စိတ်မနှံ့သူ ကိုယ့်အိမ်ကိုကိုယ် မီးရှို့ရာမှ နေအိမ် ၁၅ လုံး မီးလောင်

စိတ်မနှံ့သူ ကိုယ့်အိမ်ကိုကိုယ် မီးရှို့ရာမှ နေအိမ် ၁၅ လုံး မီးလောင်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ တောင်ရှည်ပြင်ကျေးရွာတွင် စိတ်မနှံ့သူတစ်ဦးမှ ဖေဖော်ဝါရီလ ၁၃ရက်နေ့၊ ညနေ ၄ နာရီခန့်က ကိုယ့်အိမ်ကို ကိုယ် မီးရှိှု့ရာမှ အနီးအနားရှိ နေအိမ်များသို့  ကူးစက်ပြီး အိမ် ၁၅လုံး မီးလောင်သွားခဲ့ပြီး လူပေါင်း ရဝ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ကြောင်းသည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ကပြောသည်။

“အိမ်၁၅ ဆောင်၊ လူ ရ၀ အိုးမဲ့ အိမ်မဲ့ ဖြစ်သွားပါတယ်။ သူတို့တွေကို အခုလောလောဆယ်မှာ နီးစပ်ရာဆွေမျိုးအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ယာယီနေရာချထားပါတယ်။ ဒီနေ့တော့ ကျွန်တော်တို့ တစ်အိမ်ထောင်ကို ဆန်တစ်အိတ်စီ သွားထောက်ပံ့ခဲ့ပါတယ်”ဟု ဦးအောင်နိုင်က နိရဥ္စရာသို့ ပြောသည်။

အိုးအိမ်မဲ့ဖြစ်နေရသူများ အထဲတွင် အသက် ၁၂ နှစ်အောက် ကျား ၉ ဦးနှင့် မ ၁၄ ဦး၊  ၁၂ နှစ်အထက် ကျား ၂၄ ဦးနှင့် မ ၂၅ ဦး၊ စုစုပေါင်း ရ၂ ဦးဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။

“ဒီရွာက မြို့နဲ့အလှမ်းဝေးတော့ မီးသတ်ကားတွေလာမယ်ဆိုလည်း နှစ်နာရီလောက်ကြာတယ်။ အခုတောင်မှ ရွာသားတွေ ဝိုင်းဝန်း ငြိမ်းသတ်လိုက်လို့သာ အခုလောက်နဲ့ငြိမ်းသွားတာ”ဟု ဒေသခံ ဦးသိန်းဇံက ပြောသည်။

ယခုဖြစ်စဉ်ကြောင့် အိိုးမဲ့အိမ်မဲ့ဖြစ်နေကြသူများကို မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် လူမှုအသင်းအဖွဲ့များက ကူညီထောက်ပံ့ ပေးလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်ကျူးလွန်သည့် အသက် ၃၈ နှစ်အရွယ်ရှိ စိတ်မနှံ့သော ရွာသားကို နယ်မြေခံရဲကဖမ်းဆီးကာ အမှုဖွင့် အရေးယူထားကြောင်းလည်း မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

Most read this week