မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လက်ပံတောင်းတောင် ရှင်းလင်းပွဲ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လက်ပံတောင်းတောင် ရှင်းလင်းပွဲ
by -
ရွှေဟင်္သာ

လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်၍ တရုတ််နိုင်ငံ၏ သဘောထားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြည်တွင်း ပြည်ပ မီဒီယာများနှင့် ရှင်းလင်းပွဲတရပ် ပြုလုပ် ခဲ့သည်။ ရှင်းလင်းပွဲကို ယနေ့နံက် ၉ နာရီ ၃၀ မိနစ် မှစ၍ ၁၁ နာရီ ၃၀ မိနစ် အချိန်အထိ တရုတ်သံရုံး၌ ကျင်းပခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဆောင်သော လက်ပံတောင်းတောင် စုံစမ်းရေး ကော်မရှင်၏ ဆုံးဖြတ်ချက်ကို ၄င်းတို့နိုင်ငံအနေဖြင့် စောင့်မျှော်နေကြောင်း၊ မှန်ကန် မျှတသည့်အတိုင်း အဖြေ ထွက်လာလျှင် လက်မခံနိုင်စရာအကြောင်းမရှိဟု တရုတ်သံအမတ်ကြီး လီကျွင်းဟွာက ရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

ကြေးနီစီမံကိန်းနှင့် ပက်သက်သော အကျိုးအမြတ်ခွဲဝေမှုတွင် ထုတ်လုပ်သည့် ပစ္စည်းအပေါ်၌ ခွဲဝေခြင်းဖြစ်ပြီး မြန်မာ ပြည်ဘက်မှ အကျိုးအမြတ် ပိုမိုရရှိကြောင်း မြန်မာနိုင်ငံအစိုးရဘက်က ၁၆.၈ ရာခိုင်နှုန်း ဦးပိုင် ကုမ္မဏီက ၁၃.၈ ရာခိုင်နှုန်း ၀မ်ပေါင် ကုမ္မဏီက ၁၃.၃ ရာခိုင်နှုန်း ခွဲဝေရရှိမှာ ဖြစ်ကြောင်း ရင်းနှီးမြုပ်နှံမှုကိုတော့ ၀မ်ပေါင် ကုမ္မဏီ တစ်ဖက်ထဲကပဲ ရင်းနှီးမြုပ်နှံတာဖြစ်ကြောင်း သံအမတ်ကြီး လီကျွန်ဟက ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံသားများ မြန်မာပြည်ထဲကထွက်ဆိုတဲ့ စကားတွေ ကြားနေရလို့ သူ့အနေနဲ့ စိတ်မကောင်း ဖြစ်မိပါကြောင်း တရုတ်နိုင်ငံသား တွေကို မြန်မာနိုင်ငံမှာ မနေစေချင်ဘူးဆိုရင် သံအမတ်ကြီး ဖြစ်တဲ့ ကျွန်တော်လည်း အလုပ်လက်မဲ့ ဖြစ်သွားတော့မှာပါ။”ဟု ပြောကြားခဲ့ကြောင်း သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ မြန်မာနိုင်ငံဘက်က ကျင့်သုံးနေတဲ့ ဥပဒေများနဲ့ ကိုက်ညီမှုရှိ ကြောင်း မြန်မာနိုင်ငံရဲ့ မြေယာဥပဒေအရ လယ်ယာမြေ တစ်ဧကအတွက် လျော်ကြေး မြန်မာကျပ်ငွေ ငါးထောင် ဖြစ်ကြောင်း ၀မ်ပေါင်ကုမ္မဏီက ညှိနှိုင်းပြီး ဒေသခံများရဲ့ တောင်းဆိုချက် ပေါ်မူတည်ပြီး တစ်ဧကကို မြန်မာ ကျပ်ငွေ ငါးသိန်းငါးသောင်း ပေးခဲ့ကြောင်း စီမံကိန်းကြောင့် သိန်းတဲ့မြေဧက ခြောက်ထောင်ကျော်ရှိကြောင်း စုစုပေါင်း လျော်ကြေးငွေ အမေရိကန်ဒေါ်လာငါးသန်းကျော် ပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ် သံအမတ်ကြီး လီကျွန်ဟွာ က ဆိုသည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ ဒေသခံလူထုတွေ သိရှိမှု နည်းခဲ့တာကြောင့် စီမံကိန်းအပေါ် အထင်လွဲနေတာ ဖြစ်နိုင်ကြောင်း ပြောဆိုလိုက်ပြီး တရုတ် အစိုးရအနေနဲ့ ယုံကြည်မှု အားကောင်းတဲ့ သစ္စာရှိတဲ့ ကုမ္မဏီတွေကို မြန်မာပြည်တွင်းမှာ လုပ်ခွင့်ပေးကြောင်း၊ ပြည်သူတွေ အနေနဲ့ မှန်ကန်တဲ့ တောင်းဆိုချက်တွေရှိရင် မှန်ကန်တဲ့ လမ်းကြောင်းက တစ်ဆင့် တင်ပြနိုင်သည်ဟုလည်း ဆိုသည်။

ထို့အပြင် သတင်းနဲ့ပက်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ဒေသ ခံပြည်သူတွေ မသိရှိတာကြောင့် အထင်လွဲနေကြောင်း စီမံကိန်းကို ရပ်ဆိုင်းလိုက်မယ်ဆိုရင် နောက်ပိုင်း လာရောက် ရင်းနှီးမြုပ်နှံမယ့် ကုမ္မဏီ တွေ အတွက် ကောင်းကျိုးမရှိနိုင်ကြောင်း ဆက်လက် ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီနဲ့လည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ကြောင်း မပြောချင်တဲ့ လျို့ဝှက်ချက်ဆိုတာလည်း မရှိပါကြောင်း လက်ပံတောင်းတောင် အကြမ်း ဖက် ဖြိုခွင်း တဲ့နေရာမှာ သုံုးခဲ့ တဲ့ဗုံးဟာ ၀မ်ပေါင်ကုမ္မဏီက ပေးတယ်လို့ သူ့အနေနဲ့မယူဆကြောင်းမြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး လီကျွန်ဟွာက ဆိုသည်။

ထို့အပြင် တရုတ်မြန်မာဆက်ဆံရေး အပေါ်၌လည်း မြန်မာပြည်သူအချို့၏ လက်ရှိသဘောထားအပေါ် စိတ်မကောင်း ဖြစ်မိပါကြောင်းနှင့် အဘယ့်ကြောင့် ထိုကဲ့သို့ ဖြစ်ရခြင်းအပေါ် နှစ်နှစ်ကျော်ကြာသည်အထိ စဉ်းစား၍ မရဟုလည်း ဆိုသည်။ ထို့နောက် မြန်မာမီဒီယာများအပါအဝင် ပြည်ပမီဒီယာများ၏ မေးမြန်းချက်များကို သံအမတ်ကြီးက ပွင့်လင်းစွာဖြေကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

Most read this week