ကြားဖြတ်လွှတ်တော် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန်် တိုင်းရင်းသား နိုင်ငံရေးပါတီများမှ ပြင်ဆင်

ကြားဖြတ်လွှတ်တော် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန်် တိုင်းရင်းသား နိုင်ငံရေးပါတီများမှ ပြင်ဆင်
by -
မိစန္ဒာဦး

ရွေးကောက်ပွဲဝင်တိုင်းရင်းသားနိုင်ငံရေးပါတီ(၅)ပါတီမှ လာမည့် ၂၀၁၁ နှစ်ကုန်လောက်တွင် ကျင်းပမည့် ကြားဖြတ် လွှတ်တော် ရွေးကောက်ပွဲ တွင်ပါ၀င် ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင် ဆင်နေ ပြီး ဟုမွန်ဒေသလုံး ဆိုင်ရာဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိန်းမှပြောပါသည်။

ဤကဲ့သို့ဝင်ရောက်ယှဉ်ပြိုင်အရွေးခံရန်အတွက် တိုင်းရင်းသားနိုင်ငံရေးပါတီ(၅)ပါတီမှသဘောတူညီချက်ရ ရှိထားပြီးဟု မွန်ပါတီဥက္ကဌနိုင်ငွေသိန်းမှ ယခုလို ပြောသည်။

Nai_Ngie_Htein“ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ပါ၀င်ပြီးတော့ယှဉ်ပြိုင်ဖို့အစီအစဉ်ရှိပါတယ်။ တိုင်းရင်းသားပါတီတစ်ခုက ဒီရွေးကောက်ပွဲ မှာဝင်ပြီးမယ်ဆိုလို့ရှိရင်အပြိုင်ပြီး တော့ မဝင်ကျဘူး။ ဥပမာမွန်မှာတစ်နေရာ လပ် တယ်။ မွန်ကဝင်မယ်ဆိုလို့ရှိရင်ကျန်တဲ့ တိုင်းရင်းသားပါတီတွေကယှဉ်ပြိုင်ပြီးတော့ မဝင်တော့ဘူး။

သို့သော်ဝိုင်းဝန်းကူညီ အတတ်နိုင်ဆုံးပံ့ပိုးပေးမယ်ဆိုတာက အဲဒီလိုညှိကြတယ်။” ရွေးကောက်ပွဲဝင်ပြည်တွင်း တိုင်းရင်းသားနိုင်ငံရေးပါတီ(၅)ဖွဲ့ဖြစ်သည့်ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီနှင့် မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီ ပါတီတို့သည် ဇွန်လဆန်းတွင်တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ပြီးဟု မွန်ပါတီဥက္ကဌနိုင်ငွေသိန်းမှ ပြောသည်။  ကြားဖြတ် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည့် တိုင်းရင်းသားနိုင်ငံရေးပါတီထဲတွင်ရှမ်းတိုင်းရင်းသား များဒီမိုကရက်တစ်ပါတီမှ အများဆုံးဝင်ရောက်ပါ၀င်ယှဉ်ပြိုင်မည်ဟု မွန်ပါတီဥက္ကဌနိုင်ငွေသိန်းမှ ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင်ကနေ ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အမျိုးသား လွှတ် တော်နဲ့ပြည်သူ့လွှတ်တော်တွင်လစ်လပ်သွားသည့်  လွှတ်တော်ကိုယ်စားလှယ်များ၏ မဲဆန္ဒနယ်မြေ စာရင်းအတိအကျကို ထုတ်ပြန်ခြင်းမရှိသေးချေ။ (၂၀၁၁)ခုနှစ်၊ အောက်တိုဘာ သို့မဟုတ်နိုဝင်ဘာလလောက် တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်လိမ့်မည်ဟုပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင်ဥက္ကဌ ဟောင်းဦးသိန်းစိုးမှ ပြီးခဲ့သည့်ပြည်သူ့လွှတ် တော် အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။

(၂၀၁၀)ခုနှစ်၊ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့်  ဒီမိုကရက်တစ်အင်အားစုနိုင်ငံရေးပါတီများ တိုင်းရင်းသားနိုင်ငံရေးပါတီ၊ စုစုပေါင်း(၁၁)ပါတီနှင့် ပူးပေါင်းဖွဲ့စည်းထားသော ဒီမိုကရေစီမိတ်ဆွေပါတီ အဖွဲ့သည် ကြားဖြတ်ရွေး ကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက်ကြားဖြတ်ရွေးကောက်ပွဲ ဆိုင်ရာ ကော်မတီ တရပ်ကိုဖွဲ့စည်းလုပ်ဆောင်နေ သည်ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏ဥက္ကဌနိုင်ငွေသိန်း ပြောပါသည်။

Most read this week