စက်မှုဇုံ အလုပ်သမားများ သမဂ္ဂ MITU ပြန်လည်ဖွဲ့စည်း

စက်မှုဇုံ အလုပ်သမားများ သမဂ္ဂ MITU ပြန်လည်ဖွဲ့စည်း
by -
ရွှေဟင်္သာ

မြန်မာနိုင်ငံ စက်မှုဇုံ အလုပ်သမားများ သမဂ္ဂ (MITU) ကို ၂၀၁၂ ခုနှစ်ဒီဇင်ဘာလ(၁၆) ရက်နေ့က အဖွဲ့ဝင်အခြေခံသမဂ္ဂများမှ ကိုယ်စားလှယ်များခေါ်ယူ၍ တောင်ဒဂုံမြို့နယ်၊ နိကာယ်စာသင်တိုက်တွင် ပြန်လည် ဖွဲ့စည်းခဲ့သည်ဟု အ တွင်းရေးမှူးဖြစ်သူ ဦးအောင်သူက ဆိုသည်။

“MITU ပြန်လည်ဖွဲ့စည်းရခြင်း အကြောင်းကတော့ MITU ရဲ့ ယခင်ဥက္ကဌဖြစ်တဲ့ ဦးရဲကျော်သူမှာ သူက အဖွဲ့အစည်းက နေချမှတ်ထားတဲ့ စည်းမျည်း စည်းကမ်းတွေကို ချိုးဖောက်တဲ့အပေါ်မှာ အဖွဲ့အစည်း အလုပ်အမှုဆောင်များရဲ့အပြစ် ပေးအရေးယူတာကိုလည်း မခံယူပဲနဲ့ အခြေခံသမဂ္ဂ (၃) ခုကိုပါ ဂိုဏ်းခွဲစည်း ရုံးပြီးတော့ MITU ကနေတရားဝင်နှုတ်ထွက် သွားခဲ့တာကြောင့် အခုလို အခြေခံသမဂ္ဂကိုယ်စားလှယ်တွေ ခေါ်ပြီးတော့ ပြန်လည်ဖွဲ့စည်းရတာ ဖြစ်တယ်” ဟု ဆိုသည်။

စက်မှုဇုံ အလုပ်သမားများ သမဂ္ဂ MITU ပြန်လည်ဖွဲ့စည်း

ဤအစည်းအဝေးသို့ ယူနီကာလာ ဗလာစာအုပ် စက်ရုံ ၊ မြန်မာ့မဏ္ဍိုင် ပလပ်စတစ်လောင်းစက်ရုံ၊ မြန်မာဂလိုဂွန် အထည် ချုပ်စက်ရုံ၊ G.T.P ကွန်ဂရစ်တိုင်စက်ရုံ၊ SoGo မီးခလုတ်စက်ရုံ၊ ဒဂုံ နှင့် ကိုကို ဗလာစာအုပ် စက်ရုံ ၊TEFEL ပီနံအိတ် စက် ရုံ၊ Asia World ပီနံအိတ်စက်ရုံ၊ Asia World စက္ကူစက်ရုံ များရှိ အခြေခံ အလုပ်သမားသမဂ္ဂများမှ ကိုယ်စားလှယ်ပေါင်း (၆၀) ကျော် တက်ရောက်ခဲ့သည်ဟု ဆိုသည်။

အစည်းအဝေးကို နေ့လည် (၁၁း၃၀) နာရီတွင်ကျင်းပခဲ့ပြီး ကိုယ်စားလှယ်ပေါင်း (၆၀) မှ အလုပ်အမှုဆောင် (၁၅) ဦး ရွေးချယ်ခဲ့သည်။ ရွေးချယ်ခဲ့သော အလုပ်အမှုဆောင်များမှာ မခင်နှင်းမိုး၊ ကိုအောင်သူ၊ ကိုမိုးဆွေ၊ ကိုအောင်သူ၊ မဝင်းဝင်းလှိုင်၊ ဒေါ်သန်းသန်းအေး၊ မလင်းစန္ဒာအောင်၊ ကိုရဲလင်းထက်၊ ကိုအောင်ထူး၊ ကိုအောင်အောင်ဦး၊ ဦးစောနေဝင်း၊ ဦးဝဏ္ဍ၊ ဦးစောဂျက်စပဲရိုးလ်၊ က်ိုနိုင်မျိုးထက်နှင့် ကိုခန့်သူတို့ ဖြစ်ကြ သည်။

အလုပ်အမှုဆောင် (၁၅) ဦးအတွင်းမှလှို့ဝှက်မဲပေးစနစ်ဖြင့် ဥက္ကဌ-မခင်နှင်းမိုး၊ဒု-ဥက္ကဌ (၁) ကိုမျိုးသိန်း၊ ဒု-ဥက္ကဌ (၂) ကိ်ုမိုးဆွေ၊ အထွေထွေအတွင်းရေးမှူး- ဦးအောင်သူ၊ တွဲဘက်အတွင်းရေးမှူး-မလင်းစန္ဒာအောင်၊ ဘဏ္ဍာရေးမှူး- မဝင်းဝင်းလှိုင်၊ စာရင်းစစ်- ဒေါ်သန်းသန်းအေးတို့ကို တက်ရောက်လာကြသော အခြေခံသမဂ္ဂအသီးသီး၏ ကိုယ်စားလှယ်များမှ ရွေးခြယ် တင်မြှောက်ခဲ့ကြသည်။

“ကျွန်တော်တို့တွေက စုပေါင်းခေါင်းဆောင်မှု အသွင်သဏ္ဍာန်နဲ့ သွားနေတာပါ..ငါဥက္ကဌ ငါလုပ်ချင်ရာ လုပ်မယ်ဆိုရင် တော့ ဒါဟာ အာဏာရှင်ဆန်နေပါတယ်. ကျွန်တော်တို့ MITU နဲ့ MITU အဖွဲ့ဝင်သမဂ္ဂတွေဟာ လွတ်လပ်တဲ့ သမဂ္ဂ ကျွန်တော်တို့အလုပ်သမားတွေ အခြေခံလူတန်းစားတွေရဲ့ အခွင့်အရေး ရကိုရရမယ်ဆိုတဲ့ ယုံကြည်ချက်တစ်ခုနဲ့ပဲ အလုပ်လုပ်နေကြတာပါ”…ဟု ဦးအောင်သူက ဆိုသည်။

မြန်မာနိုင်ငံ စက်မှုဇုံ အလုပ်သမားများ သမဂ္ဂ MITU ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၂၇) ရက်နေ့တွင် ညီလာခံခေါ်ယူ ခဲ့ပြီး၊၂၀၁၁ ခုနှစ် နိုဝင်ဘာ (၂၉) ရက်နေ့တွင် နေပြည်တော် အလုပ်သမားဝန်ကြီးဌာနသို့ မှတ်ပုံတင်လျှောက်ထားခဲ့သော အဖွဲ့အစည်းများ ဖြစ်သည်။

Most read this week