ့ခေါင်းဆောင် နိုင်ဟံ ဟာက ဆိုပါသည်။  ဤသို့ကြောင့် လေးဝါးတွင် ကျင်းပရန် လျာထား သည့် တိုင်းရင်း သား ညီလာခံကို ဒီဇင်ဘာ (၁၈) ရက်နေ့သို့ ရွေ့ ထားရခြင်းဟု ဆိုပါသည်။

NCCT သည် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)၊ ၀ ပြည်သွေးစည်း ညီညွတ်ရေး အဖွဲ့ (UWSP)နှင့် မိုင်းလား အဖွဲ့များအား တွေ့ဆုံပြီး  ၄င်းတို့၏  တနိုင်ငံလုံး အတိုင်း အတာ အပစ် အခတ် ရပ်စဲရေး စာချုပ် မူကြမ်း အား ညှိနှိုင်း ခဲ့ကြပါသည်။

လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ အပါ၀င် ပြည် တွင်းပြည်ပမှ တိုင်းရင်း သား အဖွဲ့များနှင့် နိုင်ငံရေး ပါတီများ ၏ အ ကြံပြု ချက်ဖြင့် ပြင်ဆင် ထားသော တနိုင်ငံလုံးအပစ် အခတ် ရပ်စဲရေး စာချုပ်မူ ကြမ်းဖြင့် KNU နယ်ထဲမှ လေးဝါး စခန်း ညီလာခံ၌ ထပ်မံ အတည်ပြု ကြမည်ဖြစ် သည်။

ဤညီလာခံမှ ရရှိသော သမိုင်းဝင် “လေးဝါး” သဘောတူညီချက်ဖြင့် အစိုးရနှင့် ကျင်းပ ရန်ရှိသည့် ကရင်ပြည်နယ် ဖါးအံမြို့တော် ဆွေးနွေး ပွဲသို့ တင်ပြသွား မည်ဖြစ်ပါသည်။

Most read this week