ကယားပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးဌာနအလိုက် သက်ဆိုင်သည့် ဥပဒေမှုကြမ်းများကို လွှတ်တော်တွင် ရေးဆွဲတင်ပြနိုင်ရန် စတင်ဆောင်ရွက်လျက် ရှိနေပြီဖြစ်ကြောင်း ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးဦးပိုးရယ်ရန်အောင်က ပြောသည်။
"ဒီဥပဒေကောင်းသလား ပိုသလား လိုသလားဆိုတာ စပြီးပြင်ဆင်နေတာပေါ့ ကျနော့် ကဏ္ဍမှာဆိုရင် စိုက်ပျိုးရေးရှိမယ်" ဟု ဝန်ကြီးက ပြောသည်။
စိုက်ပျိုးနှင့်မွေးမြူရေးဝန်ကြီးဌာနအနေဖြင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ဥပဒေကြမ်းကို ရေဆွဲပြီး ကယားပြည် နယ်တွင် မည်သို့ လုပ်ဆောင်သင့်သည်ဆိုသည့်အကြောင်း၊ မြေသြဇာနှင့် သဘာဝ ထိန်းသိမ်းစောင့်ရှောင့်ရမည့် သစ်တောကဏ္ဍာများ စတင်ပြင်ဆင်နေပြီဖြစ်သည်ဟု သိရသည်။
ဥပဒေကြမ်းများကြိုတင်ရေဆွဲပြင်ဆင်နိုင်ရေးကိစ္စနှင့် ပတ်သက်၍ ဥပဒေကြမ်းများရေး ဆွဲနိုင်ရန် ပြည်နယ် ဝန်ကြီးများနှင့် သက်ဆိုင်ရာဥပဒေကြမ်းကော်မတီအဖွဲ့ဝင်များက ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမတွင် သြဂုတ်လ ၁၅ ရက်နေ့၌ အစည်းအဝေးတရပ် ကျင်းပခဲ့ကြသည်ဟု သိရသည်။
"ကယားပြည်နယ်အတွက် သင့်လျော်တဲ့ ဥပဒေကြမ်းရေဆွဲဖို့ လွှတ်တော်တင်ပြဖို့ အစည်းအဝေး လုပ်သွား တာပါ။ ခေါင်းစဉ်တွေ ချပေးတယ် ခေါင်းစဉ်တွေနဲ့အညီ ဝန်ကြီးဌာနတွေမှာ ကိုယ့်ဌာနနဲ့ကိုက်ညီမယ့် ဥပဒေတွေတင်ပြမယ်ပေါ့" ဟု ဝန်ကြီးဦးပိုးရယ်ရန်အောင်က ပြောသည်။
ဥပဒေကြမ်းများ ကြိုတင်ပြင်ဆင်ရန် အစည်းအဝေးကိစ္စနှင့်ပတ်သက်၍ ပြည်နယ် လွှတ်တော် ဥက္ကဌဖြစ်သူ ဦးကျော်ဆွေက "ဒီနေ့ ကျနော်တို့ ဥပဒေကြမ်း ကော်မတီကိုယ်စားလှယ်တွေ၊ ဝန်ကြီးတွေကနေ လာမည့် လွှတ်တော်အစည်းအဝေးမှာ ဘာတွေဆွေးနွေးကြမလဲဆိုတာ ကြိုတင် ပြင်ဆင်ထားခိုင်းဖို့ပါပဲ။ တခြားဒီထက်ပိုပြီးတော့ ကြိုပြောလို့မရသေးပါဘူး" ဟုပြောသည်။
"ကယားပြည်နယ်အတွက် သင့်လျော်တဲ့ ဥပဒေကြမ်းရေဆွဲဖို့ လွှတ်တော်တင်ပြဖို့ အစည်းအဝေးလုပ်သွား တာပါ။ ခေါင်းစဉ်တွေ ချပေးတယ် ခေါင်းစဉ်တွေနဲ့အညီ ဝန်ကြီးဌာနတွေမှာ ကိုယ့်ဌာနနဲ့ကိုက်ညီမယ့် ဥပဒေတွေတင်ပြမယ်ပေါ့" ဟု ဝန်ကြီးဦးပိုးရယ်ရန်အောင်က ပြောသည်။
ပထမအကြိမ် ကယားပြည်နယ်လွှတ်တော် အဋ္ဌမအကြိမ် ပုံမှန်အစည်းအဝေးကို စက်တင်ဘာလ ၅ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်သည့်အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်နယ်ဝန်ကြီးများက ဆွေးနွေးတင်ပြလိုကြသည့် ဌာနဆိုင်ရာ ဥပဒေကြမ်းများကို စတင်ကြိုတင်ပြင်ဆင်နေကြကြောင်း သိရသည်။