ရွေးကောက်ပွဲဝင်တိုင်းရင်းသားနိုင်ငံရေးပါတီ(၅)ပါတီမှ လာမည့် ၂၀၁၁ နှစ်ကုန်လောက်တွင် ကျင်းပမည့် ကြားဖြတ် လွှတ်တော် ရွေးကောက်ပွဲ တွင်ပါ၀င် ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင် ဆင်နေ ပြီး ဟုမွန်ဒေသလုံး ဆိုင်ရာဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိန်းမှပြောပါသည်။
ဤကဲ့သို့ဝင်ရောက်ယှဉ်ပြိုင်အရွေးခံရန်အတွက် တိုင်းရင်းသားနိုင်ငံရေးပါတီ(၅)ပါတီမှသဘောတူညီချက်ရ ရှိထားပြီးဟု မွန်ပါတီဥက္ကဌနိုင်ငွေသိန်းမှ ယခုလို ပြောသည်။
“ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ပါ၀င်ပြီးတော့ယှဉ်ပြိုင်ဖို့အစီအစဉ်ရှိပါတယ်။ တိုင်းရင်းသားပါတီတစ်ခုက ဒီရွေးကောက်ပွဲ မှာဝင်ပြီးမယ်ဆိုလို့ရှိရင်အပြိုင်ပြီး တော့ မဝင်ကျဘူး။ ဥပမာမွန်မှာတစ်နေရာ လပ် တယ်။ မွန်ကဝင်မယ်ဆိုလို့ရှိရင်ကျန်တဲ့ တိုင်းရင်းသားပါတီတွေကယှဉ်ပြိုင်ပြီးတော့ မဝင်တော့ဘူး။
သို့သော်ဝိုင်းဝန်းကူညီ အတတ်နိုင်ဆုံးပံ့ပိုးပေးမယ်ဆိုတာက အဲဒီလိုညှိကြတယ်။” ရွေးကောက်ပွဲဝင်ပြည်တွင်း တိုင်းရင်းသားနိုင်ငံရေးပါတီ(၅)ဖွဲ့ဖြစ်သည့်ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီနှင့် မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီ ပါတီတို့သည် ဇွန်လဆန်းတွင်တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ပြီးဟု မွန်ပါတီဥက္ကဌနိုင်ငွေသိန်းမှ ပြောသည်။ ကြားဖြတ် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည့် တိုင်းရင်းသားနိုင်ငံရေးပါတီထဲတွင်ရှမ်းတိုင်းရင်းသား များဒီမိုကရက်တစ်ပါတီမှ အများဆုံးဝင်ရောက်ပါ၀င်ယှဉ်ပြိုင်မည်ဟု မွန်ပါတီဥက္ကဌနိုင်ငွေသိန်းမှ ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင်ကနေ ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အမျိုးသား လွှတ် တော်နဲ့ပြည်သူ့လွှတ်တော်တွင်လစ်လပ်သွားသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ မဲဆန္ဒနယ်မြေ စာရင်းအတိအကျကို ထုတ်ပြန်ခြင်းမရှိသေးချေ။ (၂၀၁၁)ခုနှစ်၊ အောက်တိုဘာ သို့မဟုတ်နိုဝင်ဘာလလောက် တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်လိမ့်မည်ဟုပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင်ဥက္ကဌ ဟောင်းဦးသိန်းစိုးမှ ပြီးခဲ့သည့်ပြည်သူ့လွှတ် တော် အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။
(၂၀၁၀)ခုနှစ်၊ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒီမိုကရက်တစ်အင်အားစုနိုင်ငံရေးပါတီများ တိုင်းရင်းသားနိုင်ငံရေးပါတီ၊ စုစုပေါင်း(၁၁)ပါတီနှင့် ပူးပေါင်းဖွဲ့စည်းထားသော ဒီမိုကရေစီမိတ်ဆွေပါတီ အဖွဲ့သည် ကြားဖြတ်ရွေး ကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက်ကြားဖြတ်ရွေးကောက်ပွဲ ဆိုင်ရာ ကော်မတီ တရပ်ကိုဖွဲ့စည်းလုပ်ဆောင်နေ သည်ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏ဥက္ကဌနိုင်ငွေသိန်း ပြောပါသည်။