ယာဉ်ထိန်းရဲတွေ ပညာအရည်အချင်းသာမက အရပ်အမောင်းပါ မြှင့်မည်

ယာဉ်ထိန်းရဲတွေ ပညာအရည်အချင်းသာမက အရပ်အမောင်းပါ မြှင့်မည်
by -
နိရဥ္စရာ

မြန်မာ ယာဉ်ထိန်း ရဲတွေကို ပညာ အရည်အချင်းသာမက အရပ်အမောင်း ကောင်းတဲ့ သူတွေကိုသာ ရွှေးချယ် ခန့်အပ်နေတယ်လို့ သတင်းတွေ ရရှိပါတယ်။

မြန်မာ ယာဉ်ထိန်းရဲ တစ်ဦးဟာ အနည်းဆုံး အရပ် ၅ ပေ ၆ လက်မ ခန့် ရှိရမှာ ဖြစ်ပြီး ခန္ဓာ အချိုးအစားလည်း  ပြေပြစ်ဖို့ လိုတယ်လို့ ဆိုပါတယ်။

ပညာ အရည်အချင်းကတော့ အခြေခံ ပညာ အထက််တန်း အဆင့် သတ်မှတ်ထားပြီး အခြေခံ ပညာ အထက်တန်း အဆင့်ကနေ ဘွဲ့ရ ပညာတတ်တွေ အထိ ခန့်အပ်နေတယ်လို့လည်း ဆိုပါတယ်။

ခုလို ပြုပြင် ပြောင်းလဲ ဖွဲ့စည်းနေတာကတော့ အာစီယံနိုင်ငံများနဲ့ ရင်ဘောင်တန်းနိုင်ရန် အတွက် ပြုပြင် ပြောင်းလဲ ဖွဲ့စည်းနေတာ ဖြစ်တယ််လို့ ရဲတာဝန်ရှိသူတွေက ဆိုပါတယ်။

၀တ်စားဆင်ယင်မူက အစ ဦးထုပ်ကိုလည်း Cup ဦးထုပ်များကို ပြောင်းလဲတပ်ဆင်ပေးနေတယ်လို့ ပြောပါတယ်။

ခုလို မြန်မာ ယာဉ်ထိန်းရဲတွေကို အာစီယံနိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်အောင် ပညာအရည်အချင်း၊ အရပ်အမောင်း၊ ယူနီဖေါင်းနဲ့ ၀တ်စားဆင််ယင်မူက အစ ပြုပြင်းပြောင်းလဲ ပေးနေသလို သူတို့ရဲ့ လစာတွေကိုလည်း အာစီယံနိုင်ငံတွေလို မြှင့်တင်ပေးဖို့ လိုအပ်တယ်လို့  ပြောဆိုနေသံတွေလည်း ထွက်ပေါ်နေပါတယ်။

Most read this week